Skip to main content

Posts

Showing posts with the label Education

ဆေးဝါးကျွမ်းကျင်အကူ ပညာဒါနသင်တန်း ( အမှတ်စဉ်-၂) ဖွင့်လှစ်မည်

ပညာရေး၊လေ့ကျင့်ရေးနှင့်လူမူ့ဖွံဖြိုးတိုးတက်ရေး စင်တာ(TEC Myanmar)မှ ကြီးမှူး၍ - လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရေး အတွက်ကို ရည်ရွယ်၍ ............... "ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်း" အပတ်စဥ် (၂) ကို ဖွင့်လှစ်မည်ဖြစ်ရာ "သင်တန်းသားဦးရေကို ကန့်သတ်ထားပါ၍" မည်သူမဆို အောက်ပါ google form ကိုဖြည့်စွက်၍ တက်ရောက်သင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည်။ Google form>>>>>>> https://docs.google.com/.../1FAIpQLSc2rYv1SwN.../viewform... သင်ကြားမည့် ဆရာ/ဆရာမများ """""""""""""""""""""""""""""""""""""""""""""""" Dr Maung Maung Kyaw [M.B.B.S (YGN), MPH (Mahidol)] Dr Kyaw Min Htut( ရှင်ပါကူ ဆေးရုံ) - ​ ဆေးဝါး နှင့် ဆေးရုံသုံး ပစ္စ

Turkey Scholarship Opportunity ( Present by TEC )

  တူရကီ ပညာတော်သင် အခွင့်အလမ်းများ နှင့်လျှောက်ထားရမည့် နည်းလမ်းများ" ဟောပြောပွဲ

How to write a better personal statement for scholarship?

ပညာသင်ဆုအတွက် ပိုမိုကောင်းမွန်သော မိမိအကြောင်း(personal statement)ကို မည်သို့ရေးနိုင်မည်နည်း။ ပညာသင်ဆုဆိုတာ မည်သည့်ပညာရေးအဆင့်တွင်မဆို ပညာသင်ကြားနေသော ကျောင်းသားတိုင်းအတွက် ရတနာတပါးပင်​ဖြစ်သည်။  ဤဆောင်းပါးတွင် နိုင်ငံတော်အစိုးရ၏ ပညာတော်သင်ပဲ ဖြစ်ဖြစ် နိုင်ငံတကာ ပညာသင်ဆုအတွက်ပဲဖြစ်ဖြစ် မိမိလျှောက်ထားမည့် မည်သည့်ပညာရေးတက္ကသိုလ်အတွက်မဆို မိမိအကြောင်းကို ရေးသားရန် လွယ်ကူသော အကြံပြုချက်အချို့ကို ဆွေးနွေးပါမည်။ .(က)ကျောင်းသားတိုင်း ဘာကြောင့် ပညာသင်ဆုရချင်တာလဲ?  - ကျောင်းသားတိုင်းသည် မိမိနှစ်သက်သော ပညာရေးတက္ကသိုလ်တွင် ပညာဆည်းပူးလိုသောကြောင့် ပညာသင်ဆုရလိုကြသည်။သို့သော်လည်း မိမိရွေးချယ်မည့် တက္ကသိုလ်သည် မိမိအားအထောက်အပံ့ပေးသော မိဘအုပ်ထိမ်းသူများးအတွက် ကုန်ကျစရိတ် အလွန်ကြီးမားနေပြီး ဒါမှမဟုတ် မိမိဝင်ငွေဖြင့် ကိုယ်တိုင်ကုန်ကျခံ ပညာဆည်းပူးလိုသော တစ်ချို့သော ကျောင်းသားများအတွက်လည်း လက်လှမ်းမမီသော ကုန်ကျစရိတ် ဖြစ်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့်   ကျောင်းသားတစ်ဦးသည် ပညာသင်ဆုရပါမှ မိဘအုပ်ထိန်းသူ နှင့် ကျောင်းသားနှစ်ဦးစလုံးအတွက် အကျိုးရှိစေမည့် ငွေကြေးအကူအညီဖြင့် ပံ့ပိုးပေးနိုင်မည်​​ဖြစ်သည်။   (ခ)ကျော

ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်းဖွင့်လှစ်ခြင်း

 - ပညာရေး၊ လေ့ကျင့်ရေးနှင့် လူမူ့ဖွံဖြိုးတိုးတက်ရေးစင်တာ(TEC Myanmar)မှ ကြီးမှူးဖွင့်လှစ်သော "ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်း" ဖွင့်ပွဲအား ယမန်နေ့ (11-12-2021)ရက် နံနက် ၉နာရီအချိန်ခန့်က ကျင်းပရာ စင်တာ၏ ဦးစီးနာယက၊ နာယကကြီးများ၊အမူ့ဆောင် အဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများနှင့် သင်တန်းဆရာများ၊ သင်တန်းသား/သူ များတက်ရောက်ကြပါသည်။ - အဆိုပါ ဖွင့်ပွဲတွင် စင်တာ၏ ဥက္ကဌ ဆရာဂျက်ဖရီ တင်အုန်းမှ အဖွင့်အမှာ စကားပြောကြားပြီး၊ ဦးစီးနာယက ဟာဂျီဦးမြင့်နိုင်နှင့် နာယကကြီး ပါမောက္ခ ဒေါက်တာစိုးနိုင်(ဌာနမှူး/ မြန်မာစာဌာန၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်) တို့မှ အသီးသီး အမှာစကားပြောကြားကြပါသည်။  - ဆက်လက်၍ သင်တန်းဆရာများကိုယ်စား ဒေါက်တာ ကျော်မင်းထွန်း နှင့် ဆရာဦး​ဇေယျာမိုးဦးတို့မှ မိတ်ဆက်စကား ပြောကြားကြပြီး သင်တန်းဆရာ ဆရာမများက ဆေးဝါး ပညာရပ်များအား ပို့ချပေးခဲ့ကြပါသည်။

2022 ခုနှစ်အတွက် ဆော်ဒီအာရေဗျ နိုင်ငံ King Abdulaziz University မှ Scholarship(ပညာသင်ဆုများ) ခေါ်ယူခြင်း

2022 ခုနှစ်အတွက် ဆော်ဒီအာရေဗျ  နိုင်ငံ  King Abdulaziz University မှ Scholarship(ပညာသင်ဆုများ) ခေါ်ယူခြင်း ........................................... - 2022 ပညာသင်နှစ်အတွက် King Abdulaziz University ပညာသင်ဆုအတွက် လျှောက်ထားနိုင်ပါသည်။ အဆိုပါ ပညာသင်ဆုသည် နိုင်ငံတိုင်းမှ လျှောက်ထားသူအားလုံးအတွက် လမ်းဖွင့်လှစ်ပါသည်။  နိုင်ငံသားဖြစ်ခြင်း သို့မဟုတ် ကျား၊မ ကန့်သတ်ချက်မရှိပါ။  ပညာသင်ဆုသည် King Abdulaziz University တွင် bachelor's ရိုးရိုးဘွဲ့ Masters မဟာဘွဲ့နှင့် Ph.D ပါရဂူဘွဲ့များအတွက် အပြည့်အဝထောက်ပံ့ပေးထားပါသည်။     - ဤပညာသင်ဆုအစီအစဉ်အတွက် လျှောက်လွှာကြေး (application fee) မရှိပါ။  ပညာသင်ဆုသည် သိပ္ပံ၊ အနုပညာ၊ လူသားပညာ၊ စီးပွားရေးစီမံခန့်ခွဲမှု၊ အင်ဂျင်နီယာနှင့် ကွန်ပျူတာအင်ဂျင်နီယာအပါအဝင် ပညာရပ်ဆိုင်ရာ ပရိုဂရမ်အားလုံးအတွက် လျှောက်ထားနိုင်ပါသည်။  လျှောက်ထားသူသည် အမျိုးသား သို့မဟုတ် အမျိုးသမီ ဖြစ်ခြင်းး ခွဲခြားမှု မရှိစေရ။  ပညာရေးထူးချွန်မှုနှင့် အခြားအရည်အချင်းများအပေါ် အခြေခံ၍ ကျောင်းသားများကို ရွေးချယ်မည်ဖြစ်သည်။  PhD အစီအစဉ်အတွက် King Abdulaziz University ပညာသင်ဆု၏ကြာချိန်သည် သုံးနှ

နိုင်ငံတကာနှင့် ပုဂ္ဂလိကပညာရေး

ပုဂ္ဂလိကကျောင်းအမျိုးအစား သုံးမျိုးရှိသည်။ အစိုးရကျောင်း အမျိုးအစားနှစ်မျိုးနှင့် ဘာသာရေးဆိုင်ရာကျောင်းများလည်းရှိ သည်။ ဩစတေးလျှ -ဩစတေးလျှတွင် ပုဂ္ဂလိက (Private) ကျောင်းဆိုသည်မှာ တစ်ခါတစ်ရံ ပြည်သူအများပိုင် (Public) အသွင်ဆောင်တတ် သည်။ ဥပမာ (Associated Public Schools of Victoria) ကျောင်းမျိုးဖြစ်သည်။ ပြည်သူပိုင်ကျောင်း (Public School) ဆိုသည်မှာ အစိုးရကျောင်း (Government School) အနေဖြင့် လူသိများသည်။ - ဩစတေးလျှနိုင်ငံတွင် ပုဂ္ဂလိကကျောင်းများကို အလေးထား အားပေးသည်။ အဘယ်ကြောင့်ဆိုသော် အစဉ်အလာကြီးမားပြီး ဂုဏ်သိက္ခာရှိသည့်ကျောင်းများဖြစ်နေသောကြောင့်ဖြစ်သည်။ ကျောင်းအဆောက်အအုံအရည်အသွေးမြင့်မားကောင်းမွန်ခြင်း၊ ကျောင်းတစ်ကျောင်းတွင် ရှိသင့်ရှိထိုက်သည့် အရည်အသွေးများ ပြည့်စုံခြင်း (ဥပမာ အားကစားကွင်း၊ စာကြည့်တိုက်၊ ရေကူးကန် စသည်တို့ရှိခြင်း) ၊ အရည်အသွေးပြည့်ဆရာများကို လစာကောင်း ကောင်းပေးပြီး ငှားထားနိုင်ခြင်းတို့ဖြစ်သည်။ - အချို့သောကျောင်း များသည် ပညာရေးအတွက် သီးခြားသင်ကြားနိုင်စေရန်သဘောဖြင့် အဆောင်နေ ဘော်ဒါကျောင်းများအဖြစ် ထူထောင်ထားကြ သည်။ ထိုကျောင်းများသည် စည်းကမ်းအထူးတင်းကျပ်သည့် ကျောင်းများဖြ

ပညာရှာရာမှာ ပျားကို ပမာပြုစေချင်

ပျားတစ်ကောင်ဟာ ပန်းတွေဆီကနေ သူစုပ်ယူလာခဲ့တဲ့ ဝတ်ရည်ရဲ့ သုးံပုံတစ်ပုံကိုသာ ပျားရည်အဖြစ်ရလာတာ။ ပျားရည်တစ်ပေါင်ရဖို့အတွက် ပန်းပွင့်ပေါင်း ၂သန်းကနေ ဝတ်ရည်ကို စုပ်ယူရတယ်။ ပန်းများရှိရာကို အကြိမ်ပေါင်း သုံးသန်းကျော်ပျံသန်းရသကွဲ့။ ပျံရတဲ့ ခရီးတာကို တွက်ကြည့်ရင် မိုင်ပေါင်း ငါးသောင်းကျော်တောင် ရှိသတဲ့။ ကဲ အခု ပျားရည်စလုပ်တော့မယ်။ စုပ်လာတဲ့ ပန်းဝတ်ရည်က ရေလိုပဲတဲ့။ ရှိသမျှရေတွေ ခမ်းသွားဖို့အတွက် သူတို့ရဲ့ အတောင်ပံတွေကိုယပ်ခပ်သလိုမျိုး အခါခါ အကြိမ်များစွာ ခပ်ပေးရတာနော်။ ဝတ်ရည်ထဲမှာရေလုံးဝ မရှိတော့မှပဲ ပျားရဲ့ပါးစပ်ထဲမှာ ရှိတဲ့အထူးသီးသန့် ဂလင်းထဲက စစ်ထုတ်ရည်ကို ဆက်ဖြန်းပေးရသတဲ့။ ဒီတော့မှ အရသာချိုမြတဲ့ ပျားရည် ဖြစ်လာရတာကွဲ့။ ဒီပျားရည်ကို ဖယောင်းမံထားတဲ့ ပျားအုံထဲက အခန်းလေးတွေထဲထည့်ပြီး စနစ်တကျ သိုလှောင်ပြီး သိမ်းထားပေးသတဲ့။ လူတွေက ပျားအုံကနေ ပျားရည်ကို ဖွပ်ယူရတာလေ။ လူတွေက ပျားရည်ကို.ပုလင်းသန့်သန့်ထဲမှာ ထည့်ပြီး စနစ်တကျ အဖုးံကို လုံလုံပိတ်ပြီးထားရသလိုပေါ့ကွယ်။ ပျားရည်ရဲ့ထူးခြားချက်က ဘယ်တော့မှ ပုတ်သိုးရိုး မရှိဘူးကွဲ့။ နှစ်ရှည်လများ သိမ်းထားတဲ့ ပျားရည်ကို နှစ်ချို့ပျားရည်လို့ ခေါ်တာကိ

ကမ္ဘာဂြိုဟ်မြေအကြောင်းသိကောင်းစရာ

ကမ္ဘာဂြိုလ်သည် နေအဖွဲ့အစည်းတွင် နေနှင့်အနီးဆုံး တတိယမြောက်ဂြိုဟ်ဖြစ်သည်။ ကမ္ဘာဂြိုဟ် (Earth) သည် လူသားများ၊ တိရစ္ဆာန်များနှင့် အပင်တို့ ရှင်သန်နေထိုင်ရာ ဂြိုဟ်တစ်ခုဖြစ်သည်။ နေမှရေတွက်ပါက တတိယမြောက်ဂြိုဟ်တစ်စင်း ဖြစ်သည်။ ကမ္ဘာတွင် ဂြိုဟ်ရံလတစ်စင်းသာရှိသည်။                 ကမ္ဘာသည် နေကို ၃၆၅.၂၅၆၄ ရက်တွင် တစ်ကြိမ် လှည့်ပတ်နေပြီး တစ်နှစ်ဟုသတ်မှတ်ကြသည်။ ရေဒီယို မက်ထရစ်ရက်စွဲအရ ကမ္ဘာသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၄.၅၄ ဘီလီယံ အကြာက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ နေသည် ကမ္ဘာကို ထွန်းလင်ရန် အလင်းရောင်နှင့် အပူချိန်ကိုပေးသည်။ ၎င်းအပူစွမ်းအင်ကြောင့် ကမ္ဘာကြီး၏ အောက်ဆုံးလေထုလွှာတွင် ရာသီဥတု (နေပူ၊ လေတိုက်၊ မိုးရွာ၊ နှင်းကျ၊ မုန်တိုင်းတိုက်)အခြေအနေများကို ဖြစ်ပေါ်လာစေသည်။      ကမ္ဘာသည် ရေပါဝင်မှု ၇၁% နှင့် ကုန်းမြေ ၂၉% ခန့်ရှိသည်။ နေအဖွဲ့အစည်းအတွင်း သက်ရှိနေထိုင်နိုင်သော တစ်ခုတည်းသော ဂြိုဟ်ဖြစ်သည်။ သက်ရှိမျိုးစိတ်ပေါင်း ၁၀-၁၄ မီလီယံခန့် နေထိုင်ကြပြီး လူသားမျိုးနွယ်တို့မှာ အရေအတွက်အားဖြင့် ၇.၆ ဘီလီယံခန့်ဖြစ်သည်။ အနီးရှိ ကြာသပတေးဂြိုဟ်၏ ပြင်းထန်သော ဒြပ်ဆွဲငင်အားကြောင့် ဥက္ကာပျံများ၏ တိုက်မိနိုင်ချေမှ အတန်အ

"နိုင်ငံတကာ ပညာသင်ဆုများ ရရှိဖို့ မဖြစ်မနေ ရှိရမယ့် အခြေခံ လိုအပ်ချက်များက ဘာတွေလဲ......? " ဟောပြောပွဲ

English version can read at below . . .  ပညာရေး၊လေ့ကျင့်ရေးနှင့် လူမူဖွံဖြိုးတိုးတက်ရေး စင်တာ(TEC myanmar)မှ ကျောင်းသားလူငယ်တို့၏ ပညာရေး အနာဂတ် အခွင့်အလမ်းများရရှိရေးကို ရည်ရွယ်၍ ပြည်တွင်းနှင့် နိုင်ငံတကာ ပညာသင်ဆုများရရှိနိုင်ရန် ပံပိုးကူညီသောအားဖြင့် ဆရာဦးကျော်ကျော်(ERP system manager, USA) မှ "နိုင်ငံတကာ ပညာသင်ဆုများ ရရှိဖို့ မဖြစ်မနေ ရှိရမယ့် အခြေခံ လိုအပ်ချက်များက ဘာတွေလဲ......? " ခေါင်းစဥ်ဖြင့် နိုင်ငံတကာပညာသင်ဆု လျှောက်ထားလိုသော ကျောင်းသား လူငယ်များအား (28-11-2021)ရက်နေ့ နံနက် ၉နာရီ အချိန်တွင် Zoom Meeting မှ ပညာပေးဟောပြောပို့ချမည်ဖြစ်ရာ အဆိုပါဟောပြောပွဲသို့ မလေးရှား နိုင်ငံ UCSI တက္ကသိုလ်မှ လက်ထောက်ပါမောက္ခနှင့် ဌာနမှူး (ကွန်ပြူတာသိပ္ပံဌာန) မှ ဆရာမ ဒေါ်ချစ်စုမွန် က အဖွင့်မိတ်ဆက်စကား ပြောကြားမည်ဖြစ်ပါသည်။ ဟောပြောပို့ချမည့် အကြောင်းအရာများ ကတော့……………… (၁) နိုင်ငံတကာအဆင့်မြင့်တက္ကသိုလ်တွေမှာ ထူးချွန်ပညာသင်ဆုကို ရရှိလိုရင် အရည်အချင်း၊ စိတ်ဓါတ်၊ အတွေးအခေါ်၊ စာရိတ္တမြင့်မားကောင်းမွန်တဲ့ ကျောင်းသား/သူ (အနာဂတ် ပရိုဖက်ရှင်နယ်တွေ) ဖြစ်လာစေဖို့ ဘယ်လို လေ့ကျင့်ပြင်ဆင်မူတွေကြိ

Islamic University of Medinah သို့ပညာသင်ဆုလျှောက်ထားခြင်းအကြောင်း သိကောင်းစရာများ

ယခုခေါ်ဆိုလျှက်ရှိသော Islamic University of Madina ရဲ့  Scholarship program နှင့်ပတ်သတ်ပြီး သိသင့်သည်များကို ဖော်ပြလိုပါတယ်၊။  IUM တွင် Theoretical Track နှင့် Scientific Track ဟူ၍ သက်ဆိုင်ရာ ဘာသာရပ်များအတွက် Undergraduate program ( Bachelor) ဘွဲ့များကိုအောက်ပါအတိုင်း ရွေးချယ်နိုင်မည်ဖြစ်ပါသည်။ Theoretical Track Shariah ( Islamic Law - 4 yrs) Dawah ( Islamic Call & Theology -  4 Yrs) Noble Quran ( 4 Yrs) Noble Hadith ( 4 Yrs) Arabic Language ( 4 Yrs) နှင့် Law Systems and Judicial Studies ( 4 Yrs)  တို့ပါ၀င်ပြီး Scientific Track တွင် Electrical Engineering ( 5 Yrs) Mechanical Engineering ( 5 Yrs ) Civil Engineering ( 5 Yrs ) Computer Science ( 5 Yrs) Information Systems ( 5 Yrs) Information Technology ( 5 Yrs ) Physics ( 4 Yrs) Chemistry ( 4 Yrs) Mathematics ( 4 Yrs) နှင့် Institute for Teaching Arabic Language ( 2 Yrs) တို့ဖြစ်ပါသည်၊၊ ( ၁ ) HJ1443 ခုနှစ်အတွက်  Scholarship Application များကို ၁၂ / ၉ / ၂၀၂၁ ကတည်းက ခေါ်ယူနေခြင်းဖြစ်ပြီး   ၄ / ၁၂ / ၂၀၂၁ တင်

@tecmyanmar, All rights reserved.