ပညာရေး လေ့ကျင့်ရေးနှင့်လူမူဖွံဖြိုးတိုးတက်ရေးစင်တာမှ ကြီးမှူး၍ မြန်မာနိုင်ငံတဝှမ်းရှိ ဆရာ/ဆရာမများ၏ သင်ကြားရေး စွမ်းရည်မြင့်မားလာရေးကို ရည်ရွယ်၍ ကျင်းပသော "Social media မှဘယ်လိုစာသင်ကြမလဲ"ခေါင်းစဥ်ဖြင့် ဟောပြောပွဲ အခမ်းအနားအား (3-1-2021)နေ့ နံနက် ၁၀နါရီ အချိန်တွင် Zoom Meetingsဖြင့် ကျင်းပရာ ပထမဦးစွာ စင်တာ၏ ဦးစီးနာယကကြီးဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြာပြီး စင်တာ၏နာယက ပါမောက္ခ ဒေါက်တာစိုးနိုင်(ဌာနမှူး/မြန်မာစာဌာန ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်)နှင့် စင်တာ၏ဥက္ကဌ ဆရာဂျက်ဖရီတင်အုန်း တို့မှ အသီးသီး အမှာစကားပြောကြားကြပါသည်။
ဆက်လက်၍ စင်တာ၏ activities လှုပ်ရှားမူ့များကို vedio clip ဖွင့်၍ စင်တာ၏ ဒုဥက္ကဌ ဆရာဦးဇော်အောင်က တင်ပြပြီး ဟောပြောပို့ချမည့် ဆရာဦးထွန်းလင်း(ဓာတုဗေဒ)၏ ကိုယ်ရေးအကျဥ်းကို စင်တာ၏ တွဲဖက်အတွင်းရေးမှူး ဆရာမဒေါ်စန္ဒီအေးမှ ဖတ်ကြားတင်ပြကာ ဆက်လက်၍ ဆရာဦးထွန်းလင်း(ဓာတုဗေဒ)က "Social media မှ ဘယ်လိုစာသင်ကြမလဲ"ခေါင်းစဥ်ဖြင့် ဟောပြောပို့ချခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲသို့ ဆရာ ဆရာမ သင်တန်းသား ဦးရေ (၁၀၀)ခန့် တက်ရောက်ခဲ့ကြပြီး (3-1-2021)နေ့တွင် zoom meeting အကြောင်း သိကောင်းစရာ(ပထမပိုင်း)ကို ဟောပြောခဲ့ကာ ဆရာ ဆရာမ သင်တန်းသားများ၏ သိရှိလိုသည်များကို ဆရာဦးထွန်းလင်းမှ အသေးစိတ် ပြန်လည်ဖြေကြားခဲ့ပါသည်။