Skip to main content

About Us




(English Version can read at below )
ပညာရေး
 လေ့ကျင့်ရေးနှင့် လူမှုဖွံဖြိုးတိုးတက်ရေးစင်တာကို (၁၁--၂၀၁၆)ရက်နေ့တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ် ဗညားဒလလမ်းရှိ ရွှေဆင်စားသောက်ဆိုင်တွင် ဖွဲ့စည်းရန် ကြိုတင်ညှိနှိုင်းခဲ့ကြပါသည်။

(-၁၀-၂၀၁၆)ရက်တွင် ပညာရေးဝန်ကြီးဌာနမှ ပါမောက္ခများ၊ ကထိက(ဌာနမှုး)များ၊ နည်းပြများ အခြေခံပညာဌာနမှ ဆရာ ဆရာများ၊ ကိုယ်ပိုင်ဘာသာရပ်သင် ဆရာဆရာမများ၊ စက်မူနှင့် အဆောက်အဦးဆိုင်ရာ အင်္ဂျင်နီယာများ၊ ITပညာရှင်များ၊ ဆေးဘက်ဆိုင်ရာဆရာဝန်များနှင့် အခြားအသိပညာရှင် အတတ်ပညာရှင်များပါဝင်ကာ အမှတ်(၁၃၇၃၇လမ်း(အလယ်ကျောက်တံတားမြို့နယ် ရန်ကုန်မြို့၌၎င်းစင်တာကို ဖွဲ့စည်း တည်ထောင်ခဲ့သည်။

 နိုင်ငံတဝှမ်း လုပ်ငန်းစဉ်များ ဖော်ဆောင်နိုင်ရန် နှင့် တရားဝင် အရပ်ဖက်လူ့အဖွဲ့အစည်အဖြင့်ရပ်တည်နိုင်ရန် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနတွင် ပညာရေး၊ လေ့ကျင့်ရေးနှင့် လူမှုဖွံဖြိုးတိုးတက်ရေးစင်တာကို အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့် အညီ  လျှောက်ထားရာ (၁၈--၂၀၁၇)ရက်နေ့တွင် ဝန်ကြီးဌာနမှ မှတ်ပုံတင်အမှတ်(/ပြည်တွင်း၀၅၃၄)ဖြင့် မှတ်ပုံတင်ခွင့်ပြုခဲ့သည်။

၂၅-၈- ၂၀၁၈ တွင် စင်တာကို အမှတ် (၈၇) ၊ မြေညီထပ်၊ ကန်အနောက်ရပ်ကွက် ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့သို့၊ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်၊၊

စင်တာ၏ ဆောင်ပုဒ်(Motto)

“ လူငယ်စွမ်းရည် မြှင့်တင်ရေး ပညာရှင်များဖန်တီးပေး

 မျှော်မှန်းချက် (Vission)

 “ ပညာအခြေပြု ရေရှည်တည်တံ့ခိုင်မြဲသောစွမ်းရည်မြင့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာစေရေး

ရည်မှန်းချက်များ (Mission)

  • လိုအပ်ချက်ရှိသူများအား ပညာရေးဆိုင်ရာ အထောက်အပံ့ပေးရေး။
  • ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုအလျောက် အလုပ်အကိုင်အခွင့်အလမ်းများ စီမံဆောင်ရွက်ပေးရန်။
  • စွမ်းရည်မြင့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာစေရေးအတွက် သုတေသနနှင့် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ စာတမ်းဖတ်ပွဲများ၊အလုပ်ရုံဆွေးနွေးပွဲများနှင့် လိုအပ်သောသင်တန်းများ အား စီမံဆောင်ရွက်ပေးရန်။

စင်တာ၏လုပ်ငန်းဖော်ဆောင်မှုများ

(၁)လူငယ်များ၏ ပညာရေးဖွံဖြိုးတိုးတက်စေရန်အတွက် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ပညာဒါနသင်တန်းများကို လိုအပ်ချက်ရှိသော မြို့နယ်များတွင် ဖွင့်လှစ်သင်ကြားပေးခြင်း။
(က) ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကမာကဆစ် အနောက်ကျောင်းတိုက်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ကျောင်းတိုက်ဦးစီးနာယက ဆရာတော် ဦးဧသိကအား အမှူးထား၍ တက္ကသိုလ်အသီးသီးမှ ပါမောက္ခများ၊ ကထိကများ၊ နည်းပြများနှင့် ကိုယ်ပိုင်ကျောင်းဆရာများမှ သင်ကြားပို့ချခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကမာကဆစ် အနောက်ကျောင်းတိုက်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ကျောင်းတိုက်ဦးစီးနာယက ဆရာတော် ဦးဧသိကအား အမှူးထား၍ တက္ကသိုလ်အသီးသီးမှ ပါမောက္ခများ၊ ကထိကများ၊ နည်းပြများနှင့် ကိုယ်ပိုင်ကျောင်းဆရာများမှ သင်ကြားပို့ချခဲ့ကြပါသည်။
(ခ) ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ် ပျဉ်ထောင် အထက နှင့် ရေတွင်းကုန်း အထကကျောင်း များတွင်သံလျင်မြို့နယ်အထွေထွေအုပ်ချုပ်‌ရေး ဦးစီးဌာနနှင့် TECတို့ ပူးပေါင်း၍ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး အတွက်စင်တာ အဖွဲ့ဝင်များဖြစ်ကြသော တက္ကသိုလ် အသီးသီးမှ ပါမောက္ခများ၊ ကထိကများ၊ နည်းပြများနှင့် ကိုယ်ပိုင်ဘာသာရပ်သင်ကျောင်းဆရာများမှ သင်ကြားပို့ချခဲ့ကြပါသည်။

(ဂ)TEC Development Centreနှင့် သင်္ဃန်းကျွန် မွတ်စလင်ဝေယျာ၀စ္စအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် လူမျိုးဘာသာမရွေးတက်ရောက်သော ၈တန်း၊ ၉တန်းနှင့် တက္ကသိုလ်ဝင်တန်း ဘာသာစုံ ပညာဒါနသင်တန်းများကိုနှစ်စဉ် စာသင်နှစ်အလိုက် ဖွင့်လှစ် သင်ကြားလျှက်ရှိပါသည်။


(၂)လူငယ်များ၏ ပညာရေးအနာဂတ်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး အတွက် နိုင်ငံခြား ဘာသာစကား ပညာဒါန သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း။

(က) မဂ္ဂဇင်း၊ ဂျာနယ်နှင့် စာပေလုပ်ငန်းများနှင့် ဘာသာပြန် လုပ်ငန်းမျာတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ “ အင်္ဂလိပ်စာ ဘာသာပြန်သင်တန်း” များဖွင့်လှစ်ပေးခြင်း

 

(ခ) အစိုးရဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် နိုင်ငံခြားပညာတော်သင်များအတွက် “အင်္ဂလိပ်စာ စွမ်းရည်မြှင့်(four skills) သင်တန်း” များဖွင့်လှစ်ပေးခြင်း

(၃)လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာဒါန သင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် အလုပ်အကိုင်များ ရရှိရေး ပံပိုးပေးခြင်း။

(က) လူငယ်များ တပိုင်တနိုင် ကိုယ်ပိုင်လုပ်ငန်းများတည်ထောင်နိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်စေရန် “အဲကွန်းနှင့် ရေခဲသေတ္တာ ပြုပြင်တပ်ဆင်ခြင်းသင်တန်း” များဖွင့်လှစ်ပေးခြင်း။

(ခ) အမျိုးသမီးများအတွက် အိမ်တွင်းမှုလုပ်ငန်းများ ဖွံဖြိုးစေရန်  “စက်ချုပ်နှင့် ဒီဇိုင်နာ သင်တန်း” များ   ဖွင့်လှစ်ခြင်း။

(ဂ)လူငယ်များအတွက် နည်းပညာနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် “ ဖုန်းဆော့ဖ်ဝဲ ရေးနည်းနှင့် ပြုပြင်ခြင်း သင်တန်း” များ ဖွင့်လှစ်ခြင်း။

(ဃ)အမျိုးသမီးများအတွက် “ စားသောက်ကုန် နှင့် မုန့်အမျိုးမျိုး ပြုလုပ်နည်းသင်တန်း” များ ဖွင့်လှစ်ခြင်း။

(င) “ပုဇဉ်းခေါင်း ပန်းကြယ်သီးထိုးသင်တန်းများ” ကို လက်လုပ်လက်စား အခြေခံလူတန်းစားများရှိသော ဆင်ခြေဖုံး မြို့နယ်များတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ဖွင့်လှစ်ပေးခြင်း။

(စ) “စီးကွမ့် အလှထိုးသင်တန်း” များကို အရင်းအနှီးအနည်းငယ်ဖြင့် မိသားစုဝင်ငွေရရှိနိုင်ရန် ဆင်ခြေဖုံးမြို့နယ်များတွင် ဖွင့်လှစ်ပေးခြင်း။



(၄) စွမ်းရည်မြင့် လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ထွန်းလာစေရေးအတွက် စာတမ်းဖတ်ပွဲများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပပေးခြင်း။

(က)နိုင်ငံချစ်စိတ်၊ နိုင်ငံတော်အပေါ် သစ္စာစောင်သိသော နိုင်ငံ့သားကောင်းများ ဖြစ်လာရေးနှင့် နိုင်ငံသား တစ်ဦး၏ ရပိုင်ခွင့်နှင့်တာဝန်များကို နိုင်ငံသားတိုင်း သိနားလည်ရေးအတွက် “ “နိုင်ငံသား ဥပဒေ အကြောင်းသိကောင်းစရာများ” ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခြင်း

(ခ)ယနေ့ ဖြစ်ပေါ် တိုးတက်နေသော စီးပွားရေး အခွင့်အလမ်းများကို နိုင်ငံသားတိုင်း သိရရှိနိုင်ရေးအတွက်

  “ရန်ကုန်အိတ်ချိန်း အကြောင်းသိကောင်းစရာများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲများ ကျင်းပပေးခြင်း။


(ဂ)ကျောင်းသား လူငယ်များ စိတ်ပိုင်းနှင် ရုပ်ပိုင်းဆိုင်ရာဖွံဖြိုးတိုးတက်လာရေးအတွက် “ လူငယ်များ ဘက်စုံတိုးတက်ရေး “ ခေါင်းစဉ်ဖြင့် ဟောပြောပွဲများ ကျင်းပပေးခြင်း။

(ဃ) အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် ဘက်စုံတိုးတက်သော မိသားစု အသိုက်အမြုံတစ်ခုတည်ဆောက်နိုင်ရေးကို ရည်ရွယ်၍ အမျိုးသီးများနှင့် ယနေ့ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲများ ကျင်းပခြင်း။

(င) လူငယ်များ လူမှု မီဒီယာကို အကျိုးရှိစွာ အသုံးပြုနိုင်ရေးနှင့် ပညာ ဗဟုသုတများကို ရှာဖွေဆည်းပူး နိုင်ရေးအတွက် “Socil Network အကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် ဟောပြောပွဲများ ကျင်းပခြင်း။


(စ)လူငယ် အမျိုးသား အမျိုးသမီးများအတွက် “Youth and Future” ခေါင်းစဉ်ဖြင့် ဟောပြောပွဲများ ကျင်းပခြင်း။




(၅) နိုင်ငံတကာမှ ပညာအရင်းအမြစ်များရရှိရေးနှင့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာ နည်းပညာများဖြင့် ပညာတော်သင်များမှ ပါဝင်ကူညီနိုင်ရေးအတွက် လူငယ်များ နိုင်ငံတကာ ပညာသင်ဆု ရရှိရေး ပံပိုးကူညီပေးခြင်း။



(၆)နိုင်ငံအ၀ှမ်းရှိ ဆရာ ဆရာမများ သင်ကြားမှုစွမ်းရည်မြင့်မားလာရေးအတွက် social mediaကို အသုံးပြု၍ onlineမှ သင်ကြားပို့ချနည်းသင်တန်းများဖွင့်လှစ်ပေးခြင်းနှင့် ဘာသာရပ်ဆိုင်ရာ ဆရာဖြစ်သင်တန်းများ ဖွင့်လှစ်ပေခြင်း။

(က) ဆရာ ဆရာမများ သင်ကြားမှုစွမ်းရည်မြင့်မားလာရေးအတွက် social mediaကို အသုံးပြု၍ onlineမှ သင်ကြားပို့ချနည်းသင်တန်းများဖွင့်လှစ်ပေးခြင်း

(ခ) နိုင်ငံတကာနှင့် ပြည်တွင်းတွင် ပြောင်းလဲလာသော သင်ရိုးများ၏ အခြေအနေအရ အင်္ဂလိပ်စာ ဘာသာရပ်၌ ကျွမ်းကျင်၍ သင်ကြားမှု စွမ်းရည်မြင့်မားသော အင်္ဂလိပ်စာ ဘာသာရပ်သင် ဆရာ ဆရာမများ ဖြစ်လာစေရေး “ အင်္ဂလိပ်စာ ဆရာဖြစ် သင်တန်း” များကို ဖွင့်လှစ်ပေးလျှက်ရှိခြင်း။



(၇)ရည်ရွယ်ချက်တူသော ပြည်တွင်း အဖွဲ့အစည်းများနှင့်  ပူးပေါင်၍ လုပ်ငန်းများဖော်ဆောင်ခြင်း

(က) ပညာရေး၊ လေ့ကျင့်ရေးနှင့် လူမှုဖွံဖြိုးတိုးတက်ရေးစင်တာနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂ များအဖွဲချူပ် (CTUM)တို့ ပူပေါင်း၍  “မြန်မာနိုင်ငံ အလုပ်သမားရေးရာ၊ ရွှေ့ပြောင်း အလုပ်သမားရေးရာ၊ အလုပ်သမား အဖွဲစည်းရေးရာ၊ သတင်းအချက်အလက် ဆက်သွယ်ရေး ပညာရပ်များသင်တန်း” ကိုဖွင့်လှစ်ခဲ့သည်။

(ခ) ပညာရေး၊ လေ့ကျင့်ရေးနှင့် လူမှုဖွံဖြိုးတိုးတက်ရေးစင်တာနှင့် Sonic Sign အဖွဲ့တို့ ပူးပေါင်း၍ မသန်စွမ်း(နားမကြား) ဆယ်ကျော်သက် (teenager)များ၏ အလုပ်အကိုင် အခွင့်အလမ်း အသက်မွေး ဝမ်းကြောင်းပြုနိုင်ရေးအတွက် “ဓါတ်ပုံရိုက် ပညာ” သင်တန်းကို ဖွင့်လှစ်ခြင်း။

(ဂ)  ပညာရေး၊ လေ့ကျင့်ရေးနှင့် လူမှုဖွံဖြိုးတိုးတက်ရေးစင်တာနှင့် တက္ကသိုလ်ကျောင်းသားများ ကွန်ရက-မြန်မာ တို့ပူးပေါင်း၍ "Aspects of Myanmar University Students" ခေါင်းစဉ်ဖြင့် TEC centreတွင် ဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။




TEC Myanmar is formed of professors, lecturers, tutors, and teachers from the Ministry of Education and private Teachers, engineers, doctors, and intellectuals from other fields at No.137, 37 th street(Middle), Koughttadar Township, Yangon, Myanmar(Burma) on 9th October 2016. TEC Myanmar was officially approved by the Registration of Associations of Ministry of Home Affairs with the registration number(1/Local/ 0534) on 18th September 2017. On 25th August 2018, TEC Center, a non-profit organization, was moved to No. 87( ground floor) Mandalay Street, Kan-a-nought Yat-Kwet, Mingalar-Taung Nyunt Township, Yangon Region, and has been implementing accordance with Missions and Vision..



Popular posts from this blog

ဆေးဝါးကျွမ်းကျင်အကူ ပညာဒါနသင်တန်း ဖွင့်လှစ်ခြင်း

 ပညာရေး၊လေ့ကျင့်ရေးနှင့်လူမူ့ဖွံဖြိုးတိုးတက်ရေး စင်တာ(TEC Myanmar)မှ ကြီးမှူး၍   - လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရေး အတွက်ကို ရည်ရွယ်၍  ...............   "ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်း"    အပတ်စဥ်  (၄) ကို ဖွင့်လှစ်မည်ဖြစ်ရာ "သင်တန်းသားဦးရေကို ကန့်သတ်ထားပါ၍" မည်သူမဆို ကြိုတင် စာရင်းပေး တက်ရောက်သင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည် သင်ကြားမည့် ဆရာ/ဆရာမများ  """"""""""""""""""""""""""""""""""""""""""""""""      ♥ Dr Maung Maung Kyaw            [M.B.B.S (YGN), MPH (Mahidol)]      ♥Dr Kyaw Min Htut( ရှင်ပါကူ ဆေးရုံ)           - ​ ဆေးဝါး နှင့် ဆေးရုံသုံး ပစ္စည်းများ အကြောင်း               ♥   U Zayyar Myo Oo (Pharmacist)          - နောက်ဆုံးပေါ် ဆေးဝါးများ အသုံးပြုနည်းနှ

အာရဗီအခြေခံ စကာပြော ပညာဒါန သင်တန်ဖွင့်လှစ်ခြင်းး

 ပညာရေး၊လေ့ကျင့်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးစင်တာ(TEC Myanmar Centre)မှ လူငယ်များ အလုပ် အကိုင် အခွင့်အလမ်းများ ရရှိရန်နှင့် နိုင်ငံတကာပညာသင်ဆုများ ရရှိနိုင်ရန် အထောက်အကူရရှိစေရေးတို့ကို ရည်ရွယ်၍ လူမျိုးဘာသာမရွေးတက်ရောက်နိုင်သည့်" အာရဗီ အခြေခံ ပညာဒါနသင်တန်း"ကို ဖွင့်လှစ်မည်ဖြစ်ပါသည်   " အာရဗီအခြေခံပညာဒါနသင်တန်း"     သင်ကြားပို့ချမည့်ဆရာ........             ဒေါက်တာရဲထွန်း [P.hd ( International law),                                        Al-Azhar university, Egypt) ♥ကထိက(ဥပဒေဌာန)၊ ဖေရန်းတက္ကသိုလ်၊  အီဂျစ်    ♥နည်းပြ (အီဂျစ်နိုင်ငံ ဘာသာစာပေစင်တာ)   သင်တန်း၏ အကျိုးကျေးဇူးများ     - အာရှ အရှေ့အလယ်ပိုင်း နိုင်ငံများတွင် အလုပ်အ       ကိုင် အခွင့်အလမ်းများ ရရှိစေခြင်း။     - လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာမည့် အခက်အခဲများ        ကို သက်ဆိုင်ရာ အစိုးရဌာနများသို့ အကူအညီ         တောင်းခံမူ့များတွင် အစင်ပြေချောမွေ့စေခြင်း။    - အရှေ့အလယ်ပိုင်း တက္ကသိုလ်များတွင် ပညာဆည်း      ပူရာတွင်လည်ကောင်း၊ ပညာသင်ဆု လျှောက်ထားရာ      တွင်လည်းကောင်း အထောက်အပံ ဖြစ်စေခြင်း။        ..........စ

နိုင်ငံတကာ နှင့် ပုဂ္ဂလိက ပညာရေး(၂)

  နိုင်ငံတကာ နှင့် ပုဂ္ဂလိက ပညာရေး(၂) အမေရိကန် - အမေရိကန်နိုင်ငံတွင် ပုဂ္ဂလိကကျောင်းအမည်ခံလျှင် ပြည်နယ်အစိုးရများ၏ အထောက်အပံ့ကိုမရရှိကြပေ။ နိုင်ငံပိုင် အစိုးရအထောက်အပံ့ခံကျောင်းများလည်းရှိနေသဖြင့် အပြိုင်ဖြစ်နေသောကြောင့်ဖြစ်သည်။ အမေရိကန်နိုင်ငံရှိ ပုဂ္ဂလိကကျောင်း အများစုသည် ဘာသာရေးအဖွဲ့အစည်းတစ်ခုခု၏ထောက်ပံ့မှုနှင့်ဖြစ်စေ၊ အဖွဲ့အစည်း ကုမ္ပဏီကြီးတစ်ခုခု၏အထောက်အပံ့နှင့် ဖြစ်စေ ရပ်တည်နေကြရသည်ကများသည်။ - ပုဂ္ဂလိကကျောင်းများသည် ပညာရေးဆိုင်ရာပုံမှန်သတ်မှတ်ချက်များမှ ကင်းလွတ်ခွင့်ရကြသည်။ သို့သော်သတ်မှတ်ထားသည့် သင်ရိုးနှင့် ပြဋ္ဌာန်းချက်များမှ လွတ်ထွက်မသွားရန် ဂရုစိုက်ကြရ သည်။ များသောအားဖြင့် အမေရိကန်တွင် မူလတန်းနှင့် အလယ် တန်းအဆင့်ကျောင်းသားများသည် အစိုးရကျောင်းများတွင် တက်ကြသည်ကများသည်။ ပုဂ္ဂလိကကျောင်းများမှ လုပ်ပေးနိုင်သမျှ အစိုးရကျောင်းများတွင်လည်း ရရှိနိုင်သောကြောင့်ဖြစ်သည်။ - အမေရိကန်နိုင်ငံရှိ ပုဂ္ဂလိကကျောင်းအများစုသည် ကျောင်း လခမှရရှိသည့် ဝင်ငွေများဖြင့်သာရပ်တည်ကြသည်ကများသည်။ အချို့ကျောင်းများတွင် ရန်ပုံငွေတောင့်တင်းကြပြီး ဘာသာရေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီများ၏အထောက်အပံ့များဖြင့်လည်း ရ

@tecmyanmar, All rights reserved.