Skip to main content

Grade-12 (အစိုးရစစ်) ဘာသာစုံ ပညာဒါန တန်းခွဲ ဖွင့်လှစ်ခြင်း

 (2023-2024) ပညာသင်နှစ်အတွက် TEC Myanmar မှ Grade-12(အစိုးရစစ်) ပညာဒါန ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေငြာခြင်း

""""'""""""""""""""""""@@@@@@@"""""""""""""""""""

       ပညာရေး၊လေ့ကျင့်ရေးနှင့်လူမှုဖွံဖြိုးမှု စင်တာ (TEC Myanmar) မှ ပါမောက္ခများနှင့် ဝါရင့်ဆရာ ဆရာမများ တာဝန်ယူ သင်ကြားမည့် ..........


            Grade-12 (အစိုးရစစ်) ဘာသာစုံ ပညာဒါန 

                       တန်းခွဲဖွင့်လှစ်ခြင်း

        (10-7-2023)ရက်​နေ့ စဖွင့်ပါမည်။


👨‍🏫 ဘယ်ဆရာတွေ သင်ကြားမလဲ?     

 👑       ပါမောက္ခ များနှင့် သမ္ဘာရင့် ဝါရင့် ဆရာ   ဆရာမကြီးများက တာဝန်ယူသင်ကြားပါ့မယ်.......

       မြန်မာစာ      -ပါမောက္ခ ဒေါက်တာစိုးနိုင်

                             -ဆရာမ ဒေါ်အေးအေးနွယ်

       အင်္ဂလိပ်စာ   -ဆရာဂျက်ဖရီတင်အုန်း

       သင်္ချာ           -တွဲဖက်ပါမောက္ခ ဒေါက်တာကျော်အေး

       ဓာတုဗေဒ.       -ဆရာဦးဇော်အောင်

       ရူပဗေဒ.           -ဆရာဦးဇော်မျိုးအောင်

       ဇီဝဗေဒ.           -ဆရာဦးဌေးအောင်

       ဘောဂဗေဒ.     -ဆရာနေထက်အောင်


  👍  ဘာအကျိုးကျေးဇူးတွေရမှာလဲ?

   🎓 စာစစ်အတွေ့အကြုံရင့် ပါမောက္ခများ၊ယနေ့ ပြဌာန်းထားတဲ့ စနစ်သစ် သင်ရိုးစာအုပ်ကို လေ့လာနည်း သင်ကြားနည်းစာအုပ်များကိုယ်တိုင် ရေးသားထုတ်ဝေနေသော ဆရာများနှင့် ရန်ကုန်မြို့ရဲ့ နာမည်ကျော် ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် လက်ရှိသင်ကြားနေသော  စာသင်အတွေ့အကြုံရင့် ဆရာကြီး ဆရာမကြီးများက သင်ကြားကြမှာ ဖြစ်တဲ့အတွက် ကျောင်းစည်းကမ်းကိုသာ လိုက်နာခဲ့ရင် အောင်မြင်ဖို့ ထူးချွန်ဖို့ကို ဆရာများမှ အာမခံပါသည်။



      ✌  ကျောင်းချိန်လွတ် စီစဉ်ထား၍ ကျောင်းတွင်းဖြေ 

နှင့် ပြင်ပဖြေကျောင်းသား (၂)မျိုးလုံး တက်ရောက်နိုင်သည်။

  

 📃  လစဥ် စာမေးပွဲများ စစ်မေးပြီး မိဘများထံ ကျောင်းသားများ၏ ပညာရေးမှတ်တမ်းများကို ပေးပို့ပေးပါမည်။


 📆  သင်တန်း အစီစဉ် တွေက ဘယ်လို စီစဥ်ထားလဲ?

🗒       သင်တန်းအစီအစဥ် ကတော့........

စဖွင့်မည့်နေ့                10-7-2023

 ကန့်သတ်ဦးရေ            30ဦးသာ 👨‍👦‍👦👩‍👧👩‍👧👨‍👩‍👧‍👦👨‍👨‍👧

 သင်ထောက်ကူကြေး   လစဥ် ၇၀ ၀၀၀ကျပ်(ဆရာများ

                                       ဉာဏ်ပူဇော်ကြေး အပါ)

                                 


 (Grade- 12အတွက် ပုံမှန်သင်တန်း

                                       ကြေးသည် လစဥ် 150 000ကျပ်

                                        ခန့်ရှိပါသည်။)

သင်တန်းတည်နေရာ    အမှတ်(၈၇) မြေညီ မန္တလေး 

                                     လမ်း၊ မင်္ဂလာတောင်ညွန့်

                                     မြို့နယ်၊ ရန်ကုန်မြို့။ 🏥🏥

ဆက်သွယ်ရန်ဖုန်း        ☎ ၀၉ ၄၅၀ ၂၁၇၁၇၀

                                     ☎ ၀၉ ၅၀၈ ၇၇၇၄

                                     ☎ ၀၉ ၅၇၁၈၆ ၉၉၀၅

Comments

Popular posts from this blog

ကမ္ဘာဂြိုဟ်မြေအကြောင်းသိကောင်းစရာ

ကမ္ဘာဂြိုလ်သည် နေအဖွဲ့အစည်းတွင် နေနှင့်အနီးဆုံး တတိယမြောက်ဂြိုဟ်ဖြစ်သည်။ ကမ္ဘာဂြိုဟ် (Earth) သည် လူသားများ၊ တိရစ္ဆာန်များနှင့် အပင်တို့ ရှင်သန်နေထိုင်ရာ ဂြိုဟ်တစ်ခုဖြစ်သည်။ နေမှရေတွက်ပါက တတိယမြောက်ဂြိုဟ်တစ်စင်း ဖြစ်သည်။ ကမ္ဘာတွင် ဂြိုဟ်ရံလတစ်စင်းသာရှိသည်။                 ကမ္ဘာသည် နေကို ၃၆၅.၂၅၆၄ ရက်တွင် တစ်ကြိမ် လှည့်ပတ်နေပြီး တစ်နှစ်ဟုသတ်မှတ်ကြသည်။ ရေဒီယို မက်ထရစ်ရက်စွဲအရ ကမ္ဘာသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၄.၅၄ ဘီလီယံ အကြာက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ နေသည် ကမ္ဘာကို ထွန်းလင်ရန် အလင်းရောင်နှင့် အပူချိန်ကိုပေးသည်။ ၎င်းအပူစွမ်းအင်ကြောင့် ကမ္ဘာကြီး၏ အောက်ဆုံးလေထုလွှာတွင် ရာသီဥတု (နေပူ၊ လေတိုက်၊ မိုးရွာ၊ နှင်းကျ၊ မုန်တိုင်းတိုက်)အခြေအနေများကို ဖြစ်ပေါ်လာစေသည်။      ကမ္ဘာသည် ရေပါဝင်မှု ၇၁% နှင့် ကုန်းမြေ ၂၉% ခန့်ရှိသည်။ နေအဖွဲ့အစည်းအတွင်း သက်ရှိနေထိုင်နိုင်သော တစ်ခုတည်းသော ဂြိုဟ်ဖြစ်သည်။ သက်ရှိမျိုးစိတ်ပေါင်း ၁၀-၁၄ မီလီယံခန့် နေထိုင်ကြပြီး လူသားမျိုးနွယ်တို့မှာ အရေအတွက်အားဖြင့် ၇.၆ ဘီလီယံခန့်ဖြစ်သည်။ အနီးရှိ ကြာသပတေးဂြိုဟ်၏ ပြင်းထ...

“စနစ်သစ် ပညာရေး အကြောင်း ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်”

 “စနစ်သစ် ပညာရေး အကြောင်း ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်” Grade 10,11,12 စသည် အတန်း သုံးတန်းစလုံးမှာ  အဆင့်သတ်မှတ်ချက် “Grade A” ရရှိလျှင် ကိုယ်ကြိုက်နှစ်သက်ရာတက္ကသိုလ်ကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်။အဆင့်သတ်မှတ်ချက် “Grade B နှင့် C”ရရှိတဲ့သူက သတ်မှတ်ထားတဲ့ တက္ကသိုလ်သာ ရွေးချယ်ရမှာဖြစ်ပါတယ်။ # Grade 10 (ဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ # Grade 11 (ဧကဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ # Grade 12 (ဒွာဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ  -နိုင်ငံတော်အစိုးရစစ်စာမေးပွဲ စာမေးပွဲ “နှစ်ခု” ရှိပါသည်။ Grade 12  (ဒွာဒသမတန်း)တွင် ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက”အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်” (High School completion certificate) ရရှိမည်ဖြစ်သည်။  ထိုလက်မှတ်ဖြင့်  -ကောလိပ်များ -Instituteများ -ပညာရေးကောလိပ် -GTI အစရှိသည့်တို့တွင်   ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။ သို့သော် နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲကိုဖြေဆိုအောင်မြင်မှသာလျင် “တက္ကသိုလ်” များတွင် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ Grade 12  (ဒွာဒသမတန်း) နိုင်ငံတေ...

Diploma in ECCD သင်တန်းဆင်းပွဲနှင့် သင်တန်းအောင်လက်မှတ် ချီးမြှင့်ပွဲအခမ်းအနား ကျင်းပခြင်း

 ယနေ့ ပညာရေး၊ လေ့ကျင့်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးစင်တာ(TEC Myanmar)မှ ကြီးမှူးဖွင့်လှစ်ခဲ့သော Dip in ECCD(ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်  ဖွံ့ဖြိုးမှုဆိုင်ရာ ဒီပလိုမာသင်တန်း)၊ ဆေးဝါးအကူ ကျွမ်းကျင် သင်တန်း၊ သူနာပြုအကူ ကျွမ်းကျင်သင်တန်းနှင့် English language for Students and jobs(ကျောင်းသားနှင့် လုပ်ငန်းခွင် အင်္ဂလိပ်စာသင်တန်း)တို့၏ သင်တန်းဆင်းပွဲနှင့် သင်တန်း အောင်လက် မှတ် ချီးမြှင့်ပွဲ အခမ်းအနားအား နေ့လည် (၂)နာရီ အချိန်တွင် မင်္ဂလာတောင်ညွန့်  သိမ်ဖြူလမ်း ရှိ Eden Hall ခန်းမ၌ ကျင်းပရာ TEC Myanmar မှ အဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသူ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။     အခမ်းအနားတွင် ပထမဦးစွာ စင်တာ၏ ဥက္ကဌ ဆရာဂျက်ဖရီ တင်အုန်းက အဖွင့်အမှာ စကားပြော​ကြားပြီး စင်တာ၏ လုပ်ငန်းဦးစီးနာယက ဟာဂျီမြင့်နိုင်နှင့် စင်တာ၏ နာယက ပါမောက္ခ ဒေါက်တာစိုးနိုင်တို့က အသီးသီး အမှာစကားပြောကြားကြပါသည်။       ဆက်လက်၍ TEC Myanmar စင်တာ၏ လုပ်ငန်းဖော်ဆောင်မူ့များကို စင်တာ၏ အတွင်းရေးမှူး ဆရာဦးဇော်အောင်က power point slid...

@tecmyanmar, All rights reserved.