Skip to main content

ဆေးဝါးကျွမ်းကျင်အကူ ပညာဒါန သင်တန်းဆင်းပွဲနှင့် သင်တန်းအောင်လက်မှတ်များချီးမြင့်ခြင်း အခမ်းအနား ကျင်းပခြင်

"ဆေးဝါးကျွမ်းကျင်အကူ ပညာဒါန သင်တန်းဆင်းပွဲနှင့် သင်တန်းအောင်လက်မှတ်များချီးမြင့်ခြင်း အခမ်းအနား ကျင်းပခြင်း"





 ပညာရေး၊ လေ့ကျင့်ရေးနှင့်လူမှုဖွံဖြိုးတိုးတက်ရေးစင်တာ(TEC myanmar)မှ ကြီးမှူး၍ ေဆးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်း(အမှတ်စဉ် ၁) ၏ သင်တန်းဆင်းပွဲနှင့် သင်တန်းအောင်လက်မှတ် ချီးမြင့်ပွဲ အခမ်းအနားကို ယမန်နေ့ (13-2-2022)ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က TECရံုးခန်းမတွင် ကျင်းပရာ စင်တာ၏ အဖွဲ့ဝင် ဆရာ ဆရာမများ၊ သင်တန်းဆရာ ဆရာမများ၊ ဖိတ်ကြားထားသော ဧည်သည်တော်များနှင့် သင်တန်းသား/သူ များ တက်ရောက်ခဲ့ကြပါသည်။


    အဆိုပါ အခမ်းအနားတွင် စင်တာ၏ ဥက္ကဌ ဆရာဂျက်ဖရီတင်အုန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ စင်တာ၏ဦးစီးနာယကဟာဂျီဦးမြင့်နိုင်နှင့် နာယက ပါမောက္ခ ဒေါက်တာစိုးနိုင် တို့မှ အသီးသီး အမှာစကားပြောကြားကြပါသည်။

      ဆက်လက်၍ သင်တန်း ဆရာ ဆရာမများက သင်တန်းသား/သူများအား ဆုံးမ သြဝါဒ စကားများမြွက်ကြားခဲ့ပြီး ဆရာ ဆရာမများအား ဂုဏ်ပြုလက်မှတ်များချီးမြင့်ခြင်းနှင့် သင်တန်းသား/ သူများအား သင်တန်းအောင်လက်မှတ်များ ပေးအပ်ကြပါသည်။

      ထို့နောက် သင်တန်းသား/သူ များက သင်တန်းဆရာ ဆရာမများအား ကတော့လက်ဆောင်များ ချီးမြင့်ကြပြီး အခမ်းအနားအား နံနက် ၁၁ နာရီ ခန့်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ 

       အဆိုပါအခမ်းအနားတွင် အခမ်းအနားမှူးအဖြင့် ဆရာဦးဇော်အောင်မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး သင်တန်းသား (၃၀)ဦးခန့့်ကို သင်တန်းအောင်လက်မှတ်များ ပေးအပ်နိုင်ခဲ့ပါသည်။

       ဆေးဝါးကျွမ်းကျင်အကူသင်တန်း အမှတ်စဉ် ၂ ကို (19-2-2022)ရက်နေ့တွင် ဆက်လက်၍ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းချိန်များမှာ နံနက် ၉ နာရီ မှ နေ့လည် ၁၂နာရီ အထိ အပတ်စဥ် စနေနှင့် တနင်္ဂနွေ နေ့တိုင်း အချိန်ကာလ (၂)လခွဲကြာ ပို့ချပေးမည်ဖြစ်သည်။


                                                             TEC news

Comments

Popular posts from this blog

ဆေးဝါးကျွမ်းကျင်အကူ ပညာဒါနသင်တန်း ဖွင့်လှစ်ခြင်း

 ပညာရေး၊လေ့ကျင့်ရေးနှင့်လူမူ့ဖွံဖြိုးတိုးတက်ရေး စင်တာ(TEC Myanmar)မှ ကြီးမှူး၍   - လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရေး အတွက်ကို ရည်ရွယ်၍  ...............   "ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်း"    အပတ်စဥ်  (၄) ကို ဖွင့်လှစ်မည်ဖြစ်ရာ "သင်တန်းသားဦးရေကို ကန့်သတ်ထားပါ၍" မည်သူမဆို ကြိုတင် စာရင်းပေး တက်ရောက်သင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည် သင်ကြားမည့် ဆရာ/ဆရာမများ  """"""""""""""""""""""""""""""""""""""""""""""""      ♥ Dr Maung Maung Kyaw            [M.B.B.S (YGN), MPH (Mahidol)]      ♥Dr Kyaw Min Htut( ရှင်ပါကူ ဆေးရုံ)           - ​ ဆေးဝါး နှင့် ဆေးရုံသုံး ပစ္စည်းများ အကြောင်း               ♥   U Zayyar Myo Oo (Pharmacist)          - နောက်ဆုံးပေါ် ဆေးဝါးများ အသုံးပြုနည်းနှ...

ကမ္ဘာဂြိုဟ်မြေအကြောင်းသိကောင်းစရာ

ကမ္ဘာဂြိုလ်သည် နေအဖွဲ့အစည်းတွင် နေနှင့်အနီးဆုံး တတိယမြောက်ဂြိုဟ်ဖြစ်သည်။ ကမ္ဘာဂြိုဟ် (Earth) သည် လူသားများ၊ တိရစ္ဆာန်များနှင့် အပင်တို့ ရှင်သန်နေထိုင်ရာ ဂြိုဟ်တစ်ခုဖြစ်သည်။ နေမှရေတွက်ပါက တတိယမြောက်ဂြိုဟ်တစ်စင်း ဖြစ်သည်။ ကမ္ဘာတွင် ဂြိုဟ်ရံလတစ်စင်းသာရှိသည်။                 ကမ္ဘာသည် နေကို ၃၆၅.၂၅၆၄ ရက်တွင် တစ်ကြိမ် လှည့်ပတ်နေပြီး တစ်နှစ်ဟုသတ်မှတ်ကြသည်။ ရေဒီယို မက်ထရစ်ရက်စွဲအရ ကမ္ဘာသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၄.၅၄ ဘီလီယံ အကြာက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ နေသည် ကမ္ဘာကို ထွန်းလင်ရန် အလင်းရောင်နှင့် အပူချိန်ကိုပေးသည်။ ၎င်းအပူစွမ်းအင်ကြောင့် ကမ္ဘာကြီး၏ အောက်ဆုံးလေထုလွှာတွင် ရာသီဥတု (နေပူ၊ လေတိုက်၊ မိုးရွာ၊ နှင်းကျ၊ မုန်တိုင်းတိုက်)အခြေအနေများကို ဖြစ်ပေါ်လာစေသည်။      ကမ္ဘာသည် ရေပါဝင်မှု ၇၁% နှင့် ကုန်းမြေ ၂၉% ခန့်ရှိသည်။ နေအဖွဲ့အစည်းအတွင်း သက်ရှိနေထိုင်နိုင်သော တစ်ခုတည်းသော ဂြိုဟ်ဖြစ်သည်။ သက်ရှိမျိုးစိတ်ပေါင်း ၁၀-၁၄ မီလီယံခန့် နေထိုင်ကြပြီး လူသားမျိုးနွယ်တို့မှာ အရေအတွက်အားဖြင့် ၇.၆ ဘီလီယံခန့်ဖြစ်သည်။ အနီးရှိ ကြာသပတေးဂြိုဟ်၏ ပြင်းထ...

“စနစ်သစ် ပညာရေး အကြောင်း ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်”

 “စနစ်သစ် ပညာရေး အကြောင်း ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်” Grade 10,11,12 စသည် အတန်း သုံးတန်းစလုံးမှာ  အဆင့်သတ်မှတ်ချက် “Grade A” ရရှိလျှင် ကိုယ်ကြိုက်နှစ်သက်ရာတက္ကသိုလ်ကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်။အဆင့်သတ်မှတ်ချက် “Grade B နှင့် C”ရရှိတဲ့သူက သတ်မှတ်ထားတဲ့ တက္ကသိုလ်သာ ရွေးချယ်ရမှာဖြစ်ပါတယ်။ # Grade 10 (ဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ # Grade 11 (ဧကဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ # Grade 12 (ဒွာဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ  -နိုင်ငံတော်အစိုးရစစ်စာမေးပွဲ စာမေးပွဲ “နှစ်ခု” ရှိပါသည်။ Grade 12  (ဒွာဒသမတန်း)တွင် ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက”အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်” (High School completion certificate) ရရှိမည်ဖြစ်သည်။  ထိုလက်မှတ်ဖြင့်  -ကောလိပ်များ -Instituteများ -ပညာရေးကောလိပ် -GTI အစရှိသည့်တို့တွင်   ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။ သို့သော် နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲကိုဖြေဆိုအောင်မြင်မှသာလျင် “တက္ကသိုလ်” များတွင် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ Grade 12  (ဒွာဒသမတန်း) နိုင်ငံတေ...

@tecmyanmar, All rights reserved.