Theoretical Track
- Shariah ( Islamic Law - 4 yrs)
- Dawah ( Islamic Call & Theology - 4 Yrs)
- Noble Quran ( 4 Yrs)
- Noble Hadith ( 4 Yrs)
- Arabic Language ( 4 Yrs) နှင့်
- Law Systems and Judicial Studies ( 4 Yrs) တို့ပါ၀င်ပြီး
Scientific Track တွင်
- Electrical Engineering ( 5 Yrs)
- Mechanical Engineering ( 5 Yrs )
- Civil Engineering ( 5 Yrs )
- Computer Science ( 5 Yrs)
- Information Systems ( 5 Yrs)
- Information Technology ( 5 Yrs )
- Physics ( 4 Yrs)
- Chemistry ( 4 Yrs)
- Mathematics ( 4 Yrs) နှင့်
- Institute for Teaching Arabic Language ( 2 Yrs) တို့ဖြစ်ပါသည်၊၊
(၁) HJ1443 ခုနှစ်အတွက် Scholarship Application များကို ၁၂/၉/၂၀၂၁ ကတည်းက ခေါ်ယူနေခြင်းဖြစ်ပြီး
၄/၁၂/၂၀၂၁ တင် နောက်ဆုံးလျှောက်ထားမှုများကိုလက်ခံမှာဖြစ်ပါတယ်။
(၂) ဖောင်ရွေးချယ်မှုများကို IUM ရဲ့ Admission Board မှ ရွေးချယ်ဆုံးဖြတ်မည်ဖြစ်ပြီး ၁၆/၁၂/၂၀၁၂ တွင် အပြီးသတ်ဆုံးဖြတ်မှုများပြုလုပ်မည်ဖြစ်ပါသည်။
(၃) ၁၆/၁၂/၂၀၂၁ တွင် ရွေးချယ်ခံရသူများသည် Arabic Langauge Placement Exam ကျင်းပစစ်ဆေးမှုအား အွန်လိုင်းမှတဆင့် ၁၆/၁၂/၂၀၂၁ မှ ၄/၁/၂၀၂၁ အတွင်းဝင်ရောက်ဖြေဆိုရမည်ဖြစ်ပါသည်။
(၄) Arabic Langauge Placement Exam ရလဒ်များ စမ်းစစ်မှုကို ၂/၂/၂၀၂၂ တွင် အပြီးသတ်မည်ဖြစ်ပြီး ၄/၃/၂၀၂၂ မှ ၂/၄/၂၀၂၂၂ အတွင်းတွင် ပမာဏရွေးချယ်ခံရသူများကို ထုတ်ပြန်မည်ဖြစ်ပါသည်။ ထိုအချိန်မှစတင်ကာ ၂လ မှ ၃လအတွင် ကျောင်းသားကို ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်နိုင်ရေးအတွက် IUM ၏ Admission Board မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
FAQs:
Q: ဆယ်တန်း အမှတ်ဘယ်လောက်ရှိဖို့လိုပါသလဲ ?
A: တင်သွင်းရမည့် Application များတွင် ဆယ်တန်း အမှတ် ဘယ်လောက်ဖြစ်ရမည်ဟူသော သတ်မှတ်ချက်မတွေ့ရှိပါ။ အထက်တန်းအောင်မြင်မှု၏အထောက်အထား (အောင်လက်မှတ် Notry ဘာသာပြန်ကိုသာတင်သွင်းရန်လိုအပ်ပါမည်) Arabic Langauge Placement Exam မှ ရရှိလာမည့် ရမှတ်သည် ၅၀%ခန့်သတ်ရောက်နိုင်မည်ဟု UIM Admission Board ၏ Forum တွင် ရေးသားထားသည်ကို တွေ့ရှိရပါသည်။ မိမိလျှောက်ထားမည့် ဘာသာရပ်နှင့် ပတ်သတ်သည့် Diploma သို့မဟုတ် Certificate ရှိထားပါက တင်သွင်းနိုင်ပြီး ရွေးချယ်ခြင်းအပေါ် အကျိုးသက်ရောက်နိုင်မည်ဖြစ်ပါသည်၊၊
Q: Theoretical track ဘာသာရပ်များအတွက် Arabic Language Placement Exam အရေးကြီးပါသလား?
A: Theoretical track ဘာသာရပ်များအတွက် Arabic Language Placement Exam သည် အလွန်အရေးကြီးပြီး ပညာသင်ဆုရနိုင်ခြင်း(သို့)မရနိုင်ခြင်းသည် အဆိုပါ ဖြေဆိုမှုတွင် လုံးလုံးလျားလျား မှီခိုပါသည်။ စည်းကမ်းချက်အရ (Akfa)exam တွင် အနည်းဆုံး ၈၀ မှတ်ရရန်လိုအပ်ပါသည်။ Noble Quran ( 4 Yrs) အတွက် ဟာဖိဇ်ဖြစ်ရန်လိုအပ်ပါသည်။
Q: English စာလိုအပ်ပါသလား။
A: Scientific Track လျှောက်ထားသူများအတွက် TOFEL 500 (သို့မဟုတ်) IELTS Band 5.0 အနည်းဆုံးရရှိထားရန်လိုအပ်ပါမည်။ ရရှိထားသောအထာက်အထားကို တင်ပြရပါမည်။
Q: Recommendation Letter များ လိုအပ်ပါသလား။
A: Application တင်သွင်းမှုတွင် သက်ဆိုင်ရာနိုင်ငံရှိ Academic Personal (သို့) အဖွဲ့အစည်းတစ်ခု၏ ထောက်ခံချက်ရယူရန်လိုအပ်ပြီး သက်ဆိုင်ရာသံရုံးတွင် Endorsment ရယူရန်လိုအပ်ပါသည်။ TEC မှ အဆိုပါကိစ္စအတွက် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
Q: ပြင်ပအေးဂျင့်များတွင်လျှောက်ထားနိုင်ပါသလား။
A: ယခုအချိန်အထိ UIM ၏ ပြင်ပ ရုံးခန်း (သို့) အေးဂျင့် မည်သည့်နိုင်ငံတွင်မှ မရှိပါ၊၊ အွန်လိုင်းမှသာ လျှောက်ထားခြင်း ၊ စာမေးပွဲဖြေဆိုခြင်း များကို ပြုလုပ်ရမည်ဖြစ်ပါသည်၊၊
Q: ရွေးချယ်ခံရပြီးလျှင် ချက်ချင်းကျောင်းတက်ရန် လိုအပ်ပါသလား။
A: ပညာသင်ဆု ရွေးချယ်ခံရပြီး ချက်ချင်းကျောင်းတက်ရန် အဆင်မပြေသူများအနေဖြင့် (၂) နှစ် အထိ ပညာသင်ဆုအား Postpond ပြုလုပ်ထားနိုင်ပါသည်။
Q: ငွေကြေးမည်မျှကုန်ကျနိုင်ပါနည်း။
A: ကျောင်းသား Passport ပြုလုပ်ခြင်းနှင့် Notry ပြန်ခြင်းများမှ လွဲ၍ လေယဉ်လက်မှတ်မှစတင်က ခရီးစားရိတ်၊ ကျန်းမာရေး၊ အဆောင်နေစားရိတ်... အထွေထွေကုန်ကျစားရိတ်များကို ဘွဲ့ရသည်အထိ UIM မှ ကျခံပေးမည်ဖြစ်ပါသည်၊၊ ဆော်ဒီအာရေဗျနိုင်ငံသို့ရောက်ချင်းအချိန်တွင်ပင်လျှင် (၂)လစာ ကုန်ကျစားရိတ်ထောက်ပံ့ငွေကိုရရှိပါလိမ့်မည်၊၊ ကျန်ထောက်ပံ့ငွေများကို လစဉ်ပေးအပ်ခြင်းပြုလုပ်ပါလိမ့်မည်၊၊
Q: TEC မှ မည်သို့ကူညီနိုင်ပါသလဲ။
A: TEC ပညာသင်ဆုရရှိရေးထောက်ပံ့မှုကော်မတီမှ ဘာသာရပ်ရွေးချယ်မှု၊ အွန်လိုင်းမှတဆင့်တင်သွင်းခြင်း၊ စာရွက်စာတမ်းများအတွက် Endorsement များဖြင့် Exam အတွက်ဆောင်ရန်ရှောင်ရန်များ စသဖြင့် ကျောင်းလျှောက်ထားစဉ်မှ ပညာသင်ဆုရရှိပြီးသည်အထိ ကူညီဆောင်ရွက်ပေးသွားပါမည်။