ယနေ့ ပညာရေး၊ လေ့ကျင့်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးစင်တာ(TEC Myanmar)မှ ကြီးမှူးဖွင့်လှစ်ခဲ့သော Dip in ECCD(ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ဒီပလိုမာသင်တန်း)၊ ဆေးဝါးအကူ ကျွမ်းကျင် သင်တန်း၊ သူနာပြုအကူ ကျွမ်းကျင်သင်တန်းနှင့် English language for Students and jobs(ကျောင်းသားနှင့် လုပ်ငန်းခွင် အင်္ဂလိပ်စာသင်တန်း)တို့၏ သင်တန်းဆင်းပွဲနှင့် သင်တန်း အောင်လက် မှတ် ချီးမြှင့်ပွဲ အခမ်းအနားအား နေ့လည် (၂)နာရီ အချိန်တွင် မင်္ဂလာတောင်ညွန့် သိမ်ဖြူလမ်း ရှိ Eden Hall ခန်းမ၌ ကျင်းပရာ TEC Myanmar မှ အဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသူ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပထမဦးစွာ စင်တာ၏ ဥက္ကဌ ဆရာဂျက်ဖရီ တင်အုန်းက အဖွင့်အမှာ စကားပြောကြားပြီး စင်တာ၏ လုပ်ငန်းဦးစီးနာယက ဟာဂျီမြင့်နိုင်နှင့် စင်တာ၏ နာယက ပါမောက္ခ ဒေါက်တာစိုးနိုင်တို့က အသီးသီး အမှာစကားပြောကြားကြပါသည်။ ဆက်လက်၍ TEC Myanmar စင်တာ၏ လုပ်ငန်းဖော်ဆောင်မူ့များကို စင်တာ၏ အတွင်းရေးမှူး ဆရာဦးဇော်အောင်က power point slid...
Centre For Education ,Training and Community Development