Skip to main content

အသင်းအဖွဲ့များ အခြေခံစီမံခန့်ခွဲမှုရက်တို ပညာဒါနသင်တန်း"ဖွင့်ပွဲ အခမ်းအနား ကျင်းပခြင်း

 




ပညာရေး၊ လေ့ကျင့်ရေးနှင့် လူမှုဖွံဖြိုးတိုးတက်ရေးစင်တာ (TEC Myanmar)မှ ဖွင့်လှစ်သော " အသင်းအဖွဲ့များ အခြေခံစီမံခန့်ခွဲမှုရက်တို ပညာဒါနသင်တန်း"ဖွင့်ပွဲကို ယနေ့ နေ့လည်က TEC ရုံးခန်းမတွင် ကျင်းပရာ TEC စင်တာမှ ဆရာ ဆရာမများ၊ သင်ကြားပို့ချမည့်ဆရာကြီးဆရာမကြီးများနှင့် သင်တန်းသား သင်တန်းသူများ ရောက်ခဲ့ကြပါသည်။


      အဆိုပါ ဖွင့်ပွဲတွင် ပထမဦးစွာ စင်တာ၏ ဥက္ကဌ ဆရာဂျက်ဖရီတင်အုန်းမှ အဖွင့်အမှာစကားပြောကြာပြီး စင်တာ၏ ဦးစီးနာယက ဟာဂျီဦးမြင့်နိုင်မှ အမှာစကားပြောကြားကြပါသည်။


 ပြီးနောက် သင်တန်းပို့ချမည့် ဆရာကြီး ဆရာမကြီးများက အသီးသီး မိတ်ဆက်စကား ပြောကြားကြပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားအားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
      ဆက်လက်၍ ဆရာမကြီး ဒေါ်ဓာတုကလျာ (B.Com(A.A), D.M.A ကထိက(ငြိမ်း) သံလျင် သမဝါယမ တက္ကသိုလ်)က အသင်းအဖွဲ့များအခြေခံစီမံခန့်ခွဲမှု ဘာသာရပ်ကို  power point slides များ ဖြင့် သင်ရိုးမာတိကာအတိုင်း ပိုချခဲ့ပါသည်။



      ဖွင့်ပွဲ အခမ်းအနားတွင် ဆရာဦးဇော်အောင်မှ အခမ်းအနားမှူးအဖြစ် တာဝန်ယူခဲ့ပြီး သင်တန်းသားဦးရေ (၅၀)ဦးခန့် တက်ရောက်ကြပါသည်။

Comments

Popular posts from this blog

“စနစ်သစ် ပညာရေး အကြောင်း ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်”

 “စနစ်သစ် ပညာရေး အကြောင်း ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်” Grade 10,11,12 စသည် အတန်း သုံးတန်းစလုံးမှာ  အဆင့်သတ်မှတ်ချက် “Grade A” ရရှိလျှင် ကိုယ်ကြိုက်နှစ်သက်ရာတက္ကသိုလ်ကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်။အဆင့်သတ်မှတ်ချက် “Grade B နှင့် C”ရရှိတဲ့သူက သတ်မှတ်ထားတဲ့ တက္ကသိုလ်သာ ရွေးချယ်ရမှာဖြစ်ပါတယ်။ # Grade 10 (ဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ # Grade 11 (ဧကဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ # Grade 12 (ဒွာဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ  -နိုင်ငံတော်အစိုးရစစ်စာမေးပွဲ စာမေးပွဲ “နှစ်ခု” ရှိပါသည်။ Grade 12  (ဒွာဒသမတန်း)တွင် ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက”အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်” (High School completion certificate) ရရှိမည်ဖြစ်သည်။  ထိုလက်မှတ်ဖြင့်  -ကောလိပ်များ -Instituteများ -ပညာရေးကောလိပ် -GTI အစရှိသည့်တို့တွင်   ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။ သို့သော် နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲကိုဖြေဆိုအောင်မြင်မှသာလျင် “တက္ကသိုလ်” များတွင် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ Grade 12  (ဒွာဒသမတန်း) နိုင်ငံတေ...

ဆေးဝါးကျွမ်းကျင် အကူ ပညာဒါနသင်တန်း အပတ်စဥ်(၃) ဖွင်လှစ်ခြင်း

 ပညာရေး၊လေ့ကျင့်ရေးနှင့်လူမူ့ဖွံဖြိုးတိုးတက်ရေး စင်တာ(TEC Myanmar)မှ ကြီးမှူး၍   - လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရေး အတွက်ကို ရည်ရွယ်၍  ...............   "ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်း"    အပတ်စဥ်  (၃) ကို ဖွင့်လှစ်မည်ဖြစ်ရာ "သင်တန်းသားဦးရေကို ကန့်သတ်ထားပါ၍" မည်သူမဆို ကြိုတင် စာရင်းပေး တက်ရောက်သင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည် သင်ကြားမည့် ဆရာ/ဆရာမများ  """"""""""""""""""""""""""""""""""""""""""""""""      ♥ Dr Maung Maung Kyaw            [M.B.B.S (YGN), MPH (Mahidol)]      ♥Dr Kyaw Min Htut( ရှင်ပါကူ ဆေးရုံ)           - ​ ဆေးဝါး နှင့် ဆေးရုံသုံး ပစ္စည်းများ အကြောင်း               ♥   U Zayyar Myo Oo (Pharmacist)          - နောက်ဆုံးပေါ် ဆေးဝါးများ အသုံးပြုနည်းနှ...

Diploma in ECCD သင်တန်းဆင်းပွဲနှင့် သင်တန်းအောင်လက်မှတ် ချီးမြှင့်ပွဲအခမ်းအနား ကျင်းပခြင်း

 ယနေ့ ပညာရေး၊ လေ့ကျင့်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးစင်တာ(TEC Myanmar)မှ ကြီးမှူးဖွင့်လှစ်ခဲ့သော Dip in ECCD(ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်  ဖွံ့ဖြိုးမှုဆိုင်ရာ ဒီပလိုမာသင်တန်း)၊ ဆေးဝါးအကူ ကျွမ်းကျင် သင်တန်း၊ သူနာပြုအကူ ကျွမ်းကျင်သင်တန်းနှင့် English language for Students and jobs(ကျောင်းသားနှင့် လုပ်ငန်းခွင် အင်္ဂလိပ်စာသင်တန်း)တို့၏ သင်တန်းဆင်းပွဲနှင့် သင်တန်း အောင်လက် မှတ် ချီးမြှင့်ပွဲ အခမ်းအနားအား နေ့လည် (၂)နာရီ အချိန်တွင် မင်္ဂလာတောင်ညွန့်  သိမ်ဖြူလမ်း ရှိ Eden Hall ခန်းမ၌ ကျင်းပရာ TEC Myanmar မှ အဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသူ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။     အခမ်းအနားတွင် ပထမဦးစွာ စင်တာ၏ ဥက္ကဌ ဆရာဂျက်ဖရီ တင်အုန်းက အဖွင့်အမှာ စကားပြော​ကြားပြီး စင်တာ၏ လုပ်ငန်းဦးစီးနာယက ဟာဂျီမြင့်နိုင်နှင့် စင်တာ၏ နာယက ပါမောက္ခ ဒေါက်တာစိုးနိုင်တို့က အသီးသီး အမှာစကားပြောကြားကြပါသည်။       ဆက်လက်၍ TEC Myanmar စင်တာ၏ လုပ်ငန်းဖော်ဆောင်မူ့များကို စင်တာ၏ အတွင်းရေးမှူး ဆရာဦးဇော်အောင်က power point slid...

@tecmyanmar, All rights reserved.