Skip to main content

Posts

ဆေးဝါးကျွမ်းကျင်အကူ ပညာဒါနသင်တန်း ( အမှတ်စဉ်-၂) ဖွင့်လှစ်မည်

ပညာရေး၊လေ့ကျင့်ရေးနှင့်လူမူ့ဖွံဖြိုးတိုးတက်ရေး စင်တာ(TEC Myanmar)မှ ကြီးမှူး၍ - လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရေး အတွက်ကို ရည်ရွယ်၍ ............... "ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်း" အပတ်စဥ် (၂) ကို ဖွင့်လှစ်မည်ဖြစ်ရာ "သင်တန်းသားဦးရေကို ကန့်သတ်ထားပါ၍" မည်သူမဆို အောက်ပါ google form ကိုဖြည့်စွက်၍ တက်ရောက်သင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည်။ Google form>>>>>>> https://docs.google.com/.../1FAIpQLSc2rYv1SwN.../viewform... သင်ကြားမည့် ဆရာ/ဆရာမများ """""""""""""""""""""""""""""""""""""""""""""""" Dr Maung Maung Kyaw [M.B.B.S (YGN), MPH (Mahidol)] Dr Kyaw Min Htut( ရှင်ပါကူ ဆေးရုံ) - ​ ဆေးဝါး နှင့် ဆေးရုံသုံး ပစ္စ

Turkey Scholarship Opportunity ( Present by TEC )

  တူရကီ ပညာတော်သင် အခွင့်အလမ်းများ နှင့်လျှောက်ထားရမည့် နည်းလမ်းများ" ဟောပြောပွဲ

YOUTHS AND THEIR FUTURES

 "လူငယ် နှင့် အနာဂတ်  ( Youths and their futures)    """""""""""""""""""""""""""""""""""""""" မြန်မာစကားမှာ ယ​နေ့​လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားတစ်ခုရှိပါတယ်။ ယ​နေ့​ခေတ်လူငယ်​တွေဟာ အနာဂတ်မှာ လူကြီးဖြစ်လာမယ့်သူတွေဖြစ်တယ်။ တိုင်းပြည်ရဲ့ တာဝန်အရပ်ရပ်ကို ပုခုံး​ပြောင်းတာဝန်ထမ်း​ဆောင်ရမယ့်သူတွေဖြစ်တယ်။ တစ်နည်းအားဖြင့် လူငယ်​တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်လည်းဖြစ်ပါတယ်။ ဆိုလိုတာက လူငယ်​တွေ​ကောင်းမှ တိုင်းပြည်ရဲ့ အနာဂတ်​ကောင်းမှာဖြစ်တယ်။ လူငယ်​တွေညံ့ရင် တိုင်းပြည်ရဲ့ အနာဂတ်ဟာညံ့မယ်။ လူငယ်​တွေပျက်စီးရင် တိုင်းပြည်ရဲ့ အနာဂတ်ဟာ ပျက်စီးမယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ကျ​​နော်တို့ အားလုံးရဲ့ အနာဂတ်လည်းဖြစ်ပါတယ်။  တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်ဟာ ကြီးပွားတိုးတက်လာမလား ဆုတ်ယုတ်နိမ့်ကျသွားမလားဆိုတာ သိချင်ရင် ပစ္စုပ္ပန်မှာ ဒီတိုင်းပြည်ရဲ့ လူငယ်​တွေ ဘာ​တွေကို စိတ်ဝင်စားနေလဲ၊ ဘယ်လိုကိစ္စ​တွေမှာ အချိန်ပေး​နေလဲ ဆို

How to write a better personal statement for scholarship?

ပညာသင်ဆုအတွက် ပိုမိုကောင်းမွန်သော မိမိအကြောင်း(personal statement)ကို မည်သို့ရေးနိုင်မည်နည်း။ ပညာသင်ဆုဆိုတာ မည်သည့်ပညာရေးအဆင့်တွင်မဆို ပညာသင်ကြားနေသော ကျောင်းသားတိုင်းအတွက် ရတနာတပါးပင်​ဖြစ်သည်။  ဤဆောင်းပါးတွင် နိုင်ငံတော်အစိုးရ၏ ပညာတော်သင်ပဲ ဖြစ်ဖြစ် နိုင်ငံတကာ ပညာသင်ဆုအတွက်ပဲဖြစ်ဖြစ် မိမိလျှောက်ထားမည့် မည်သည့်ပညာရေးတက္ကသိုလ်အတွက်မဆို မိမိအကြောင်းကို ရေးသားရန် လွယ်ကူသော အကြံပြုချက်အချို့ကို ဆွေးနွေးပါမည်။ .(က)ကျောင်းသားတိုင်း ဘာကြောင့် ပညာသင်ဆုရချင်တာလဲ?  - ကျောင်းသားတိုင်းသည် မိမိနှစ်သက်သော ပညာရေးတက္ကသိုလ်တွင် ပညာဆည်းပူးလိုသောကြောင့် ပညာသင်ဆုရလိုကြသည်။သို့သော်လည်း မိမိရွေးချယ်မည့် တက္ကသိုလ်သည် မိမိအားအထောက်အပံ့ပေးသော မိဘအုပ်ထိမ်းသူများးအတွက် ကုန်ကျစရိတ် အလွန်ကြီးမားနေပြီး ဒါမှမဟုတ် မိမိဝင်ငွေဖြင့် ကိုယ်တိုင်ကုန်ကျခံ ပညာဆည်းပူးလိုသော တစ်ချို့သော ကျောင်းသားများအတွက်လည်း လက်လှမ်းမမီသော ကုန်ကျစရိတ် ဖြစ်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့်   ကျောင်းသားတစ်ဦးသည် ပညာသင်ဆုရပါမှ မိဘအုပ်ထိန်းသူ နှင့် ကျောင်းသားနှစ်ဦးစလုံးအတွက် အကျိုးရှိစေမည့် ငွေကြေးအကူအညီဖြင့် ပံ့ပိုးပေးနိုင်မည်​​ဖြစ်သည်။   (ခ)ကျော

ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်းဖွင့်လှစ်ခြင်း

 - ပညာရေး၊ လေ့ကျင့်ရေးနှင့် လူမူ့ဖွံဖြိုးတိုးတက်ရေးစင်တာ(TEC Myanmar)မှ ကြီးမှူးဖွင့်လှစ်သော "ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်း" ဖွင့်ပွဲအား ယမန်နေ့ (11-12-2021)ရက် နံနက် ၉နာရီအချိန်ခန့်က ကျင်းပရာ စင်တာ၏ ဦးစီးနာယက၊ နာယကကြီးများ၊အမူ့ဆောင် အဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများနှင့် သင်တန်းဆရာများ၊ သင်တန်းသား/သူ များတက်ရောက်ကြပါသည်။ - အဆိုပါ ဖွင့်ပွဲတွင် စင်တာ၏ ဥက္ကဌ ဆရာဂျက်ဖရီ တင်အုန်းမှ အဖွင့်အမှာ စကားပြောကြားပြီး၊ ဦးစီးနာယက ဟာဂျီဦးမြင့်နိုင်နှင့် နာယကကြီး ပါမောက္ခ ဒေါက်တာစိုးနိုင်(ဌာနမှူး/ မြန်မာစာဌာန၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်) တို့မှ အသီးသီး အမှာစကားပြောကြားကြပါသည်။  - ဆက်လက်၍ သင်တန်းဆရာများကိုယ်စား ဒေါက်တာ ကျော်မင်းထွန်း နှင့် ဆရာဦး​ဇေယျာမိုးဦးတို့မှ မိတ်ဆက်စကား ပြောကြားကြပြီး သင်တန်းဆရာ ဆရာမများက ဆေးဝါး ပညာရပ်များအား ပို့ချပေးခဲ့ကြပါသည်။

2022 ခုနှစ်အတွက် ဆော်ဒီအာရေဗျ နိုင်ငံ King Abdulaziz University မှ Scholarship(ပညာသင်ဆုများ) ခေါ်ယူခြင်း

2022 ခုနှစ်အတွက် ဆော်ဒီအာရေဗျ  နိုင်ငံ  King Abdulaziz University မှ Scholarship(ပညာသင်ဆုများ) ခေါ်ယူခြင်း ........................................... - 2022 ပညာသင်နှစ်အတွက် King Abdulaziz University ပညာသင်ဆုအတွက် လျှောက်ထားနိုင်ပါသည်။ အဆိုပါ ပညာသင်ဆုသည် နိုင်ငံတိုင်းမှ လျှောက်ထားသူအားလုံးအတွက် လမ်းဖွင့်လှစ်ပါသည်။  နိုင်ငံသားဖြစ်ခြင်း သို့မဟုတ် ကျား၊မ ကန့်သတ်ချက်မရှိပါ။  ပညာသင်ဆုသည် King Abdulaziz University တွင် bachelor's ရိုးရိုးဘွဲ့ Masters မဟာဘွဲ့နှင့် Ph.D ပါရဂူဘွဲ့များအတွက် အပြည့်အဝထောက်ပံ့ပေးထားပါသည်။     - ဤပညာသင်ဆုအစီအစဉ်အတွက် လျှောက်လွှာကြေး (application fee) မရှိပါ။  ပညာသင်ဆုသည် သိပ္ပံ၊ အနုပညာ၊ လူသားပညာ၊ စီးပွားရေးစီမံခန့်ခွဲမှု၊ အင်ဂျင်နီယာနှင့် ကွန်ပျူတာအင်ဂျင်နီယာအပါအဝင် ပညာရပ်ဆိုင်ရာ ပရိုဂရမ်အားလုံးအတွက် လျှောက်ထားနိုင်ပါသည်။  လျှောက်ထားသူသည် အမျိုးသား သို့မဟုတ် အမျိုးသမီ ဖြစ်ခြင်းး ခွဲခြားမှု မရှိစေရ။  ပညာရေးထူးချွန်မှုနှင့် အခြားအရည်အချင်းများအပေါ် အခြေခံ၍ ကျောင်းသားများကို ရွေးချယ်မည်ဖြစ်သည်။  PhD အစီအစဉ်အတွက် King Abdulaziz University ပညာသင်ဆု၏ကြာချိန်သည် သုံးနှ

ဘယ်လ်ဂျီယမ်နိုင်ငံ အစိုးရမှ ၂၀၂၂ ခုနှစ်အတွက် နိုင်ငံတကာပညာသင်ဆုများ ခေါ်ယူနေခြင်း

  ဘယ်လ်ဂျီယမ်နိုင်ငံ အစိုးရမှ ၂၀၂၂ ခုနှစ်အတွက် နိုင်ငံတကာပညာသင်ဆုများ ခေါ်ယူနေခြင်း (Government of Belgium Scholarships 2022 – Fully Funded) ............................................. - သတင်းကောင်း..... ဘယ်လ်ဂျီယံအစိုးရပညာသင်ဆု 2022 အတွက်လျှောက်လွှာကို ယခုလျှောက်ထားနိုင်ပါပြီ။  -  ဘယ်လ်ဂျီယမ်အစိုးရသည် အချိန်ပြည့် ရိုးရိုးဘွဲ့၊ မဟာဘွဲ့နှင့် ကာလတို လေ့ကျင့်ရေးအစီအစဉ်များတွင် လျှောက်ထားနိုင်ရန် ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံတကာ ကျောင်းသားများကို ဖိတ်ခေါ်နေသည်။   - စုစုပေါင်း 150 Master's Scholarships နှင့် Short Training Courses အတွက် ပညာသင်ဆု 70 ဆုသည် Belgium တွင် ပညာသင်ကြားရန် ကျောင်းသားများအတွက် ရနိုင်ပါသည်။  -  Belgian Government Scholarship သည် Belgium တွင် အခမဲ့ပညာသင်ကြားနိုင်ရန် စီစဥ်ထားပါသည်။    - ပညာသင်ဆုအား ဘယ်လ်ဂျီယံအစိုးရမှ ထောက်ပံ့ပေးထားပြီး ကုန်ကျစရိတ်အားလုံးကို ကျခံပေးမည် ဖြစ်ပါသည်။  - ဤပညာသင်ဆု လျှောက်ထားရာတွင် application fees(လျှောက်လွှာကြေး) အခမဲ့ဖြစ်ပြီး IELTS(အင်္ဂလိပ် စာအရည်အချင်းစစ်) မလိုအပ်ပါ။ Government of Belgium Scholarships Details .............................

@tecmyanmar, All rights reserved.