Skip to main content

Posts

Showing posts from January, 2022

Turkey Scholarship Opportunity ( Present by TEC )

  တူရကီ ပညာတော်သင် အခွင့်အလမ်းများ နှင့်လျှောက်ထားရမည့် နည်းလမ်းများ" ဟောပြောပွဲ

YOUTHS AND THEIR FUTURES

 "လူငယ် နှင့် အနာဂတ်  ( Youths and their futures)    """""""""""""""""""""""""""""""""""""""" မြန်မာစကားမှာ ယ​နေ့​လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားတစ်ခုရှိပါတယ်။ ယ​နေ့​ခေတ်လူငယ်​တွေဟာ အနာဂတ်မှာ လူကြီးဖြစ်လာမယ့်သူတွေဖြစ်တယ်။ တိုင်းပြည်ရဲ့ တာဝန်အရပ်ရပ်ကို ပုခုံး​ပြောင်းတာဝန်ထမ်း​ဆောင်ရမယ့်သူတွေဖြစ်တယ်။ တစ်နည်းအားဖြင့် လူငယ်​တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်လည်းဖြစ်ပါတယ်။ ဆိုလိုတာက လူငယ်​တွေ​ကောင်းမှ တိုင်းပြည်ရဲ့ အနာဂတ်​ကောင်းမှာဖြစ်တယ်။ လူငယ်​တွေညံ့ရင် တိုင်းပြည်ရဲ့ အနာဂတ်ဟာညံ့မယ်။ လူငယ်​တွေပျက်စီးရင် တိုင်းပြည်ရဲ့ အနာဂတ်ဟာ ပျက်စီးမယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ကျ​​နော်တို့ အားလုံးရဲ့ အနာဂတ်လည်းဖြစ်ပါတယ်။  တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်ဟာ ကြီးပွားတိုးတက်လာမလား ဆုတ်ယုတ်နိမ့်ကျသွားမလားဆိုတာ သိချင်ရင် ပစ္စုပ္ပန်မှာ ဒီတိုင်းပြည်ရဲ့ လူငယ်​တွေ ဘာ​တွေကို စိတ်ဝင်စားနေလဲ၊ ဘယ်လိုကိစ္စ​တွေမှာ အချိန်ပေး​နေလဲ ဆို

@tecmyanmar, All rights reserved.