နိုင်ငံတကာ နှင့် ပုဂ္ဂလိက ပညာရေး(၂) အမေရိကန် - အမေရိကန်နိုင်ငံတွင် ပုဂ္ဂလိကကျောင်းအမည်ခံလျှင် ပြည်နယ်အစိုးရများ၏ အထောက်အပံ့ကိုမရရှိကြပေ။ နိုင်ငံပိုင် အစိုးရအထောက်အပံ့ခံကျောင်းများလည်းရှိနေသဖြင့် အပြိုင်ဖြစ်နေသောကြောင့်ဖြစ်သည်။ အမေရိကန်နိုင်ငံရှိ ပုဂ္ဂလိကကျောင်း အများစုသည် ဘာသာရေးအဖွဲ့အစည်းတစ်ခုခု၏ထောက်ပံ့မှုနှင့်ဖြစ်စေ၊ အဖွဲ့အစည်း ကုမ္ပဏီကြီးတစ်ခုခု၏အထောက်အပံ့နှင့် ဖြစ်စေ ရပ်တည်နေကြရသည်ကများသည်။ - ပုဂ္ဂလိကကျောင်းများသည် ပညာရေးဆိုင်ရာပုံမှန်သတ်မှတ်ချက်များမှ ကင်းလွတ်ခွင့်ရကြသည်။ သို့သော်သတ်မှတ်ထားသည့် သင်ရိုးနှင့် ပြဋ္ဌာန်းချက်များမှ လွတ်ထွက်မသွားရန် ဂရုစိုက်ကြရ သည်။ များသောအားဖြင့် အမေရိကန်တွင် မူလတန်းနှင့် အလယ် တန်းအဆင့်ကျောင်းသားများသည် အစိုးရကျောင်းများတွင် တက်ကြသည်ကများသည်။ ပုဂ္ဂလိကကျောင်းများမှ လုပ်ပေးနိုင်သမျှ အစိုးရကျောင်းများတွင်လည်း ရရှိနိုင်သောကြောင့်ဖြစ်သည်။ - အမေရိကန်နိုင်ငံရှိ ပုဂ္ဂလိကကျောင်းအများစုသည် ကျောင်း လခမှရရှိသည့် ဝင်ငွေများဖြင့်သာရပ်တည်ကြသည်ကများသည်။ အချို့ကျောင်းများတွင် ရန်ပုံငွေတောင့်တင်းကြပြီး ဘာသာရေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီများ၏အထောက်အပံ့များဖြင့်လည...
Centre For Education ,Training and Community Development