Skip to main content

နိုင်ငံတကာ နှင့် ပုဂ္ဂလိက ပညာရေး(၂)

 နိုင်ငံတကာ နှင့် ပုဂ္ဂလိက ပညာရေး(၂)

အမေရိကန်

- အမေရိကန်နိုင်ငံတွင် ပုဂ္ဂလိကကျောင်းအမည်ခံလျှင် ပြည်နယ်အစိုးရများ၏ အထောက်အပံ့ကိုမရရှိကြပေ။ နိုင်ငံပိုင် အစိုးရအထောက်အပံ့ခံကျောင်းများလည်းရှိနေသဖြင့် အပြိုင်ဖြစ်နေသောကြောင့်ဖြစ်သည်။ အမေရိကန်နိုင်ငံရှိ ပုဂ္ဂလိကကျောင်း အများစုသည် ဘာသာရေးအဖွဲ့အစည်းတစ်ခုခု၏ထောက်ပံ့မှုနှင့်ဖြစ်စေ၊ အဖွဲ့အစည်း ကုမ္ပဏီကြီးတစ်ခုခု၏အထောက်အပံ့နှင့် ဖြစ်စေ ရပ်တည်နေကြရသည်ကများသည်။
- ပုဂ္ဂလိကကျောင်းများသည် ပညာရေးဆိုင်ရာပုံမှန်သတ်မှတ်ချက်များမှ ကင်းလွတ်ခွင့်ရကြသည်။ သို့သော်သတ်မှတ်ထားသည့် သင်ရိုးနှင့် ပြဋ္ဌာန်းချက်များမှ လွတ်ထွက်မသွားရန် ဂရုစိုက်ကြရ သည်။ များသောအားဖြင့် အမေရိကန်တွင် မူလတန်းနှင့် အလယ် တန်းအဆင့်ကျောင်းသားများသည် အစိုးရကျောင်းများတွင် တက်ကြသည်ကများသည်။ ပုဂ္ဂလိကကျောင်းများမှ လုပ်ပေးနိုင်သမျှ အစိုးရကျောင်းများတွင်လည်း ရရှိနိုင်သောကြောင့်ဖြစ်သည်။
- အမေရိကန်နိုင်ငံရှိ ပုဂ္ဂလိကကျောင်းအများစုသည် ကျောင်း လခမှရရှိသည့် ဝင်ငွေများဖြင့်သာရပ်တည်ကြသည်ကများသည်။ အချို့ကျောင်းများတွင် ရန်ပုံငွေတောင့်တင်းကြပြီး ဘာသာရေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီများ၏အထောက်အပံ့များဖြင့်လည်း ရပ်တည်ကြသည်။ ဘာသာရေးနှင့်ဆက်နွှယ်နေသည့် ပုဂ္ဂလိကကျောင်းများကို ငွေကြေးအရ အစိုးရကအထောက်အပံ့ပေးခြင်း မရှိပေ။ ဘာသာရေးအထောက်အပံ့ခံကျောင်းများ မဟုတ်လျှင် အရည်အသွေးပြည့်၀သည့်ကျောင်းများဖြစ်ပါက အစိုးရထောက် ပံ့ကြေးများ ခံစားခွင့်ရှိကြသည်။ သို့သော် ကျောင်းဝင်ခွင့်နှင့် သင်ရိုးများကို လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိကြသည်။
- ပုဂ္ဂလိကကျောင်းများအတိုင်း နောက်ပိုင်းတွင် (Charter school) များလည်းပေါ်လာသည်။ သတ်မှတ်ထားသည့်အရည် အချင်းနှင့်ပြည့်စုံလျှင် ထူထောင်ခွင့်ပြုသည့်ကျောင်းအမျိုးအစား များဖြစ်သည်။ အစိုးရကျောင်းများနှင့်ပုံစံကွဲပြားပြီး ဘာသာရေးနှင့် မဆက်နွှယ်သည့်ကျောင်းများနှင့် အတော်လေး အသွင်သဏ္ဍန်တူ ညီကြသည်။
ဆွီဒင်
- ဆွီဒင်နိုင်ငံတွင် ပုဂ္ဂလိကကျောင်းတက်ပိုင်ခွင့်သည် လွတ်လပ်သော ရွေးချယ်ပိုင်ခွင့်ဖြစ်သည်။ မြူနီစီပယ်ကျောင်းများနှင့် အထက်တန်းကျောင်းများတွင်တက်ရသည့် ကျောင်းလခသည် အတူတူပင်ဖြစ်သည်။ ၂၀၀၈ ခုနှစ်စာရင်းအရ ပုဂ္ဂလိကကျောင်း များတွင် တက်သည့်ကျောင်းသားများသည် စုစုပေါင်းကျောင်းသား ဦးရေ၏ ၁၀ ရာခိုင်နှုန်းသာရှိသည်။ ဆွီဒင်တွင် ထင်ရှားသည့် ပညာရေးစနစ်တစ်ခုမှာ (innovative school) စနစ်ဖြစ်သည်။ ဆွီဒင်ကျောင်းသားများ ကိုယ်ကြိုက်သည့်ကျောင်း ကိုယ် ရွေးချယ်တက်ခွင့်ကိုပေးထားသည့် စနစ်လည်းဖြစ်သည်။
- ဥပမာ ဆွီဒင်တွင်အကြီးဆုံးကျောင်းတစ်ကျောင်းဖြစ်သည့် Kunskapsskolan (The Knowledge School) သည် ကျောင်းခွဲ ပေါင်း ၃၀ ရှိပြီး၊ အင်တာနက် Web ကိုအခြေခံကာ ဆက်သွယ်သင်ကြားနေသည့်ကျောင်းဖြစ်သည်။ ဆရာပေါင်း ၇၀၀ ကျော်နှင့် ကျောင်းသား ၁၀၀၀၀ ကိုသင်ကြားပေးနေသည်။
- ယခင် ပညာရေးဝန်ကြီးဟောင်း၊ စတော့ဟုန်း ပြည်နယ် အုပ်ချုပ်ရေးမှူး Per Unckle က ဆွီဒင်နိုင်ငံပညာရေးစနစ်နှင့် ပတ်သက်ပြီး "ပညာရေးဆိုတာ သိပ်အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပေးနေတဲ့ဘောင်ကနေ ရှောင်လွှဲထွက်မသွားဖို့ အရေးကြီးတယ်။ ပညာရေးကို လက်ဝါးကြီးအုပ်ထားရင် ပြည်သူတွေအားလုံးရဲ့ အလိုဆန္ဒကို ဘယ်လိုဖြည့်ဆည်းပေးနိုင်တော့မှာလဲ" ဟုဆိုသည်။ ဆွီဒင်ပညာရေးစနစ်ကို အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း ထောက်ခံခဲ့သည်။
ဗြိတိန်
- ဗြိတိန်တွင် ပုဂ္ဂလိကကျောင်းများကို (independ school) ဟူ၍ခေါ်သည်။ အစိုးရအစီအမံနှင့် အထောက်အပံ့မှကင်းလွတ် သောကြောင့်ဖြစ်သည်။ သို့သော် အရပ်သုံးအနေဖြင့် (public school) အနေဖြင့်သာ ခေါ်ဝေါ်သုံးစွဲကြသည်။ ၁၉ ရာစုနှစ် လောက်ကတည်းက Public School Act ကိုထုတ်ပြန်ပြီး အင်္ဂလန်တွင် ကျင့်သုံးခဲ့သည်။
- ဗြိတိန်တွင် ကျောင်းသားအရေအတွက်အားလုံး၏ ၇ ရာခိုင်နှုန်းခန့်သာ အခမဲ့ကျောင်းများသို့တက်ရောက်ကြကြောင်း (The God Schools Guide) တွင်ဆိုထားသည်။ ဗြိတိန်ကျောင်းများ နာမည်ကြီးရခြင်းသည် ပညာရေးဆိုင်ရာ အရည်အသွေး အဆင့် အတန်း (standard) ကိုထိန်းလွန်းခြင်း၊ ပညာရည်ကို မြင့်သည်ထက် မြင့်စေရန်အားထုတ်ခြင်း၊ ပြည်နယ်ဒေသအလိုက် ကျောင်းများကို ဖွဲ့စည်းထူထောင်ခြင်း၊ ပညာသင်နှစ်ကာလရှည်ကြာခြင်း၊ စာသင်ချိန်များခြင်း၊ နိုင်ငံတော်မှပြဋ္ဌာန်းသည့် သင်ရိုးညွှန်းတမ်းထက် ရွေးချယ်ခွင့်များရှိခြင်း၊ ကျောင်းနှင့်တူသည့် ကျောင်းဖြစ်စေရန် အထောက်အပံ့ပစ္စည်းများ ပြည့်စုံကြွယ်၀ခြင်း၊ သမိုင်းဝင် အဆောက်အအုံများကို ယနေ့တိုင်အထိမ်းအမှတ်အဖြစ်ထားကာ အဆောင်သစ်များဖြင့် ကျယ်ဝန်းသည့်မြေများတွင် ကျောင်းများကို ထူထောင်ထားကြခြင်း၊ ဆရာကျောင်းသားအချိုး နိမ့်နိုင်သမျှနိမ့်စေရန် အားထုတ်ခြင်း၊ ကျောင်းဆရာများကို လစာ ကောင်းကောင်း ပေးကာ ပညာရေးလောကသို့ ဆွဲဆောင်ထားနိုင်ခြင်း၊ အပိုစိတ်ကြိုက်ဘာသာရပ်များကို သင်ကြားယူပိုင်ခွင့်ရှိခြင်း၊ အားကစား၊ ပြဇာတ်၊ ဂီတစသည့် စိတ်ကြိုက်ဘာသာရပ်များ သင်ကြားနိုင်ခွင့်ရှိခြင်း၊ အစဉ်အလာနှင့် ဆန့်ကျင်ကွဲပြားအောင် အားထုတ်နိုင်ခြင်း တို့သည် ဗြိတိန်ပညာရေးစနစ်၏ ထူးခြားချက်များဟု ဆိုနိုင်သည်။
- ဗြိတိန်ရှိ ပုဂ္ဂလိကကျောင်းအများစုသည် ယောက်ျားလေးကျောင်း၊ မိန်းကလေးကျောင်းစသည့်ဖြင့် ခွဲခြားထားလေ့ရှိသည်။ စာသင်နှစ်တစ်နှစ်အတွက် ကျောင်းလခမှာ ပေါင် ၁၀၀၀ မှ ပေါင် ၇၀၀၀ အတွင်းရှိသည်။ ကလေးအသက်အရွယ်အလိုက်၊ ဆရာကျောင်းသား သင်ကြားမှုအချိုးအလိုက် ငွေကြေးကွာခြားမှုရှိနိုင်သည်။ အဆောင်နေကျောင်းသားများဆိုလျှင် စာသင်နှစ် တစ်နှစ် ပေါင် ၉၀၀၀ ကျော်ပေးကြရသည်။ ထိုကျောင်းစရိတ်များသည် မိဘများအတွက် များပြားသည်ဆိုစေ ပေးဆောင်နိုင်ကြ သည်ကများသည်။ ပညာသင်ထောက်ပံ့ကြေးများ၊ ဆုငွေများကိုလည်း လျှောက်ထားနိုင်ကြသည်။
- ပုဂ္ဂလိက မူလတန်းကျောင်းများကို (preparatory school) ဟူ၍ခေါ်ကြသည်။ အမေရိကန်နိုင်ငံတွင် တက္ကသိုလ်မဝင်မီ ဝင်ခွင့်အတွက် ပြင်ဆင်သည့်အတန်းကိုခေါ်သည့် အခေါ်အဝေါ်မျိုးဖြစ်သည်။ အထက်တန်းကျောင်းအဆင့်ဝင်ရန်အတွက် ဝင်ခွင့် စာမေးပွဲ (Common Entrance Exam) ကို ဖြေဆိုကြရသည်။ အချို့သော အထက်တန်းကျောင်းများကို public school ဟူ၍ လည်းခေါ်ကြသည်။
- ပုဂ္ဂလိကကျောင်းအများစုသည် ဘာသာရေးအထောက်အပံ့ခံများ ဖြစ်ကြသော်လည်း ဘာသာရေးနှင့်ပတ်သက်ပြီး ကျောင်းသားများအပေါ် တင်းကျပ်ချုပ်ကိုင်မှုမရှိပေ။ မည်သည့် ဘာသာဝင်မဆို တက်ရောက်ပညာသင်ကြားခွင့်ရှိကြသည်။ အမေရိကန်ကျောင်းများကဲ့သို့ပင် ဘာသာရေးဆိုင်ရာပြဋ္ဌာန်းမှု တစ်ခုခုကိုခံယူရန် မိဘများက ထိုကျောင်းများသို့ပို့ခြင်းမဟုတ်ကြ ပေ။ ၁၉၇၀ ခန့်ကစပြီး ၁၁ တန်းအထိပညာသင်ကြားကြရသည်။
တောင်အာဖရိက
- တောင်အာဖရိကတွင် ရှေးအကျဆုံးကျောင်းများသည် ပုဂ္ဂလိကဘုရားရှိခိုးကျောင်းများဖြစ်သည်။ ၁၉ ရာစုလောက်ကတည်းက ခရစ်ယန်သာသနာပြုများက တည်ထောင်ထားခဲ့ကြခြင်းဖြစ်သည်။ တောင်အာဖရိကတွင် ပုဂ္ဂလိကကျောင်းများ၏ အခန်း ကဏ္ဍကို အလွန်အားပေးသည်။ လူမျိုးရေးခွဲခြားမှုများကို ဖျက်သိမ်းပြီးနောက် ပုဂ္ဂလိကကျောင်းများ၏အခန်းကဏ္ဍသည် သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
- တောင်အာဖရိက ကျောင်းများအက်ဥပဒေ (၁၉၉၆) အရ ကျောင်းအမျိုးအစား နှစ်မျိုး သတ်မှတ် ထားသည်။ နိုင်ငံတော်ထိန်းချုပ်မှုအောက်တွင်ရှိသည့် ပုဂ္ဂလိကကျောင်းဟောင်းများ၊ အဖွဲ့အစည်းပိုင် ကျောင်းများအပါအဝင် လွတ်လပ်သည့် (Independent) ဆိုသည့် ပုဂ္ဂလိကကျောင်းများဖြစ်သည်။ ယခင်က အစိုးရတစ်ဝက်၊ ပုဂ္ဂလိကတစ်ဝက် ကျောင်းများ (semi-private) သို့မဟုတ် C School များသည် ပုဂ္ဂလိကပိုင်အဖြစ် လုပ်ကိုင်ခွင့် မပြုပေ။ ထိုကျောင်း များကို နိုင်ငံတော်၏ အုပ်ချုပ်စီရင်ပိုင်ခွင့် အောက်တွင်သာထားရှိသည်။ တောင်အာဖရိက ပုဂ္ဂလိကကျောင်း အတော်များများသည် ကမ္ဘာ့အကောင်းဆုံးကျောင်းစာရင်းဝင်များ ဖြစ်ကြသည်။ မိန်းကလေးကျောင်း၊ ယောက်ျားလေးကျောင်း စသည်ဖြင့် အရည်အသွေး အပြိုင် မြှင့်တင်ပေးနေသည့် ကျောင်းများလည်းရှိသည်။
ွဖိလစ်ပိုင်
- ဖိလစ်ပိုင်တွင် ပုဂ္ဂလိကကဏ္ဍသည် ပညာရေးကို များစွာအထောက်အကူပြုနေသည်။ မူလတန်းအဆင့်တွင် ၇ ဒသမ ၅ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့်တွင် ၃၂ ရာခိုင်နှုန်းနှင့် အထက်တန်းအဆင့်တွင် ၈၀ ရာခိုင်နှုန်းသည် ပုဂ္ဂလိကကျောင်းသို့လာ တက်သူများဖြစ်ကြောင်းတွေ့ရသည်။ ပုဂ္ဂလိကကျောင်းများသည် ဖိလစ်ပိုင်နိုင်ငံအတွက် လူသားရင်းမြစ်ကို မွေးထုတ်ပေးနိုင်သည့် နေရာများအဖြစ် ယုံကြည်အားထားခြင်းခံရသည်။ ကျောင်းလခကို နှိုင်းယှဉ်လျှင်လည်း တန်းစဉ်အလိုက်ကြည့်လျှင် အစိုးရကျောင်း များထက်ပင် ကုန်ကျစရိတ်သက်သာကြောင်းတွေ့ရသည်။
- အထူးသဖြင့် အထက်တန်းအဆင့်ပညာသင်ကြားရေးတွင် ပုဂ္ဂလိက ကျောင်းများက ပိုပြီးဈေးသက်သာနေခြင်းမှာ စဉ်းစားစရာဖြစ်သည်။
- အစိုးရအနေဖြင့် ပုဂ္ဂလိကကျောင်းများအပေါ်ထားသည့် သဘောထားနှင့် ပေးထားသည့်လုပ်ပိုင်ခွင့်များသည် အတော်လေး ပျော့ပျောင်းညင်သာရှိသည်ဟုဆိုရမည်ဖြစ်သည်။ ကျောင်းသင်ခန်းစာများအတွက် သင်ထောက်ကူပစ္စည်းများကို မတည်ပေးခြင်း၊ ကျောင်းသစ်များဆောက်ပေးခြင်း၊ ကျောင်းများသို့ အားပေးစကား သွားရောက်ပြောကြားခြင်း၊ ပုဂ္ဂလိကကျောင်းများတွင် ကျောင်း လခကောက်ခံမှုများကို လျှော့ပေါ့စေခြင်း၊ တတိယတန်းနှင့် စတုတ္ထတန်းအဆင့်လောက်ကတည်းက အင်္ဂလိပ်စာ၊ သင်္ချာ၊ သဘာ၀ သိပ္ပံဘာသာရပ်များကို အလေးပေးသင်ကြားစေခြင်း၊ ၁၉၉၂ ခုနှစ်လောက်ကတည်းက ပုဂ္ဂလိကကျောင်းများလုပ်ပိုင်ခွင့် အတွက် ဥပဒေများထုတ်ပြန်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
- ပညာရေးဝန်ဆောင်မှုသဘောတူညီချက်များဖြင့်လည်း အစိုးရသည် အစိုးရကျောင်းများမှ ကျောင်းသားများ ပုဂ္ဂလိက ကျောင်းများသို့ တရားလွန်ကူးပြောင်းသွားခြင်းမပြုရန် ထိန်းချုပ်ထားသည်။ ဥပမာ ကျောင်းလခ၊ ငွေကြေးထောက်ပံ့မှုများဖြင့် အစိုးရကျောင်းများတွင် မက်လုံးပေးထားမှုများရှိသည်။
- ၂၀၀၁-၂၀၀၂ ပညာသင်နှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ပုဂ္ဂလိကမူလတန်းကျောင်းပေါင်း ၄၄၅၂၉ ကျောင်းရှိပြီး၊ အလယ်တန်း ကျောင်းပေါင်း ၃၂၆၁ ကျောင်းရှိသည်။ ၂၀၀၂-၂၀၀၃ ပညာသင်နှစ်တွင် အထက်တန်းပုဂ္ဂလိကကျောင်းပေါင်း ၁၂၉၇ ကျောင်း ရှိသည်။


Comments

Popular posts from this blog

ဆေးဝါးကျွမ်းကျင်အကူ ပညာဒါနသင်တန်း ဖွင့်လှစ်ခြင်း

 ပညာရေး၊လေ့ကျင့်ရေးနှင့်လူမူ့ဖွံဖြိုးတိုးတက်ရေး စင်တာ(TEC Myanmar)မှ ကြီးမှူး၍   - လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရေး အတွက်ကို ရည်ရွယ်၍  ...............   "ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်း"    အပတ်စဥ်  (၄) ကို ဖွင့်လှစ်မည်ဖြစ်ရာ "သင်တန်းသားဦးရေကို ကန့်သတ်ထားပါ၍" မည်သူမဆို ကြိုတင် စာရင်းပေး တက်ရောက်သင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည် သင်ကြားမည့် ဆရာ/ဆရာမများ  """"""""""""""""""""""""""""""""""""""""""""""""      ♥ Dr Maung Maung Kyaw            [M.B.B.S (YGN), MPH (Mahidol)]      ♥Dr Kyaw Min Htut( ရှင်ပါကူ ဆေးရုံ)           - ​ ဆေးဝါး နှင့် ဆေးရုံသုံး ပစ္စည်းများ အကြောင်း               ♥   U Zayyar Myo Oo (Pharmacist)          - နောက်ဆုံးပေါ် ဆေးဝါးများ အသုံးပြုနည်းနှ

“စနစ်သစ် ပညာရေး အကြောင်း ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်”

 “စနစ်သစ် ပညာရေး အကြောင်း ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်” Grade 10,11,12 စသည် အတန်း သုံးတန်းစလုံးမှာ  အဆင့်သတ်မှတ်ချက် “Grade A” ရရှိလျှင် ကိုယ်ကြိုက်နှစ်သက်ရာတက္ကသိုလ်ကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်။အဆင့်သတ်မှတ်ချက် “Grade B နှင့် C”ရရှိတဲ့သူက သတ်မှတ်ထားတဲ့ တက္ကသိုလ်သာ ရွေးချယ်ရမှာဖြစ်ပါတယ်။ # Grade 10 (ဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ # Grade 11 (ဧကဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ # Grade 12 (ဒွာဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ  -နိုင်ငံတော်အစိုးရစစ်စာမေးပွဲ စာမေးပွဲ “နှစ်ခု” ရှိပါသည်။ Grade 12  (ဒွာဒသမတန်း)တွင် ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက”အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်” (High School completion certificate) ရရှိမည်ဖြစ်သည်။  ထိုလက်မှတ်ဖြင့်  -ကောလိပ်များ -Instituteများ -ပညာရေးကောလိပ် -GTI အစရှိသည့်တို့တွင်   ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။ သို့သော် နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲကိုဖြေဆိုအောင်မြင်မှသာလျင် “တက္ကသိုလ်” များတွင် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ Grade 12  (ဒွာဒသမတန်း) နိုင်ငံတော်အစိုးရစစ်စာမေးပွဲသည် “Grade” အဆင့်သတ်မှတ်ခ

အာရဗီအခြေခံ စကာပြော ပညာဒါန သင်တန်ဖွင့်လှစ်ခြင်းး

 ပညာရေး၊လေ့ကျင့်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးစင်တာ(TEC Myanmar Centre)မှ လူငယ်များ အလုပ် အကိုင် အခွင့်အလမ်းများ ရရှိရန်နှင့် နိုင်ငံတကာပညာသင်ဆုများ ရရှိနိုင်ရန် အထောက်အကူရရှိစေရေးတို့ကို ရည်ရွယ်၍ လူမျိုးဘာသာမရွေးတက်ရောက်နိုင်သည့်" အာရဗီ အခြေခံ ပညာဒါနသင်တန်း"ကို ဖွင့်လှစ်မည်ဖြစ်ပါသည်   " အာရဗီအခြေခံပညာဒါနသင်တန်း"     သင်ကြားပို့ချမည့်ဆရာ........             ဒေါက်တာရဲထွန်း [P.hd ( International law),                                        Al-Azhar university, Egypt) ♥ကထိက(ဥပဒေဌာန)၊ ဖေရန်းတက္ကသိုလ်၊  အီဂျစ်    ♥နည်းပြ (အီဂျစ်နိုင်ငံ ဘာသာစာပေစင်တာ)   သင်တန်း၏ အကျိုးကျေးဇူးများ     - အာရှ အရှေ့အလယ်ပိုင်း နိုင်ငံများတွင် အလုပ်အ       ကိုင် အခွင့်အလမ်းများ ရရှိစေခြင်း။     - လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာမည့် အခက်အခဲများ        ကို သက်ဆိုင်ရာ အစိုးရဌာနများသို့ အကူအညီ         တောင်းခံမူ့များတွင် အစင်ပြေချောမွေ့စေခြင်း။    - အရှေ့အလယ်ပိုင်း တက္ကသိုလ်များတွင် ပညာဆည်း      ပူရာတွင်လည်ကောင်း၊ ပညာသင်ဆု လျှောက်ထားရာ      တွင်လည်းကောင်း အထောက်အပံ ဖြစ်စေခြင်း။        ..........စ

@tecmyanmar, All rights reserved.