Skip to main content

မသန်စွမ်း(နားမကြား) ဆယ်ကျော်သက်(teenagers)များ၏ အလုပ်အကိုင်အခွင့်အလမ်း အသက်မွေးဝမ်းကြောင်းမူ့ပြုနိုင်ရေး ဓာတ်ပုံ သင်တန်း


 အမေရိကန်သံရုံးမှ ကူညီပံပိုးမူ့ဖြင့် ပညာရေး၊ လေကျင့်ရေးနှင့် လူမှုဖွံဖြိုးတိုးတက်ရေးစင်တာ(TEC development centre) နှင့် Sonic Sign အဖွဲ့တို့ ပူးပေါင်း၍ မသန်စွမ်း(နားမကြား) ဆယ်ကျော်သက်(teenagers)များ၏ အလုပ်အကိုင်အခွင့်အလမ်း အသက် မွေးဝမ်းကြောင်းမူ့ပြုနိုင်ရေးကို ရည်ရွယ်ပြီး(25-1-2021)မှ (5-2-2021)ရက်နေ့ထိ (၁၂)ရက်တာ ဖွင့်လှစ်မည့် "ဓာတ်ပုံရိုက် ပညာ" သင်တန်းကို 25-1-2021 နံနက် (၁၀)နာရီ အချိန်တွင် စတင်ဖွင့်လှစ်ရာ စင်တာ၏ ဦးစီးနာယကကြီး ဦးမြင့်နိုင်မှ အဖွင့်အမှာ စကားပြောကြားကာ ဆက်လက်၍ ဥက္ကဌ ဆရာဂျက်ဖရီ တင်အုန်းနှင့် ဒုဥက္ကဌ ဆရာဦးဇော်အောင်တို့မှ အမှာစကား ပြောကြားခဲ့ကြပါသည်။

ဆက်လက်ပြီး Sonic Sign အဖွဲ့၏ တာဝန်ခံ ဆရာဦးထိန်လင်းနှင့် ဆရာဦးနေရဲလင်းတို့မှ ဓာတ်ပုံရိုက် နည်းပညာများကို ဆရာဦးဝဏ္ဏဟိန်း၏ လက်သင်္ကေတ(sign language) အကူအညီဖြင့် ပို့ချခဲ့ပါသည်။

၄င်းသင်တန်းအတွက် သင်ထောက်ကူပစ္စည်း ကင်မရာနှင့် ဆက်စပ်ပစ္စည်းများကို Fuji Filmမှ ပံ့ပိုးကူညီပေးခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ စင်တာ၏ တွဲဘက်အတွင်းရေးမှူး(၁) ဆရာဦးအောင်မြင့်၊ တွဲဘက်အတွင်း ရေးမှူး(၂) ဆရာမဒေါ်စန္ဒီအေး၊ ပြန်ကြားရေးမှူး ဆရာဦးသန်းတင်၊ တွဲစာရင်းစစ် ဒေါက်တာသန္တာဦးနှင့် Sonic Signအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

သင်တန်းသားများနှင့် ဧည့်သည်များအတွက်Breakfast နံနက်စာကို စင်တာ၏ တွဲဘက်အတွင်းရေးမှူး ဆရာမဒေါ်စန္ဒီအေးမှ မွေးနေ့အလှူအဖြင့် ကြွေးမွေးဧည့်ခံခဲ့ပါသည်။

Popular posts from this blog

“စနစ်သစ် ပညာရေး အကြောင်း ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်”

 “စနစ်သစ် ပညာရေး အကြောင်း ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်” Grade 10,11,12 စသည် အတန်း သုံးတန်းစလုံးမှာ  အဆင့်သတ်မှတ်ချက် “Grade A” ရရှိလျှင် ကိုယ်ကြိုက်နှစ်သက်ရာတက္ကသိုလ်ကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်။အဆင့်သတ်မှတ်ချက် “Grade B နှင့် C”ရရှိတဲ့သူက သတ်မှတ်ထားတဲ့ တက္ကသိုလ်သာ ရွေးချယ်ရမှာဖြစ်ပါတယ်။ # Grade 10 (ဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ # Grade 11 (ဧကဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ # Grade 12 (ဒွာဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ  -နိုင်ငံတော်အစိုးရစစ်စာမေးပွဲ စာမေးပွဲ “နှစ်ခု” ရှိပါသည်။ Grade 12  (ဒွာဒသမတန်း)တွင် ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက”အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်” (High School completion certificate) ရရှိမည်ဖြစ်သည်။  ထိုလက်မှတ်ဖြင့်  -ကောလိပ်များ -Instituteများ -ပညာရေးကောလိပ် -GTI အစရှိသည့်တို့တွင်   ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။ သို့သော် နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲကိုဖြေဆိုအောင်မြင်မှသာလျင် “တက္ကသိုလ်” များတွင် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ Grade 12  (ဒွာဒသမတန်း) နိုင်ငံတေ...

ဆေးဝါးကျွမ်းကျင် အကူ ပညာဒါနသင်တန်း အပတ်စဥ်(၃) ဖွင်လှစ်ခြင်း

 ပညာရေး၊လေ့ကျင့်ရေးနှင့်လူမူ့ဖွံဖြိုးတိုးတက်ရေး စင်တာ(TEC Myanmar)မှ ကြီးမှူး၍   - လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရေး အတွက်ကို ရည်ရွယ်၍  ...............   "ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်း"    အပတ်စဥ်  (၃) ကို ဖွင့်လှစ်မည်ဖြစ်ရာ "သင်တန်းသားဦးရေကို ကန့်သတ်ထားပါ၍" မည်သူမဆို ကြိုတင် စာရင်းပေး တက်ရောက်သင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည် သင်ကြားမည့် ဆရာ/ဆရာမများ  """"""""""""""""""""""""""""""""""""""""""""""""      ♥ Dr Maung Maung Kyaw            [M.B.B.S (YGN), MPH (Mahidol)]      ♥Dr Kyaw Min Htut( ရှင်ပါကူ ဆေးရုံ)           - ​ ဆေးဝါး နှင့် ဆေးရုံသုံး ပစ္စည်းများ အကြောင်း               ♥   U Zayyar Myo Oo (Pharmacist)          - နောက်ဆုံးပေါ် ဆေးဝါးများ အသုံးပြုနည်းနှ...

"သူနာပြုအကူ ကျွမ်းကျင် ပညာဒါန သင်တန်း" နှင့် " ဆေးဝါးကျွမ်းကျင်အကူ ပညာဒါန သင်တန်း အပတ်စဥ်(7)"

 📃 TEC Myanmarမှ.......       သူနာပြုအကူ ကျွမ်းကျင် သင်တန်းအပတ်စဥ်(၃) နှင့် ဆေးဝါးကျွမ်းကျင်အကူ သင်တန်း အပတ်စဥ်(၇) ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ကြေငြာခြင်း """""""""""""""""""""""""""""""""""""  🎓    ပညာရေး၊လေ့ကျင့်ရေးနှင့်လူမူ့ဖွံဖြိုးတိုးတက်ရေး စင်တာ(TEC Myanmar)မှ ကြီးမှူး၍ - လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး အတွက်ကို ရည်ရွယ်၍  ...............  "သူနာပြုအကူ ကျွမ်းကျင် ပညာဒါန သင်တန်း                                  နှင့်   " ဆေးဝါးကျွမ်းကျင်အကူ ပညာဒါန သင်တန်း"      များကို ဖွင့်လှစ်​မည်ဖြစ်ရာ "သင်တန်းသားဦးရေကို ကန့်သတ်ထားပါ၍" မည်သူမဆို တက်ရောက်သင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည်။ 👩‍🏫 သင်ကြားမည့် ဆရာ/ဆရာမများ  """"""""""""""""""""""""""...

@tecmyanmar, All rights reserved.