Skip to main content

How to write a better personal statement for scholarship?



ပညာသင်ဆုအတွက် ပိုမိုကောင်းမွန်သော မိမိအကြောင်း(personal statement)ကို မည်သို့ရေးနိုင်မည်နည်း။

ပညာသင်ဆုဆိုတာ မည်သည့်ပညာရေးအဆင့်တွင်မဆို ပညာသင်ကြားနေသော ကျောင်းသားတိုင်းအတွက် ရတနာတပါးပင်​ဖြစ်သည်။  ဤဆောင်းပါးတွင် နိုင်ငံတော်အစိုးရ၏ ပညာတော်သင်ပဲ ဖြစ်ဖြစ် နိုင်ငံတကာ ပညာသင်ဆုအတွက်ပဲဖြစ်ဖြစ် မိမိလျှောက်ထားမည့် မည်သည့်ပညာရေးတက္ကသိုလ်အတွက်မဆို မိမိအကြောင်းကို ရေးသားရန် လွယ်ကူသော အကြံပြုချက်အချို့ကို ဆွေးနွေးပါမည်။


.(က)ကျောင်းသားတိုင်း ဘာကြောင့် ပညာသင်ဆုရချင်တာလဲ?

 - ကျောင်းသားတိုင်းသည် မိမိနှစ်သက်သော ပညာရေးတက္ကသိုလ်တွင် ပညာဆည်းပူးလိုသောကြောင့် ပညာသင်ဆုရလိုကြသည်။သို့သော်လည်း မိမိရွေးချယ်မည့် တက္ကသိုလ်သည် မိမိအားအထောက်အပံ့ပေးသော မိဘအုပ်ထိမ်းသူများးအတွက် ကုန်ကျစရိတ် အလွန်ကြီးမားနေပြီး ဒါမှမဟုတ် မိမိဝင်ငွေဖြင့် ကိုယ်တိုင်ကုန်ကျခံ ပညာဆည်းပူးလိုသော တစ်ချို့သော ကျောင်းသားများအတွက်လည်း လက်လှမ်းမမီသော ကုန်ကျစရိတ် ဖြစ်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့်   ကျောင်းသားတစ်ဦးသည် ပညာသင်ဆုရပါမှ မိဘအုပ်ထိန်းသူ နှင့် ကျောင်းသားနှစ်ဦးစလုံးအတွက် အကျိုးရှိစေမည့် ငွေကြေးအကူအညီဖြင့် ပံ့ပိုးပေးနိုင်မည်​​ဖြစ်သည်။

 

(ခ)ကျောင်းသားတစ်ဦးသည် ပညာသင်ဆု မည်သို့ရနိုင်သနည်း?

 - ကျောင်းသားတစ်ဦးသည် ၄င်းတို့လျှောက်ထားလိုသော တက္ကသိုလ်ကို ပညာရေးဆိုင်ရာ အဖွဲ့အစည်းများထံမှ ပညာသင်ဆုလျှောက်ထားခြင်းဖြင့် ပညာသင်ဆုရနိုင်သည်။  ပညာရေးဆိုင်ရာအဖွဲ့အစည်းများသည် မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်း ကျောင်း၊ ကောလိပ်၊ အစိုးရတက္ကသိုလ် သို့မဟုတ် ပုဂ္ဂလိကအဆင့် တစ်ခုခုဖြစ်နိုင်သည်။ 

လျှောက်လွှာရှင်များသည်  ပညာသင်ဆုချီးမြင့်မည့် အဖွဲ့အစည်းများမှ သတ်မှတ်ထားသော အရည်အချင်း စံနှုန်း(eligibility)ပြည့်မီရန် မိမိ ကိုယ်ရေးကိုယ်တာကို လွှမ်းခြုံသော ဖော်ပြချက်ကို ဦးစွာရေးသားရန် လိုအပ်သည်။ သို့မှသာ လိုအပ်ချက်(Requirement) နှင့် အရည်အချင်း စံနှုန်း(eligibility)တို့နှင့် ကိုက်ညီသော လျှောက်လွှာရှင်များကို ပညာတော်သင်ဆုအား ပေးအပ်လေ့ရှိသည်။

.

  (ဂ) မိမိအကြောင်း ဖော်​​ပြချက်(personal statement) ဆိုတာ ဘာလဲ?

 -  ပညာသင်ဆုအတွက် မိမိအကြောင်း ဖော်ပြချက်ဆိုသည်မှာ ရိုးရှင်းသောစကားလုံး အသုံးအနှုန်းဖြင့် ပညာသားပါပါရေးသားသော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတစ်ခုဖြစ်သည်။  

 - ကိုယ်ရေးကိုယ်တာဖော်ပြချက်တွင်  မိမိ အကြောင်း၊ မိမိ၏ ဉာဏ်ရည်ဉာဏ်သွေး(intellectual capabilities)နှင့် အစွမ်းအစ(skills)များအကြောင်းကို အခြေခံ၍ ရေးရပါမည်။

-  သင့်အား ပညာသင်ဆုပေးမည့် ပညာရေးဆိုင်ရာအဖွဲ့အစည်းများ၏ ရည်ရွယ်ချက်ကို ထိမိ​ေစနိုင်သော ​အရေးအသားဖြင့် ၄င်းတို့မှ ယုံကြည်လက်ခံလာစေရန်နှင့် ပညာသင်ဆု ချီးမြင့် လာစေချင်အောင်  ခြုံငုံရေးသားရန် လိုအပ်ပါသည်။

မိမိ၏ ပညာတော်သင်ဆု ရရှိရန် အခွင့်အရေး ၈၀%ထိ သေချာစေရန် မိမိအကြောင်း ဖော်ပြချက်ကို ပြည့်ပြည့်စုံစုံ မည်သို့ရေးရမည်ကို သိထားသင့်သည်။ အဆိုပါဖော်ပြချက်ကို ပိုမိုကောင်းမွန်စေမည့် အကြံပြုချက်အချို့နှင့် ပရိယာယ်အချို့ကို အောက်တွင် ဆွေးနွေးတင်ပြပါမည်။


၄င်းအချက်များကတော့.......

(၁) ​ေဖ​ာ်​ြပ​ချက်တွင် ပါဝင်ရမည့် အချက်အလက် ဖွဲ့စည်းပုံ

(၂)  အမှား သို့မဟုတ် သဒ္ဒါအမှားများ မပါစေပါနဲ့။

(၃) သင့်ရဲ့ ရည်မှန်းချက် ပန်းတိုင် အကြောင်းအရာ 

 (၄)ဖော်ပြချက်၏ အကြောင်းအရာများ ခိုင်လုံစစ်မှန်မှု။

(၅) သင်၏ GPA(တက္ကသိုလ် ဝင်တန်းစာမေးပွဲ အမှတ်စာရင်း) အပြင် အခြားအရည်အချင်းများ ဖော်ပြမှု။

(၆) လုပ်ငန်းတွေ့အကြုံ

 (၇)လက်ရှိ အလုပ်အကိုင်များ

 ( ၈)ပညာရေးအတွက် ထောက်ပံမည့် သူ၏လစာ

 (၉) ပညာသင်ဆုပေးအပ်နေသည့် ထိုအဖွဲ့အစည်း(သို့မဟုတ်) တက္ကသိုလ်တွင် ပညာသင်ကြားရန် မိမိရူးသွပ်မှု။

ကဲ အထက်ဖော်ပြပါ အကြံပြုချက်များကို ဤနေရာတွင် အသေးစိတ် ဆွေးနွေးကြပါစို့။

..........................................

(၁) ​ေဖ​ာ်​ြပ​ချက်တွင် ပါဝင်ရမည့် အချက်အလက် ဖွဲ့စည်းပုံ..................


 - ပိုမိုကောင်းမွန်စွာဖြင့် မိမိအကြောင်းဖော်ပြရာတွင် အရေးအကြီးဆုံးအချက်မှာ သင်၏ဖော်ပြချက် အရေးအသား ​ဖွဲ့စည်းပုံပင်ဖြစ်သည်။ သင်ရေးသားနေသော သတင်းအချက်အလက်များနှင့် ဖော်ပြချက်များကို သင့်တင့်လျှောက်ပတ်စွာ ရေးသင့်ပြီး ဦးစားပေးမှု တစ်ခုခြင်းစီကို အစီအစဥ်ချကာ သင်၏ ဖော်ပြချက်တွင် ၄င်းတို့မှတောင်ဆိုထားသော လိုအပ်ချက်များ(Requirement)နှင့် ကိုက်ညီကြောင်းရေးသားသင့်သည်။  

(၂)  အမှား သို့မဟုတ် သဒ္ဒါအမှားများ မပါစေပါနဲ့။

 -  မူလတန်းကျောင်းသားတစ်ယောက်၏ စာစီစာကုံးတစ်ခုဖြစ်လျှင်ပင်၊ သဒ္ဒါမှန်ကန်မှုသည် ကျွန်ုပ်တို့ရေးသားနေသည့်အကြောင်းအရာတိုင်းအတွက် အရေးပါအရာရောက်ကြောင်း ကျွန်ုပ်တို့အားလုံး ကောင်းစွာသိကြပါသည်။ ပညာသင်ဆုအတွက် ရည်ရွယ်သော  မိမိအ​ကြောင်း ဖော်ပြချက်သည် ကျွန်ုပ်တို့၏ ပညာရေးအနာဂတ်အတွက် အလွန်အရေးပါပြီး အဖိုးတန်သောကြောင့်၊ ကျွန်ုပ်တို့သည် ၎င်းကို မည်သည့် သဒ္ဒါနည်းနှင့်မဆို အမှားအယွင်းများနှင့် မရေးသားသင့်ပေ။

(၃) သင့်ရဲ့ ရည်မှန်းချက် ပန်းတိုင် အကြောင်းအရာကို သေချာစွာ ဖော်ပြသင့်

ရည်ရွယ်ချက်ပန်းတိုင်များသည် ကျောင်းသားတစ်ဦး၏ ပညာရေးခရီးလမ်းတွင် မှတ်တိုင်တစ်ခုဖြစ်သည်။ ဘဝ၏အောင်မြင်မှုအတွက် မိမိရည်မှန်းချက်ပန်းတိုင်သည် အရေးကြီးသောကြောင့်  ပညာသင်ဆုအတွက် မိမိအကြောင်းအရာ ဖော်ပြချက်တွင် မိမိဘဝ၏ အနာဂတ်မှာ အသက်မွေးဝမ်းကြောင်းပြုမည့် ရည်ရွယ်ချက် ပန်းတိုင်များကို ဖော်ပြရန်မှာ သေချာပေါက်အရေးကြီးသည်။ 

 (၄) အကြောင်းအရာများ ခိုင်လုံ စစ်မှန်မှု။

  မိမိဖော်ပြချက် အကြောင်းအရာများ ခိုင်လုံ စစ်မှန်မှုသည်လည်း အခြားအရည်အသွေးတစ်ခုဖြစ်သည်။  ဖော်ပြချက်တွင် မိမိ၏ကိုယ်ရေး ကိုယ်တာအကြောင်းအရာ နှင့် အသက်မွေးဝမ်းကြောင်းဘဝအကြောင်းဖော်ပြရာတွင် လုံးဝရိုးသားရန် လိုအပ်ပါသည်။  သင်၏ကိုယ်ရေးကိုယ်တာဖော်ပြချက်သည် သင်မည်သူဖြစ်သည်နှင့် သင်မည်သူဖြစ်ချင်သည်ကို အကြောင်းပြရပါမည်။

(၅) သင်၏ GPA(တက္ကသိုလ် ဝင်တန်းစာမေးပွဲ အမှတ်စာရင်း အဆင့်) အပြင် အခြားအရည်အချင်းများ ဖော်ပြမှု။

သင်၏ GPA (Grade Point Average) သည် သင့်အသက်မွေးဝမ်းကျောင်းအတွက် အလွန်အရေးကြီးပါသည်။  ထို့အပြင် သင်ရွေးချယ်ထားသော ပညာရေးတက္ကသိုလ်သို့ ကြိုတင် ​ပေးပို့ထားခဲ့​ပြီးသော ကိုယ်ရေးရာဇဝင် သို့မဟုတ် CV (Curriculum Vitae) တွင်ဖော်ပြထားခြင်းမရှိသော သင်၏ အရည်အချင်းများနှင့် အခြားစွမ်းဆောင်ရည်များအကြောင်းကိုလည်း ေရးသာဖော်ပြရန် မဖြစ်မနေလိုအပ်ပါသည်။- 

(၆) လုပ်ငန်းတွေ့အကြုံ

မိိမိအကြောင်းဖော်ပြချက်တွင် မိမိ၏ အတွေ့အကြုံများကိုလည်း  ဖော်ပြရန် မရိှမ​​ဖြစ် လိုအပ်ပါသည်။ ကြီးပွားချမ်းသာပြီး အောင်မြင်သူတစ်ဦးဖြစ်ရန် ၎င်းသည် မိမိတို့၏ အသက်မွေးဝမ်းကြောင်းဘဝတွင် အရေးကြီးသော  အတွေ့အကြုံများ လိုအပ်ပါသည်။

ဥပမာ မိမိရယူခဲ့သော ဒီပလိုမာများ၊မိမိတက်ခဲ့သော သင်တန်းများ၊ မိမိပါဝင်ကူညီခဲ့သော ပရဟိတအဖွဲ့များ၊ မိမိလျှောက်ထားလိုသော နယ်ပယ်မှ လုပ်ငန်းအတွေ့အကြုံများ စသည်တို့ကို ဖော်ပြသင့်ပါသည်။

 (၇)လက်ရှိ အလုပ်အကိုင်များ

 - မိမိ၏ အလုပ်အကိုင်သည် မိမိ၏ဝင်ငွေကို သတ်မှတ်ပေးသောအချက်ကြောင့် မိမိအကြောင်းဖော်ပြချက်တွင် လက်ရှိအလုပ်အကိုင်ကို ဖော်ပြသင့်ပါသည်။အကယ်၍ မိမိသည် ၄င်းတို့ သတ်မှတ်ထားသော စံသတ်မှတ်ချက်နဲ့ ကိုက်ညီမယ် သို့မဟုတ် မိမိအရည်အချင်းကြောင့် ပညာသင်ဆု ဝင်ခွင့် ရခဲ့ရင် တက္ကသိုလ်တက်ဖို့ ၄င်းတို့ ထောက်ပံထားသော ငွေနှင့် မိမိဝင်ငွေဟာ လုံလောက်ရဲ့လား? လုံလောက်ကြောင်းကို သိသာစေရန် မိမိ လက်ရှိ အလုပ်အကိုင်ကို ဖော်ပြသင့်ပါတယ်။(fully schorlarship မဟုတ်သူများအတွက်)

 ( ၈)ပညာရေးအတွက် ထောက်ပံမည့် သူ၏လစာ

- ပညာသင်ဆု လျှောက်ထားသူသည်ပညာသင်ဆု ရရှိပြီးလျှင် အချိန်ပိုင်း သို့မဟုတ် အမြဲတမ်း အလုပ်တစ်ခုခုကို မလုပ်ပါက၊ သင့်အား ပညာရေးအတွက် ထောက်ပံမည့်သူ၏ လစာကို ဖော်ပြရန် လိုအပ်သည်။  ဖခင်၊ မိခင် သို့မဟုတ် အုပ်ထိန်းသူဖြစ်နိုင်သည်။။

 (၉) ပညာသင်ဆုပေးအပ်နေသည့် ထိုအဖွဲ့အစည်း(သို့မဟုတ်) တက္ကသိုလ်တွင် ပညာသင်ကြားရန် မိမိရူးသွပ်မှု။

 - မည်သူမဆို ထိုအဖွဲ့အစည်း သို့မဟုတ် ထို တက္ကသိုလ်တွင် ပညာသင်ကြားရန် အကြီးမားဆုံးအိပ်မက်မရှိဘဲ ပညာသင်ဆုအတွက် ဘယ်သောအခါမှ မလျှောက်ထားပါ။ ထို့ကြောင့် မိမိသည် ထိုတက္ကသိုလ် အဖွဲ့အစည်း၏ ဂုဏ်သတင်း၊ ကျေးဇူးတရား နင့် မိမိအိမ်မက်တို့ကို ပညာသင်ဆု ပေးချင်လာအောင် စိတ်ဝင်တစား ရေးသင့်ပါသည်။ 

ပညာသင်ဆု သည် အောက်ပါ(၂)ချက်အပေါ် အခြေခံသည်။

..............................

 - ပညာသင်ဆုများသည် အထူးသဖြင့် ငွေကြေးအကျပ်အတည်းရှိသူများအတွက် အခြေခံ၍ ပညာသင်ဆုချီးမြင်ပါသည်။

 -  အသက်မွေးဝမ်းကြောင်း လုပ်ငန်းခွင် (သို့မဟုတ်) ပညာရေးမှာ ထူးချွန်တဲ့သူတွေကိုလည်း ပညာသင်ဆုတွေ ချီးမြင့်ပါတယ်။

နိဂုံး-

 ပညာသင်ဆုများသည် ကျောင်းသားများ၏ အသက်မွေးဝမ်းကျောင်းဘဝအတွက် အလွန်အရေးကြီးပါသည်။  ၎င်းတို့သည် အခြေခံအားဖြင့် လိုအပ်သော ကျောင်းသားများကို ငွေကြေးအကူအညီပေးခြင်းဖြင့် ကူညီဆောင်ရွက်ပေးသည်။  ပညာသင်ဆုများသည် အရည်အချင်းမြင့်မားသောကျောင်းသားများအား ၎င်းတို့၏ရွေးချယ်သောတက္ကသိုလ်တွင် ပညာသင်ကြားရန် အခွင့်အရေးပေးသောကြောင့်  ၄င်းတို့အတွက် အိပ်မက်များကို အကောင်အထည်ဖော်ပေးသော ပညာရေးအဖွဲ့အစည်းဟု ဆိုနိုင်သည်။

Popular posts from this blog

ကမ္ဘာဂြိုဟ်မြေအကြောင်းသိကောင်းစရာ

ကမ္ဘာဂြိုလ်သည် နေအဖွဲ့အစည်းတွင် နေနှင့်အနီးဆုံး တတိယမြောက်ဂြိုဟ်ဖြစ်သည်။ ကမ္ဘာဂြိုဟ် (Earth) သည် လူသားများ၊ တိရစ္ဆာန်များနှင့် အပင်တို့ ရှင်သန်နေထိုင်ရာ ဂြိုဟ်တစ်ခုဖြစ်သည်။ နေမှရေတွက်ပါက တတိယမြောက်ဂြိုဟ်တစ်စင်း ဖြစ်သည်။ ကမ္ဘာတွင် ဂြိုဟ်ရံလတစ်စင်းသာရှိသည်။                 ကမ္ဘာသည် နေကို ၃၆၅.၂၅၆၄ ရက်တွင် တစ်ကြိမ် လှည့်ပတ်နေပြီး တစ်နှစ်ဟုသတ်မှတ်ကြသည်။ ရေဒီယို မက်ထရစ်ရက်စွဲအရ ကမ္ဘာသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၄.၅၄ ဘီလီယံ အကြာက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ နေသည် ကမ္ဘာကို ထွန်းလင်ရန် အလင်းရောင်နှင့် အပူချိန်ကိုပေးသည်။ ၎င်းအပူစွမ်းအင်ကြောင့် ကမ္ဘာကြီး၏ အောက်ဆုံးလေထုလွှာတွင် ရာသီဥတု (နေပူ၊ လေတိုက်၊ မိုးရွာ၊ နှင်းကျ၊ မုန်တိုင်းတိုက်)အခြေအနေများကို ဖြစ်ပေါ်လာစေသည်။      ကမ္ဘာသည် ရေပါဝင်မှု ၇၁% နှင့် ကုန်းမြေ ၂၉% ခန့်ရှိသည်။ နေအဖွဲ့အစည်းအတွင်း သက်ရှိနေထိုင်နိုင်သော တစ်ခုတည်းသော ဂြိုဟ်ဖြစ်သည်။ သက်ရှိမျိုးစိတ်ပေါင်း ၁၀-၁၄ မီလီယံခန့် နေထိုင်ကြပြီး လူသားမျိုးနွယ်တို့မှာ အရေအတွက်အားဖြင့် ၇.၆ ဘီလီယံခန့်ဖြစ်သည်။ အနီးရှိ ကြာသပတေးဂြိုဟ်၏ ပြင်းထ...

ဆေးဝါးကျွမ်းကျင်အကူ ပညာဒါနသင်တန်း ဖွင့်လှစ်ခြင်း

 ပညာရေး၊လေ့ကျင့်ရေးနှင့်လူမူ့ဖွံဖြိုးတိုးတက်ရေး စင်တာ(TEC Myanmar)မှ ကြီးမှူး၍   - လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရေး အတွက်ကို ရည်ရွယ်၍  ...............   "ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်း"    အပတ်စဥ်  (၄) ကို ဖွင့်လှစ်မည်ဖြစ်ရာ "သင်တန်းသားဦးရေကို ကန့်သတ်ထားပါ၍" မည်သူမဆို ကြိုတင် စာရင်းပေး တက်ရောက်သင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည် သင်ကြားမည့် ဆရာ/ဆရာမများ  """"""""""""""""""""""""""""""""""""""""""""""""      ♥ Dr Maung Maung Kyaw            [M.B.B.S (YGN), MPH (Mahidol)]      ♥Dr Kyaw Min Htut( ရှင်ပါကူ ဆေးရုံ)           - ​ ဆေးဝါး နှင့် ဆေးရုံသုံး ပစ္စည်းများ အကြောင်း               ♥   U Zayyar Myo Oo (Pharmacist)          - နောက်ဆုံးပေါ် ဆေးဝါးများ အသုံးပြုနည်းနှ...

Diploma in ECCD သင်တန်းဆင်းပွဲနှင့် သင်တန်းအောင်လက်မှတ် ချီးမြှင့်ပွဲအခမ်းအနား ကျင်းပခြင်း

 ယနေ့ ပညာရေး၊ လေ့ကျင့်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးစင်တာ(TEC Myanmar)မှ ကြီးမှူးဖွင့်လှစ်ခဲ့သော Dip in ECCD(ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်  ဖွံ့ဖြိုးမှုဆိုင်ရာ ဒီပလိုမာသင်တန်း)၊ ဆေးဝါးအကူ ကျွမ်းကျင် သင်တန်း၊ သူနာပြုအကူ ကျွမ်းကျင်သင်တန်းနှင့် English language for Students and jobs(ကျောင်းသားနှင့် လုပ်ငန်းခွင် အင်္ဂလိပ်စာသင်တန်း)တို့၏ သင်တန်းဆင်းပွဲနှင့် သင်တန်း အောင်လက် မှတ် ချီးမြှင့်ပွဲ အခမ်းအနားအား နေ့လည် (၂)နာရီ အချိန်တွင် မင်္ဂလာတောင်ညွန့်  သိမ်ဖြူလမ်း ရှိ Eden Hall ခန်းမ၌ ကျင်းပရာ TEC Myanmar မှ အဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသူ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။     အခမ်းအနားတွင် ပထမဦးစွာ စင်တာ၏ ဥက္ကဌ ဆရာဂျက်ဖရီ တင်အုန်းက အဖွင့်အမှာ စကားပြော​ကြားပြီး စင်တာ၏ လုပ်ငန်းဦးစီးနာယက ဟာဂျီမြင့်နိုင်နှင့် စင်တာ၏ နာယက ပါမောက္ခ ဒေါက်တာစိုးနိုင်တို့က အသီးသီး အမှာစကားပြောကြားကြပါသည်။       ဆက်လက်၍ TEC Myanmar စင်တာ၏ လုပ်ငန်းဖော်ဆောင်မူ့များကို စင်တာ၏ အတွင်းရေးမှူး ဆရာဦးဇော်အောင်က power point slid...

@tecmyanmar, All rights reserved.