Skip to main content

Posts

Showing posts from January, 2021

မသန်စွမ်း(နားမကြား) ဆယ်ကျော်သက်(teenagers)များ၏ အလုပ်အကိုင်အခွင့်အလမ်း အသက်မွေးဝမ်းကြောင်းမူ့ပြုနိုင်ရေး ဓာတ်ပုံ သင်တန်း

  အမေရိကန်သံရုံးမှ ကူညီပံပိုးမူ့ဖြင့် ပညာရေး၊ လေကျင့်ရေးနှင့် လူမှုဖွံဖြိုးတိုးတက်ရေးစင်တာ(TEC development centre) နှင့် Sonic Sign အဖွဲ့တို့ ပူးပေါင်း၍ မသန်စွမ်း(နားမကြား) ဆယ်ကျော်သက်(teenagers)များ၏ အလုပ်အကိုင်အခွင့်အလမ်း အသက် မွေးဝမ်းကြောင်းမူ့ပြုနိုင်ရေးကို ရည်ရွယ်ပြီး(25-1-2021)မှ (5-2-2021)ရက်နေ့ထိ (၁၂)ရက်တာ ဖွင့်လှစ်မည့် "ဓာတ်ပုံရိုက် ပညာ" သင်တန်းကို 25-1-2021 နံနက် (၁၀)နာရီ အချိန်တွင် စတင်ဖွင့်လှစ်ရာ စင်တာ၏ ဦးစီးနာယကကြီး ဦးမြင့်နိုင်မှ အဖွင့်အမှာ စကားပြောကြားကာ ဆက်လက်၍ ဥက္ကဌ ဆရာဂျက်ဖရီ တင်အုန်းနှင့် ဒုဥက္ကဌ ဆရာဦးဇော်အောင်တို့မှ အမှာစကား ပြောကြားခဲ့ကြပါသည်။ ဆက်လက်ပြီး Sonic Sign အဖွဲ့၏ တာဝန်ခံ ဆရာဦးထိန်လင်းနှင့် ဆရာဦးနေရဲလင်းတို့မှ ဓာတ်ပုံရိုက် နည်းပညာများကို ဆရာဦးဝဏ္ဏဟိန်း၏ လက်သင်္ကေတ(sign language) အကူအညီဖြင့် ပို့ချခဲ့ပါသည်။ ၄င်းသင်တန်းအတွက် သင်ထောက်ကူပစ္စည်း ကင်မရာနှင့် ဆက်စပ်ပစ္စည်းများကို Fuji Filmမှ ပံ့ပိုးကူညီပေးခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ စင်တာ၏ တွဲဘက်အတွင်းရေးမှူး(၁) ဆရာဦးအောင်မြင့်၊ တွဲဘက်အတွင်း ရေးမှူး(၂) ဆရာမဒေါ်စန္ဒီအေး၊ ပြန်ကြားရေးမှူး

Social media မှဘယ်လိုစာသင်ကြမလဲ ဆွေးနွေးပွဲ

  ပညာရေး လေ့ကျင့်ရေးနှင့်လူမူဖွံဖြိုးတိုးတက်ရေးစင်တာမှ ကြီးမှူး၍ မြန်မာနိုင်ငံတဝှမ်းရှိ ဆရာ/ဆရာမများ၏ သင်ကြားရေး စွမ်းရည်မြင့်မားလာရေးကို ရည်ရွယ်၍ ကျင်းပသော "Social media မှဘယ်လိုစာသင်ကြမလဲ" ခေါင်းစဥ်ဖြင့် ဟောပြောပွဲ အခမ်းအနားအား  (3-1-2021)နေ့ နံနက် ၁၀နါရီ အချိန်တွင် Zoom Meetingsဖြင့် ​​ ကျင်းပရာ ပထမဦးစွာ စင်တာ၏ ဦးစီးနာယကကြီးဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြာပြီး စင်တာ၏နာယက ပါမောက္ခ ဒေါက်တာစိုးနိုင်(ဌာနမှူး/မြန်မာစာဌာန ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်)နှင့် စင်တာ၏ဥက္ကဌ ဆရာဂျက်ဖရီတင်အုန်း တို့မှ အသီးသီး အမှာစကားပြောကြားကြပါသည်။ ဆက်လက်၍ စင်တာ၏ activities လှုပ်ရှားမူ့များကို vedio clip ဖွင့်၍ စင်တာ၏ ဒုဥက္ကဌ ဆရာဦးဇော်အောင်က တင်ပြပြီး ဟောပြောပို့ချမည့် ဆရာဦးထွန်းလင်း(ဓာတုဗေဒ)၏ ကိုယ်ရေးအကျဥ်းကို စင်တာ၏ တွဲဖက်အတွင်းရေးမှူး ဆရာမဒေါ်စန္ဒီအေးမှ ဖတ်ကြားတင်ပြကာ ဆက်လက်၍ ဆရာဦးထွန်းလင်း(ဓာတုဗေဒ)က "Social media မှ ဘယ်လိုစာသင်ကြမလဲ"ခေါင်းစဥ်ဖြင့် ဟောပြောပို့ချခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ ဆရာမ သင်တန်းသား ဦးရေ (၁၀၀)ခန့် တက်ရောက်ခဲ့ကြပြီး (3-1-2021)နေ့တွင် zoom meeting

@tecmyanmar, All rights reserved.