- ပညာရေး၊ လေ့ကျင့်ရေးနှင့် လူမူ့ဖွံဖြိုးတိုးတက်ရေးစင်တာ(TEC Myanmar)မှ ကြီးမှူးဖွင့်လှစ်သော "ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်း" ဖွင့်ပွဲအား ယမန်နေ့ (11-12-2021)ရက် နံနက် ၉နာရီအချိန်ခန့်က ကျင်းပရာ စင်တာ၏ ဦးစီးနာယက၊ နာယကကြီးများ၊အမူ့ဆောင် အဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများနှင့် သင်တန်းဆရာများ၊ သင်တန်းသား/သူ များတက်ရောက်ကြပါသည်။ - အဆိုပါ ဖွင့်ပွဲတွင် စင်တာ၏ ဥက္ကဌ ဆရာဂျက်ဖရီ တင်အုန်းမှ အဖွင့်အမှာ စကားပြောကြားပြီး၊ ဦးစီးနာယက ဟာဂျီဦးမြင့်နိုင်နှင့် နာယကကြီး ပါမောက္ခ ဒေါက်တာစိုးနိုင်(ဌာနမှူး/ မြန်မာစာဌာန၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်) တို့မှ အသီးသီး အမှာစကားပြောကြားကြပါသည်။ - ဆက်လက်၍ သင်တန်းဆရာများကိုယ်စား ဒေါက်တာ ကျော်မင်းထွန်း နှင့် ဆရာဦးဇေယျာမိုးဦးတို့မှ မိတ်ဆက်စကား ပြောကြားကြပြီး သင်တန်းဆရာ ဆရာမများက ဆေးဝါး ပညာရပ်များအား ပို့ချပေးခဲ့ကြပါသည်။
Centre For Education ,Training and Community Development