Skip to main content

 ပုဂ္ဂလိက ပညာရေး

- "ကျောင်း" ဆိုသည်မှာ "အတတ်ပညာ အသိပညာ သင်ယူရာဌာန" ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ မြန်မာမင်းများလက်ထက်တွင် လောကုတ္တရာဆိုင်ရာပညာရပ်များ၊ စာပေကျမ်းဂန်များကိုသာ သင်ကြားပေးသည့် ဘုန်းတော်ကြီးကျောင်းများကို "အရညဝါသီ" ကျောင်းများဟုခေါ်ဆိုပြီး၊ လောကီအတတ်ပညာများကိုပါ သင်ကြားပေးသည့်ကျောင်းများကို "ဂါမဝါသီ" ကျောင်းများဟု ခေါ်ဆိုကြသည်။
- ဗြိတိသျှကိုလိုနီခေတ်တွင် ကျောင်းအမျိုးအစား လေးမျိုး ကွဲသွားသည်။
(က) အစိုးရက လုံးဝတာဝန်ယူသည့် အစိုးရကျောင်းများ
(ခ) ပုဂ္ဂလိကအစီအစဉ်ဖြင့်ဖြစ်စေ၊ သာသနာရေးအဖွဲ့အစည်းက တာဝန်ယူ၍ဖြစ်စေ ဖွင့်လှစ်သော အစိုးရအထောက်အပံ့ခံကျောင်းများ
(ဂ) မြူနီစီပယ် သို့မဟုတ် ဒီစတိတ်ကောင်စီအစရှိသည့် ဒေသန္တရအဖွဲ့အစည်းတစ်ခုခုက တိုက်ရိုက်တာဝန်ယူ၍ အစိုးရ၏ အထောက်အပံ့ခံယူပြီး ဖွင့်လှစ်သောကျောင်းများ
(ဃ) နိုင်ငံတော် အစိုးရ ထောက်ပံ့ကြေး လုံဝမယူဘဲ ကိုယ့်အား ကိုယ်ကိုးစနစ်ဖြင့် ဖွင့်လှစ်သောကျောင်းများဟူ၍ဖြစ်သည်။
- ပါလီမန်ဒီမိုကရေစီခေတ်တွင်
(က) နိုင်ငံတော်ကျောင်းများ (State School)
(ခ) အသိအမှတ်ပြုကျောင်းများနှင့် မှတ်ပုံတင် ကိုယ်ပိုင်ကျောင်းများ (Recognized Schools and Registered Private Schools) ဟူ၍ ကျောင်းနှစ်မျိုးနှစ်စားခွဲခြားထားသည်။
- တော်လှန်ရေးကောင်စီခေတ် (၁၉၆၂) တွင် အစိုးရအသိအမှတ်ပြုကျောင်းများနှင့် မှတ်ပုံတင်ကိုယ်ပိုင်ကျောင်းများကို ပြည်သူပိုင်ကျောင်းများအဖြစ် လွှဲပြောင်းသိမ်းယူခဲ့သည်။ ထို့ကြောင့် တော်လှန်ရေးကောင်စီခေတ်မှစပြီး ကျောင်းတစ်မျိုးတည်း စနစ်ကို ကျင့်သုံးခဲ့သည်။
- တော်လှန်ရေးကောင်စီအစိုးရသည် ၁၉၆၆ ခုနှစ်တွင် အခြေခံပညာရေးဥပဒေသစ်ကို ပြဋ္ဌာန်းရာ၌ အထွေထွေပညာသင် ကျောင်းများကို ဥပဒေပါအတိုင်း အခြေခံပညာကျောင်းများအဖြစ် ပြောင်းလဲခေါ်ဝေါ်သတ်မှတ်ခဲ့သည်။ အခြေခံပညာရေးဥပဒေ အခန်း (၁) ပုဒ်မ (၂) (င) တွင်
"ကျောင်းဆိုသည်မှာ အစိုးရကဖွင့်လှစ်၍ အစိုးရကပြဋ္ဌာန်းသော သင်ရိုးညွှန်းတမ်းများနှင့် သင်ရိုးမာတိကာများအတိုင်း ပညာသင်ကြားပေးရာဌာနကို ဆိုလိုသည်" ဟုပြဋ္ဌာန်းသတ်မှတ်ခဲ့သည်။
- ၂၀၁၀ခုှနှစ်နောက်ပိုင်း တပ်မတော် အစိုးရလက်ထက်တွင် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ ဥပဒေကို ပြဌာန်းပြီး ကိုယ်ပိုင်ကျောင်းများကို သတ်မှတ် ထားသော ဥပဒေနှင့်အညီ မှတ်ပုံတင်စေပြီး ဖွင့်လှစ်ခွင့်ပေးခဲ့သည်။


ပုဂ္ဂလိကကျောင်းများ (Private School)
------------------------------
- ပုဂ္ဂလိကကျောင်းများကို လွတ်လပ်သောကျောင်းများ (Independent Schools) ဟူ၍လည်း ခေါ်ဆိုသေးသည်။ ဗြိတိန်တွင် Private School ဟုခေါ်ပြီး၊ ဒေသဆိုင်ရာ၊ ပြည်နယ်နှင့် အစိုးရတို့၏ စီမံခန့်ခွဲအုပ်ချုပ်မှုမှ ကင်းလွတ်ခွင့်ရသည့် ကျောင်းများဖြစ်ကြ သည်။
- ပုဂ္ဂလိကကျောင်းများသည် မိမိတို့ကျောင်းသို့တက်မည့် ကျောင်းသားများကို ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိကြသည်။ ရွေးချယ်ထား သည့် ကျောင်းသားများက ပေးဆောင်ရသည့် ကျောင်းလခ သို့မဟုတ် ကျောင်းဝင်ကြေးငွေများကို ရန်ပုံငွေအဖြစ်ထူထောင်ပြီး မိမိတို့ကိုယ်ပိုင်ငွေကြေးဖြင့် ရပ်တည်ကြသည့်ကျောင်းများဖြစ်သည်။
- ပုဂ္ဂလိကအမည်ခံလျှင် အစိုးရအပေါ်မှီခိုမှုကင်းနိုင်သမျှ ကင်းအောင်နေတတ်ကြသည်။ မိမိတို့ကျောင်းသို့လာတက်မည့် ထူးချွန်ကျောင်းသားများအတွက်လည်း ပညာတော်သင်ဆုများ ရွေးချယ်ပေးလေ့ရှိသည်။ ဥပမာ အားကစား၊ အနုပညာ၊ ပညာထူးချွန်ဆုများကို သတ်မှတ်ပြီး အထောက်အပံ့ပေးကြသည်။ ပုဂ္ဂလိကကျောင်းများတွင် ပေးသွင်းကြရသည့် ကျောင်းလခနှင့် ကျောင်းဝင်ကြေးများသည် ကျောင်းအလိုက်အမျိုးမျိုးကွဲပြား ခြားနားချက်များရှိနိုင်သည်။ ကျောင်းတည်ရာဒေသအလိုက်၊ မိဘများ ပေးဆောင်နိုင်သည့်ဆန္ဒအလိုက်၊ လူနေမှုအဆင့်အတန်း အလိုက်၊ ကျောင်း၏ရန်ပုံငွေထူထောင်ထားနိုင်မှုအလိုက် အမျိုးမျိုး ကွဲပြားခြားနားနိုင်သည်။
- ကျောင်းလခကြေးမြင့်သည့်ကျောင်းများသည် အကောင်းဆုံး ဆရာများကိုခေါ်ပြီး လစာကောင်းကောင်းပေးကာ သင်ခိုင်းထားရ သောကြောင့်ဟု အကြောင်းပြကြသည်။ ထို့ပြင် ကျောင်းတွင်လည်း သင်ကြားမှု သင်ယူမှုအထောက်အကူပြုပစ္စည်းများဖြင့် အထောက်အပံ့ ပြုပေးနိုင်သည်။ ဆရာနှင့်ကျောင်းသားအရေ အတွက်ကိုလည်း ထိန်းထားနိုင်ကြသည်။ ​ေကျာင်းသားများအတွက် သက်တောင့်သက်သာရှိသော စာသင်ခန်းအရွယ်အစား ၊ စာကြည့်တိုက်၊ သိပ္ပံဓာတ်ခွဲခန်း၊ ကွန်ပျူတာအစရှိသည်ဖြင့် အလုံအလောက်ထောက်ပံ့ပေးနိုင်ကြသည်။
- ဘာသာရေးဂိုဏ်းများအလိုက် တွဲဘက်ဖွင့်လှစ်ထားသည့် ကျောင်းအများစုသည်လည်း ပုဂ္ဂလိကကျောင်းများအသွင်ဆောင်ကြ သည်။ အချို့ နိုင်ငံများတွင် ပုဂ္ဂလိကကျောင်းများမှာ ကျောင်းစတင်တည်ထောင်သူ၏ ဘာသာရေးယုံကြည်မှုအလိုက် ထူထောင်ထားသည့်ကျောင်းအမျိုး အစားများဖြစ်နေတတ်သည်။ ဘာသာရေးနှင့် ပညာရေးပေါင်းစပ် ထားသည့်ကျောင်းများအသွင်ဆောင်နေတတ်သည်။ ဥပမာ ဘုန်း​ေတ​ာ်ကြီးသင်ပညာကျောင်းအမျိုးအစားများဖြစ်သည်။
-နိုင်ငံအများစုတွင် ပုဂ္ဂလိကကျောင်းများသည် မိမိတို့ပညာအရည်အသွေးကို ထိန်းသိမ်းလိုကြသဖြင့် အစိုးရနှင့်မပတ်သက်အောင် နေလေ့ရှိကြ သည်။ အထူးသဖြင့် အစိုးရကျောင်းပညာသင်ကြားမှုနှင့် မိမိတို့ ပုဂ္ဂလိကပညာသင်ကြားမှုများကို ကွာခြားနေကြောင်းသိစေရန် အစဉ်အမြဲအားထုတ်လေ့ရှိကြသည်။


Comments

Popular posts from this blog

ကမ္ဘာဂြိုဟ်မြေအကြောင်းသိကောင်းစရာ

ကမ္ဘာဂြိုလ်သည် နေအဖွဲ့အစည်းတွင် နေနှင့်အနီးဆုံး တတိယမြောက်ဂြိုဟ်ဖြစ်သည်။ ကမ္ဘာဂြိုဟ် (Earth) သည် လူသားများ၊ တိရစ္ဆာန်များနှင့် အပင်တို့ ရှင်သန်နေထိုင်ရာ ဂြိုဟ်တစ်ခုဖြစ်သည်။ နေမှရေတွက်ပါက တတိယမြောက်ဂြိုဟ်တစ်စင်း ဖြစ်သည်။ ကမ္ဘာတွင် ဂြိုဟ်ရံလတစ်စင်းသာရှိသည်။                 ကမ္ဘာသည် နေကို ၃၆၅.၂၅၆၄ ရက်တွင် တစ်ကြိမ် လှည့်ပတ်နေပြီး တစ်နှစ်ဟုသတ်မှတ်ကြသည်။ ရေဒီယို မက်ထရစ်ရက်စွဲအရ ကမ္ဘာသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၄.၅၄ ဘီလီယံ အကြာက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ နေသည် ကမ္ဘာကို ထွန်းလင်ရန် အလင်းရောင်နှင့် အပူချိန်ကိုပေးသည်။ ၎င်းအပူစွမ်းအင်ကြောင့် ကမ္ဘာကြီး၏ အောက်ဆုံးလေထုလွှာတွင် ရာသီဥတု (နေပူ၊ လေတိုက်၊ မိုးရွာ၊ နှင်းကျ၊ မုန်တိုင်းတိုက်)အခြေအနေများကို ဖြစ်ပေါ်လာစေသည်။      ကမ္ဘာသည် ရေပါဝင်မှု ၇၁% နှင့် ကုန်းမြေ ၂၉% ခန့်ရှိသည်။ နေအဖွဲ့အစည်းအတွင်း သက်ရှိနေထိုင်နိုင်သော တစ်ခုတည်းသော ဂြိုဟ်ဖြစ်သည်။ သက်ရှိမျိုးစိတ်ပေါင်း ၁၀-၁၄ မီလီယံခန့် နေထိုင်ကြပြီး လူသားမျိုးနွယ်တို့မှာ အရေအတွက်အားဖြင့် ၇.၆ ဘီလီယံခန့်ဖြစ်သည်။ အနီးရှိ ကြာသပတေးဂြိုဟ်၏ ပြင်းထ...

“စနစ်သစ် ပညာရေး အကြောင်း ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်”

 “စနစ်သစ် ပညာရေး အကြောင်း ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်” Grade 10,11,12 စသည် အတန်း သုံးတန်းစလုံးမှာ  အဆင့်သတ်မှတ်ချက် “Grade A” ရရှိလျှင် ကိုယ်ကြိုက်နှစ်သက်ရာတက္ကသိုလ်ကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်။အဆင့်သတ်မှတ်ချက် “Grade B နှင့် C”ရရှိတဲ့သူက သတ်မှတ်ထားတဲ့ တက္ကသိုလ်သာ ရွေးချယ်ရမှာဖြစ်ပါတယ်။ # Grade 10 (ဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ # Grade 11 (ဧကဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ # Grade 12 (ဒွာဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ  -နိုင်ငံတော်အစိုးရစစ်စာမေးပွဲ စာမေးပွဲ “နှစ်ခု” ရှိပါသည်။ Grade 12  (ဒွာဒသမတန်း)တွင် ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက”အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်” (High School completion certificate) ရရှိမည်ဖြစ်သည်။  ထိုလက်မှတ်ဖြင့်  -ကောလိပ်များ -Instituteများ -ပညာရေးကောလိပ် -GTI အစရှိသည့်တို့တွင်   ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။ သို့သော် နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲကိုဖြေဆိုအောင်မြင်မှသာလျင် “တက္ကသိုလ်” များတွင် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ Grade 12  (ဒွာဒသမတန်း) နိုင်ငံတေ...

Diploma in ECCD သင်တန်းဆင်းပွဲနှင့် သင်တန်းအောင်လက်မှတ် ချီးမြှင့်ပွဲအခမ်းအနား ကျင်းပခြင်း

 ယနေ့ ပညာရေး၊ လေ့ကျင့်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးစင်တာ(TEC Myanmar)မှ ကြီးမှူးဖွင့်လှစ်ခဲ့သော Dip in ECCD(ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်  ဖွံ့ဖြိုးမှုဆိုင်ရာ ဒီပလိုမာသင်တန်း)၊ ဆေးဝါးအကူ ကျွမ်းကျင် သင်တန်း၊ သူနာပြုအကူ ကျွမ်းကျင်သင်တန်းနှင့် English language for Students and jobs(ကျောင်းသားနှင့် လုပ်ငန်းခွင် အင်္ဂလိပ်စာသင်တန်း)တို့၏ သင်တန်းဆင်းပွဲနှင့် သင်တန်း အောင်လက် မှတ် ချီးမြှင့်ပွဲ အခမ်းအနားအား နေ့လည် (၂)နာရီ အချိန်တွင် မင်္ဂလာတောင်ညွန့်  သိမ်ဖြူလမ်း ရှိ Eden Hall ခန်းမ၌ ကျင်းပရာ TEC Myanmar မှ အဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသူ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။     အခမ်းအနားတွင် ပထမဦးစွာ စင်တာ၏ ဥက္ကဌ ဆရာဂျက်ဖရီ တင်အုန်းက အဖွင့်အမှာ စကားပြော​ကြားပြီး စင်တာ၏ လုပ်ငန်းဦးစီးနာယက ဟာဂျီမြင့်နိုင်နှင့် စင်တာ၏ နာယက ပါမောက္ခ ဒေါက်တာစိုးနိုင်တို့က အသီးသီး အမှာစကားပြောကြားကြပါသည်။       ဆက်လက်၍ TEC Myanmar စင်တာ၏ လုပ်ငန်းဖော်ဆောင်မူ့များကို စင်တာ၏ အတွင်းရေးမှူး ဆရာဦးဇော်အောင်က power point slid...

@tecmyanmar, All rights reserved.