Skip to main content

Posts

Showing posts from March, 2022

အခြေခံ အသုံးချ စာရင်းကိုင်ပညာ ရက်တိုသင်တန်း"( Basic & Applied Accounting Training) ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေငြာခြင်း

  " အခြေခံ အသုံးချ စာရင်းကိုင်ပညာ ရက်တိုသင်တန်း"( Basic & Applied Accounting Training )  ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေငြာခြင်း       ပညာရေး၊လေ့ကျင့်ရေးနှင့်လူမှုဖွံဖြိုးတိုးတက်ရေးစင်တာ(TEC Myanmar)မှ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးကို ရည်ရွယ်၍ ဝါရင့် ပညာရှင် ဆရာကြီး ဆရာမကြီးများက သင်ကြားပို့ချမည့် အခြေခံ အသုံးချ စာရင်းကိုင်ပညာ ရက်တိုသင်တန်း"( Basic & Applied Accounting Training)  ဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်ကြားပို့ချမည့် ဆရာကြီး ဆရာမကြီးများ """""""""""""""""""""""""""""""""""""" ♥ ဒေါ်ဓာတုကလျာ         [B.Com(AA), DMA] ကထိက(ငြိမ်း)          သန်လျင်သမဝါယမ တက္ကသိုလ် ♥ ဒေါ်စီစီချို         [B.Com(AA), DMA, RL ] Chief accountant         Crane International School Myanmar   ♥ ဒေါ်လင်းလင်းချစ်        [B.Com(AA), CPA, RL ]        Lynn Lynn Chit & Associate

အသင်းအဖွဲ့များ အခြေခံစီမံခန့်ခွဲမှုရက်တို ပညာဒါနသင်တန်း"ဖွင့်ပွဲ အခမ်းအနား ကျင်းပခြင်း

  ပညာရေး၊ လေ့ကျင့်ရေးနှင့် လူမှုဖွံဖြိုးတိုးတက်ရေးစင်တာ (TEC Myanmar)မှ ဖွင့်လှစ်သော " အသင်းအဖွဲ့များ အခြေခံစီမံခန့်ခွဲမှုရက်တို ပညာဒါနသင်တန်း"ဖွင့်ပွဲကို ယနေ့ နေ့လည်က TEC ရုံးခန်းမတွင် ကျင်းပရာ TEC စင်တာမှ ဆရာ ဆရာမများ၊ သင်ကြားပို့ချမည့်ဆရာကြီးဆရာမကြီးများနှင့် သင်တန်းသား သင်တန်းသူများ ရောက်ခဲ့ကြပါသည်။       အဆိုပါ ဖွင့်ပွဲတွင် ပထမဦးစွာ စင်တာ၏ ဥက္ကဌ ဆရာဂျက်ဖရီတင်အုန်းမှ အဖွင့်အမှာစကားပြောကြာပြီး စင်တာ၏ ဦးစီးနာယက ဟာဂျီဦးမြင့်နိုင်မှ အမှာစကားပြောကြားကြပါသည်။  ပြီးနောက် သင်တန်းပို့ချမည့် ဆရာကြီး ဆရာမကြီးများက အသီးသီး မိတ်ဆက်စကား ပြောကြားကြပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားအားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။       ဆက်လက်၍ ဆရာမကြီး ဒေါ်ဓာတုကလျာ (B.Com(A.A), D.M.A ကထိက(ငြိမ်း) သံလျင် သမဝါယမ တက္ကသိုလ်)က အသင်းအဖွဲ့များအခြေခံစီမံခန့်ခွဲမှု ဘာသာရပ်ကို  power point slides များ ဖြင့် သင်ရိုးမာတိကာအတိုင်း ပိုချခဲ့ပါသည်။       ဖွင့်ပွဲ အခမ်းအနားတွင် ဆရာဦးဇော်အောင်မှ အခမ်းအနားမှူးအဖြစ် တာဝန်ယူခဲ့ပြီး သင်တန်းသားဦးရေ (၅၀)ဦးခန့် တက်ရောက်ကြပါသည်။

@tecmyanmar, All rights reserved.