Skip to main content

Social media မှဘယ်လိုစာသင်ကြမလဲ ဆွေးနွေးပွဲ

 



ပညာရေး လေ့ကျင့်ရေးနှင့်လူမူဖွံဖြိုးတိုးတက်ရေးစင်တာမှ ကြီးမှူး၍ မြန်မာနိုင်ငံတဝှမ်းရှိ ဆရာ/ဆရာမများ၏ သင်ကြားရေး စွမ်းရည်မြင့်မားလာရေးကို ရည်ရွယ်၍ ကျင်းပသော "Social media မှဘယ်လိုစာသင်ကြမလဲ"ခေါင်းစဥ်ဖြင့် ဟောပြောပွဲ အခမ်းအနားအား (3-1-2021)နေ့ နံနက် ၁၀နါရီ အချိန်တွင် Zoom Meetingsဖြင့် ​​ ကျင်းပရာ ပထမဦးစွာ စင်တာ၏ ဦးစီးနာယကကြီးဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြာပြီး စင်တာ၏နာယက ပါမောက္ခ ဒေါက်တာစိုးနိုင်(ဌာနမှူး/မြန်မာစာဌာန ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်)နှင့် စင်တာ၏ဥက္ကဌ ဆရာဂျက်ဖရီတင်အုန်း တို့မှ အသီးသီး အမှာစကားပြောကြားကြပါသည်။
♥ဆက်လက်၍ စင်တာ၏ activities လှုပ်ရှားမူ့များကို vedio clip ဖွင့်၍ စင်တာ၏ ဒုဥက္ကဌ ဆရာဦးဇော်အောင်က တင်ပြပြီး ဟောပြောပို့ချမည့် ဆရာဦးထွန်းလင်း(ဓာတုဗေဒ)၏ ကိုယ်ရေးအကျဥ်းကို စင်တာ၏ တွဲဖက်အတွင်းရေးမှူး ဆရာမဒေါ်စန္ဒီအေးမှ ဖတ်ကြားတင်ပြကာ ဆက်လက်၍ ဆရာဦးထွန်းလင်း(ဓာတုဗေဒ)က "Social media မှ ဘယ်လိုစာသင်ကြမလဲ"ခေါင်းစဥ်ဖြင့် ဟောပြောပို့ချခဲ့ပါသည်။
♥အဆိုပါ ဟောပြောပွဲသို့ ဆရာ ဆရာမ သင်တန်းသား ဦးရေ (၁၀၀)ခန့် တက်ရောက်ခဲ့ကြပြီး (3-1-2021)နေ့တွင် zoom meeting အကြောင်း သိကောင်းစရာ(ပထမပိုင်း)ကို ဟောပြောခဲ့ကာ ဆရာ ဆရာမ သင်တန်းသားများ၏ သိရှိလိုသည်များကို ဆရာဦးထွန်းလင်းမှ အသေးစိတ် ပြန်လည်ဖြေကြားခဲ့ပါသည်။

Popular posts from this blog

“စနစ်သစ် ပညာရေး အကြောင်း ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်”

 “စနစ်သစ် ပညာရေး အကြောင်း ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်” Grade 10,11,12 စသည် အတန်း သုံးတန်းစလုံးမှာ  အဆင့်သတ်မှတ်ချက် “Grade A” ရရှိလျှင် ကိုယ်ကြိုက်နှစ်သက်ရာတက္ကသိုလ်ကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်။အဆင့်သတ်မှတ်ချက် “Grade B နှင့် C”ရရှိတဲ့သူက သတ်မှတ်ထားတဲ့ တက္ကသိုလ်သာ ရွေးချယ်ရမှာဖြစ်ပါတယ်။ # Grade 10 (ဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ # Grade 11 (ဧကဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ # Grade 12 (ဒွာဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ  -နိုင်ငံတော်အစိုးရစစ်စာမေးပွဲ စာမေးပွဲ “နှစ်ခု” ရှိပါသည်။ Grade 12  (ဒွာဒသမတန်း)တွင် ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက”အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်” (High School completion certificate) ရရှိမည်ဖြစ်သည်။  ထိုလက်မှတ်ဖြင့်  -ကောလိပ်များ -Instituteများ -ပညာရေးကောလိပ် -GTI အစရှိသည့်တို့တွင်   ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။ သို့သော် နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲကိုဖြေဆိုအောင်မြင်မှသာလျင် “တက္ကသိုလ်” များတွင် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ Grade 12  (ဒွာဒသမတန်း) နိုင်ငံတေ...

ဆေးဝါးကျွမ်းကျင် အကူ ပညာဒါနသင်တန်း အပတ်စဥ်(၃) ဖွင်လှစ်ခြင်း

 ပညာရေး၊လေ့ကျင့်ရေးနှင့်လူမူ့ဖွံဖြိုးတိုးတက်ရေး စင်တာ(TEC Myanmar)မှ ကြီးမှူး၍   - လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရေး အတွက်ကို ရည်ရွယ်၍  ...............   "ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်း"    အပတ်စဥ်  (၃) ကို ဖွင့်လှစ်မည်ဖြစ်ရာ "သင်တန်းသားဦးရေကို ကန့်သတ်ထားပါ၍" မည်သူမဆို ကြိုတင် စာရင်းပေး တက်ရောက်သင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည် သင်ကြားမည့် ဆရာ/ဆရာမများ  """"""""""""""""""""""""""""""""""""""""""""""""      ♥ Dr Maung Maung Kyaw            [M.B.B.S (YGN), MPH (Mahidol)]      ♥Dr Kyaw Min Htut( ရှင်ပါကူ ဆေးရုံ)           - ​ ဆေးဝါး နှင့် ဆေးရုံသုံး ပစ္စည်းများ အကြောင်း               ♥   U Zayyar Myo Oo (Pharmacist)          - နောက်ဆုံးပေါ် ဆေးဝါးများ အသုံးပြုနည်းနှ...

"သူနာပြုအကူ ကျွမ်းကျင် ပညာဒါန သင်တန်း" နှင့် " ဆေးဝါးကျွမ်းကျင်အကူ ပညာဒါန သင်တန်း အပတ်စဥ်(7)"

 📃 TEC Myanmarမှ.......       သူနာပြုအကူ ကျွမ်းကျင် သင်တန်းအပတ်စဥ်(၃) နှင့် ဆေးဝါးကျွမ်းကျင်အကူ သင်တန်း အပတ်စဥ်(၇) ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ကြေငြာခြင်း """""""""""""""""""""""""""""""""""""  🎓    ပညာရေး၊လေ့ကျင့်ရေးနှင့်လူမူ့ဖွံဖြိုးတိုးတက်ရေး စင်တာ(TEC Myanmar)မှ ကြီးမှူး၍ - လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး အတွက်ကို ရည်ရွယ်၍  ...............  "သူနာပြုအကူ ကျွမ်းကျင် ပညာဒါန သင်တန်း                                  နှင့်   " ဆေးဝါးကျွမ်းကျင်အကူ ပညာဒါန သင်တန်း"      များကို ဖွင့်လှစ်​မည်ဖြစ်ရာ "သင်တန်းသားဦးရေကို ကန့်သတ်ထားပါ၍" မည်သူမဆို တက်ရောက်သင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည်။ 👩‍🏫 သင်ကြားမည့် ဆရာ/ဆရာမများ  """"""""""""""""""""""""""...

@tecmyanmar, All rights reserved.