Skip to main content

Diploma in ECCD သင်တန်းဆင်းပွဲနှင့် သင်တန်းအောင်လက်မှတ် ချီးမြှင့်ပွဲအခမ်းအနား ကျင်းပခြင်း

 ယနေ့ ပညာရေး၊ လေ့ကျင့်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးစင်တာ(TEC Myanmar)မှ ကြီးမှူးဖွင့်လှစ်ခဲ့သော Dip in ECCD(ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်  ဖွံ့ဖြိုးမှုဆိုင်ရာ ဒီပလိုမာသင်တန်း)၊ ဆေးဝါးအကူ ကျွမ်းကျင် သင်တန်း၊ သူနာပြုအကူ ကျွမ်းကျင်သင်တန်းနှင့် English language for Students and jobs(ကျောင်းသားနှင့် လုပ်ငန်းခွင် အင်္ဂလိပ်စာသင်တန်း)တို့၏ သင်တန်းဆင်းပွဲနှင့် သင်တန်း အောင်လက် မှတ် ချီးမြှင့်ပွဲ အခမ်းအနားအား နေ့လည် (၂)နာရီ အချိန်တွင် မင်္ဂလာတောင်ညွန့်  သိမ်ဖြူလမ်း ရှိ Eden Hall ခန်းမ၌ ကျင်းပရာ TEC Myanmar မှ အဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသူ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။





    အခမ်းအနားတွင် ပထမဦးစွာ စင်တာ၏ ဥက္ကဌ ဆရာဂျက်ဖရီ တင်အုန်းက အဖွင့်အမှာ စကားပြော​ကြားပြီး စင်တာ၏ လုပ်ငန်းဦးစီးနာယက ဟာဂျီမြင့်နိုင်နှင့် စင်တာ၏ နာယက ပါမောက္ခ ဒေါက်တာစိုးနိုင်တို့က အသီးသီး အမှာစကားပြောကြားကြပါသည်။



      ဆက်လက်၍ TEC Myanmar စင်တာ၏ လုပ်ငန်းဖော်ဆောင်မူ့များကို စင်တာ၏ အတွင်းရေးမှူး ဆရာဦးဇော်အောင်က power point slides များဖြင့် ရှင်ပြခဲ့ပြီး ပြီးနောက် သင်တန်း ဆရာ ဆရာမများကို ဂုဏ်ပြုလွှာများ ချီးမြှင့်ခဲ့ပါသည်။





     ထို့နောက် Dip in ECCD သင်တန်း၌ တက်ရောက်အောင်မြင်ခဲ့သော သင်တန်းသားများကို သင်တန်း ဆရာမကြီးဖြစ်ကြသော ပါမောက္ခဒေါက်တာ ခင်မာနီ (ပညာရေးတက္ကသိုလ်-ရန်ကုန်)နှင့် မလေးရှာ နည်းပညာတက္ကသိုလ်မှ ဒေါက်တာ မီမီကျော်တို့က ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆက်လက်၍ ဒေါက်တာ ခင်မောင်ကြည်၊ ဒေါက်တာ မောင်မောင်လေးနှင့် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင် ဆရာဦးအောင်ကိုလတ်တို့က ဆေးဝါးကျွမ်းကျင်အကူ နှင့် သူနာပြုကျွမ်းကျင်အကူ သင်တန်းသားများကို အောင်လက်မှတ်များ ချီးမြှင့်ခဲ့ကြပါသည်။



        ထို့အပြင် Dip in ECCD သင်တန်းသားအား ဆရာမကြီး ပါမောက္ခဒေါက်တာ ခင်မာနီမ ဆုံးမသြဝါဒစကားပြေကြားခဲ့ပြီး ညနေ (၄)နာရီခန့်တွင် အခမ်းအနားအားအောင်မြင်စွာ ပြီးမြောက်စေခဲ့ပါသည်။

Comments

Popular posts from this blog

ဆေးဝါးကျွမ်းကျင်အကူ ပညာဒါနသင်တန်း ဖွင့်လှစ်ခြင်း

 ပညာရေး၊လေ့ကျင့်ရေးနှင့်လူမူ့ဖွံဖြိုးတိုးတက်ရေး စင်တာ(TEC Myanmar)မှ ကြီးမှူး၍   - လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရေး အတွက်ကို ရည်ရွယ်၍  ...............   "ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်း"    အပတ်စဥ်  (၄) ကို ဖွင့်လှစ်မည်ဖြစ်ရာ "သင်တန်းသားဦးရေကို ကန့်သတ်ထားပါ၍" မည်သူမဆို ကြိုတင် စာရင်းပေး တက်ရောက်သင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည် သင်ကြားမည့် ဆရာ/ဆရာမများ  """"""""""""""""""""""""""""""""""""""""""""""""      ♥ Dr Maung Maung Kyaw            [M.B.B.S (YGN), MPH (Mahidol)]      ♥Dr Kyaw Min Htut( ရှင်ပါကူ ဆေးရုံ)           - ​ ဆေးဝါး နှင့် ဆေးရုံသုံး ပစ္စည်းများ အကြောင်း               ♥   U Zayyar Myo Oo (Pharmacist)          - နောက်ဆုံးပေါ် ဆေးဝါးများ အသုံးပြုနည်းနှ

“စနစ်သစ် ပညာရေး အကြောင်း ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်”

 “စနစ်သစ် ပညာရေး အကြောင်း ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်” Grade 10,11,12 စသည် အတန်း သုံးတန်းစလုံးမှာ  အဆင့်သတ်မှတ်ချက် “Grade A” ရရှိလျှင် ကိုယ်ကြိုက်နှစ်သက်ရာတက္ကသိုလ်ကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်။အဆင့်သတ်မှတ်ချက် “Grade B နှင့် C”ရရှိတဲ့သူက သတ်မှတ်ထားတဲ့ တက္ကသိုလ်သာ ရွေးချယ်ရမှာဖြစ်ပါတယ်။ # Grade 10 (ဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ # Grade 11 (ဧကဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ # Grade 12 (ဒွာဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ  -နိုင်ငံတော်အစိုးရစစ်စာမေးပွဲ စာမေးပွဲ “နှစ်ခု” ရှိပါသည်။ Grade 12  (ဒွာဒသမတန်း)တွင် ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက”အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်” (High School completion certificate) ရရှိမည်ဖြစ်သည်။  ထိုလက်မှတ်ဖြင့်  -ကောလိပ်များ -Instituteများ -ပညာရေးကောလိပ် -GTI အစရှိသည့်တို့တွင်   ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။ သို့သော် နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲကိုဖြေဆိုအောင်မြင်မှသာလျင် “တက္ကသိုလ်” များတွင် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ Grade 12  (ဒွာဒသမတန်း) နိုင်ငံတော်အစိုးရစစ်စာမေးပွဲသည် “Grade” အဆင့်သတ်မှတ်ခ

အာရဗီအခြေခံ စကာပြော ပညာဒါန သင်တန်ဖွင့်လှစ်ခြင်းး

 ပညာရေး၊လေ့ကျင့်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးစင်တာ(TEC Myanmar Centre)မှ လူငယ်များ အလုပ် အကိုင် အခွင့်အလမ်းများ ရရှိရန်နှင့် နိုင်ငံတကာပညာသင်ဆုများ ရရှိနိုင်ရန် အထောက်အကူရရှိစေရေးတို့ကို ရည်ရွယ်၍ လူမျိုးဘာသာမရွေးတက်ရောက်နိုင်သည့်" အာရဗီ အခြေခံ ပညာဒါနသင်တန်း"ကို ဖွင့်လှစ်မည်ဖြစ်ပါသည်   " အာရဗီအခြေခံပညာဒါနသင်တန်း"     သင်ကြားပို့ချမည့်ဆရာ........             ဒေါက်တာရဲထွန်း [P.hd ( International law),                                        Al-Azhar university, Egypt) ♥ကထိက(ဥပဒေဌာန)၊ ဖေရန်းတက္ကသိုလ်၊  အီဂျစ်    ♥နည်းပြ (အီဂျစ်နိုင်ငံ ဘာသာစာပေစင်တာ)   သင်တန်း၏ အကျိုးကျေးဇူးများ     - အာရှ အရှေ့အလယ်ပိုင်း နိုင်ငံများတွင် အလုပ်အ       ကိုင် အခွင့်အလမ်းများ ရရှိစေခြင်း။     - လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာမည့် အခက်အခဲများ        ကို သက်ဆိုင်ရာ အစိုးရဌာနများသို့ အကူအညီ         တောင်းခံမူ့များတွင် အစင်ပြေချောမွေ့စေခြင်း။    - အရှေ့အလယ်ပိုင်း တက္ကသိုလ်များတွင် ပညာဆည်း      ပူရာတွင်လည်ကောင်း၊ ပညာသင်ဆု လျှောက်ထားရာ      တွင်လည်းကောင်း အထောက်အပံ ဖြစ်စေခြင်း။        ..........စ

@tecmyanmar, All rights reserved.