ပညာသင်ဆုအတွက် ပိုမိုကောင်းမွန်သော မိမိအကြောင်း(personal statement)ကို မည်သို့ရေးနိုင်မည်နည်း။ ပညာသင်ဆုဆိုတာ မည်သည့်ပညာရေးအဆင့်တွင်မဆို ပညာသင်ကြားနေသော ကျောင်းသားတိုင်းအတွက် ရတနာတပါးပင်ဖြစ်သည်။ ဤဆောင်းပါးတွင် နိုင်ငံတော်အစိုးရ၏ ပညာတော်သင်ပဲ ဖြစ်ဖြစ် နိုင်ငံတကာ ပညာသင်ဆုအတွက်ပဲဖြစ်ဖြစ် မိမိလျှောက်ထားမည့် မည်သည့်ပညာရေးတက္ကသိုလ်အတွက်မဆို မိမိအကြောင်းကို ရေးသားရန် လွယ်ကူသော အကြံပြုချက်အချို့ကို ဆွေးနွေးပါမည်။ .(က)ကျောင်းသားတိုင်း ဘာကြောင့် ပညာသင်ဆုရချင်တာလဲ? - ကျောင်းသားတိုင်းသည် မိမိနှစ်သက်သော ပညာရေးတက္ကသိုလ်တွင် ပညာဆည်းပူးလိုသောကြောင့် ပညာသင်ဆုရလိုကြသည်။သို့သော်လည်း မိမိရွေးချယ်မည့် တက္ကသိုလ်သည် မိမိအားအထောက်အပံ့ပေးသော မိဘအုပ်ထိမ်းသူများးအတွက် ကုန်ကျစရိတ် အလွန်ကြီးမားနေပြီး ဒါမှမဟုတ် မိမိဝင်ငွေဖြင့် ကိုယ်တိုင်ကုန်ကျခံ ပညာဆည်းပူးလိုသော တစ်ချို့သော ကျောင်းသားများအတွက်လည်း လက်လှမ်းမမီသော ကုန်ကျစရိတ် ဖြစ်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျောင်းသားတစ်ဦးသည် ပညာသင်ဆုရပါမှ မိဘအုပ်ထိန်းသူ နှင့် ကျောင်းသားနှစ်ဦးစလုံးအတွက် အကျိုးရှိစေမည့် ငွေကြေးအကူအညီဖြင့် ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။ (ခ)ကျော
Centre For Education ,Training and Community Development