Skip to main content

Posts

Showing posts with the label TEC's Event

ဆေးဝါးကျွမ်းကျင်အကူ ပညာဒါနသင်တန်း ( အမှတ်စဉ်-၂) ဖွင့်လှစ်မည်

ပညာရေး၊လေ့ကျင့်ရေးနှင့်လူမူ့ဖွံဖြိုးတိုးတက်ရေး စင်တာ(TEC Myanmar)မှ ကြီးမှူး၍ - လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရေး အတွက်ကို ရည်ရွယ်၍ ............... "ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်း" အပတ်စဥ် (၂) ကို ဖွင့်လှစ်မည်ဖြစ်ရာ "သင်တန်းသားဦးရေကို ကန့်သတ်ထားပါ၍" မည်သူမဆို အောက်ပါ google form ကိုဖြည့်စွက်၍ တက်ရောက်သင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည်။ Google form>>>>>>> https://docs.google.com/.../1FAIpQLSc2rYv1SwN.../viewform... သင်ကြားမည့် ဆရာ/ဆရာမများ """""""""""""""""""""""""""""""""""""""""""""""" Dr Maung Maung Kyaw [M.B.B.S (YGN), MPH (Mahidol)] Dr Kyaw Min Htut( ရှင်ပါကူ ဆေးရုံ) - ​ ဆေးဝါး နှင့် ဆေးရုံသုံး ပစ္စ

Turkey Scholarship Opportunity ( Present by TEC )

  တူရကီ ပညာတော်သင် အခွင့်အလမ်းများ နှင့်လျှောက်ထားရမည့် နည်းလမ်းများ" ဟောပြောပွဲ

ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်းဖွင့်လှစ်ခြင်း

 - ပညာရေး၊ လေ့ကျင့်ရေးနှင့် လူမူ့ဖွံဖြိုးတိုးတက်ရေးစင်တာ(TEC Myanmar)မှ ကြီးမှူးဖွင့်လှစ်သော "ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်း" ဖွင့်ပွဲအား ယမန်နေ့ (11-12-2021)ရက် နံနက် ၉နာရီအချိန်ခန့်က ကျင်းပရာ စင်တာ၏ ဦးစီးနာယက၊ နာယကကြီးများ၊အမူ့ဆောင် အဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများနှင့် သင်တန်းဆရာများ၊ သင်တန်းသား/သူ များတက်ရောက်ကြပါသည်။ - အဆိုပါ ဖွင့်ပွဲတွင် စင်တာ၏ ဥက္ကဌ ဆရာဂျက်ဖရီ တင်အုန်းမှ အဖွင့်အမှာ စကားပြောကြားပြီး၊ ဦးစီးနာယက ဟာဂျီဦးမြင့်နိုင်နှင့် နာယကကြီး ပါမောက္ခ ဒေါက်တာစိုးနိုင်(ဌာနမှူး/ မြန်မာစာဌာန၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်) တို့မှ အသီးသီး အမှာစကားပြောကြားကြပါသည်။  - ဆက်လက်၍ သင်တန်းဆရာများကိုယ်စား ဒေါက်တာ ကျော်မင်းထွန်း နှင့် ဆရာဦး​ဇေယျာမိုးဦးတို့မှ မိတ်ဆက်စကား ပြောကြားကြပြီး သင်တန်းဆရာ ဆရာမများက ဆေးဝါး ပညာရပ်များအား ပို့ချပေးခဲ့ကြပါသည်။

"နိုင်ငံတကာ ပညာသင်ဆုများ ရရှိဖို့ မဖြစ်မနေ ရှိရမယ့် အခြေခံ လိုအပ်ချက်များက ဘာတွေလဲ......? " ဟောပြောပွဲ

English version can read at below . . .  ပညာရေး၊လေ့ကျင့်ရေးနှင့် လူမူဖွံဖြိုးတိုးတက်ရေး စင်တာ(TEC myanmar)မှ ကျောင်းသားလူငယ်တို့၏ ပညာရေး အနာဂတ် အခွင့်အလမ်းများရရှိရေးကို ရည်ရွယ်၍ ပြည်တွင်းနှင့် နိုင်ငံတကာ ပညာသင်ဆုများရရှိနိုင်ရန် ပံပိုးကူညီသောအားဖြင့် ဆရာဦးကျော်ကျော်(ERP system manager, USA) မှ "နိုင်ငံတကာ ပညာသင်ဆုများ ရရှိဖို့ မဖြစ်မနေ ရှိရမယ့် အခြေခံ လိုအပ်ချက်များက ဘာတွေလဲ......? " ခေါင်းစဥ်ဖြင့် နိုင်ငံတကာပညာသင်ဆု လျှောက်ထားလိုသော ကျောင်းသား လူငယ်များအား (28-11-2021)ရက်နေ့ နံနက် ၉နာရီ အချိန်တွင် Zoom Meeting မှ ပညာပေးဟောပြောပို့ချမည်ဖြစ်ရာ အဆိုပါဟောပြောပွဲသို့ မလေးရှား နိုင်ငံ UCSI တက္ကသိုလ်မှ လက်ထောက်ပါမောက္ခနှင့် ဌာနမှူး (ကွန်ပြူတာသိပ္ပံဌာန) မှ ဆရာမ ဒေါ်ချစ်စုမွန် က အဖွင့်မိတ်ဆက်စကား ပြောကြားမည်ဖြစ်ပါသည်။ ဟောပြောပို့ချမည့် အကြောင်းအရာများ ကတော့……………… (၁) နိုင်ငံတကာအဆင့်မြင့်တက္ကသိုလ်တွေမှာ ထူးချွန်ပညာသင်ဆုကို ရရှိလိုရင် အရည်အချင်း၊ စိတ်ဓါတ်၊ အတွေးအခေါ်၊ စာရိတ္တမြင့်မားကောင်းမွန်တဲ့ ကျောင်းသား/သူ (အနာဂတ် ပရိုဖက်ရှင်နယ်တွေ) ဖြစ်လာစေဖို့ ဘယ်လို လေ့ကျင့်ပြင်ဆင်မူတွေကြိ

နိုင်ငံသား၊ နိုင်ငံသားဖြစ်ခြင်းနှင့် နိုင်ငံသားဥပဒေအကြောင်းဆွေးနွေးပွဲကျင်းပခဲ့ခြင်း

“ နိုင်ငံသား၊ နိုင်ငံသားဖြစ်ခြင်းနှင့် နိုင်ငံသားဥပဒေအကြောင်း ” ကို ဦးအုန်းမောင် - ရန်ကင်း ( တရားလွှတ်တော်ရှေ့နေ ) က   ( ၁၄ . ၂ . ၂၀၂၁ ) ရက်နေ့၊ နေ့လယ် ( ၂း၀၀ ) နာရီအချိန်တွင် ZOOM DISCUSSION ဖြင့် ဆွေးနွေးတင်ပြခဲ့ပါသည်။

မသန်စွမ်း(နားမကြား) ဆယ်ကျော်သက်(teenagers)များ၏ အလုပ်အကိုင်အခွင့်အလမ်း အသက်မွေးဝမ်းကြောင်းမူ့ပြုနိုင်ရေး ဓာတ်ပုံ သင်တန်း

  အမေရိကန်သံရုံးမှ ကူညီပံပိုးမူ့ဖြင့် ပညာရေး၊ လေကျင့်ရေးနှင့် လူမှုဖွံဖြိုးတိုးတက်ရေးစင်တာ(TEC development centre) နှင့် Sonic Sign အဖွဲ့တို့ ပူးပေါင်း၍ မသန်စွမ်း(နားမကြား) ဆယ်ကျော်သက်(teenagers)များ၏ အလုပ်အကိုင်အခွင့်အလမ်း အသက် မွေးဝမ်းကြောင်းမူ့ပြုနိုင်ရေးကို ရည်ရွယ်ပြီး(25-1-2021)မှ (5-2-2021)ရက်နေ့ထိ (၁၂)ရက်တာ ဖွင့်လှစ်မည့် "ဓာတ်ပုံရိုက် ပညာ" သင်တန်းကို 25-1-2021 နံနက် (၁၀)နာရီ အချိန်တွင် စတင်ဖွင့်လှစ်ရာ စင်တာ၏ ဦးစီးနာယကကြီး ဦးမြင့်နိုင်မှ အဖွင့်အမှာ စကားပြောကြားကာ ဆက်လက်၍ ဥက္ကဌ ဆရာဂျက်ဖရီ တင်အုန်းနှင့် ဒုဥက္ကဌ ဆရာဦးဇော်အောင်တို့မှ အမှာစကား ပြောကြားခဲ့ကြပါသည်။ ဆက်လက်ပြီး Sonic Sign အဖွဲ့၏ တာဝန်ခံ ဆရာဦးထိန်လင်းနှင့် ဆရာဦးနေရဲလင်းတို့မှ ဓာတ်ပုံရိုက် နည်းပညာများကို ဆရာဦးဝဏ္ဏဟိန်း၏ လက်သင်္ကေတ(sign language) အကူအညီဖြင့် ပို့ချခဲ့ပါသည်။ ၄င်းသင်တန်းအတွက် သင်ထောက်ကူပစ္စည်း ကင်မရာနှင့် ဆက်စပ်ပစ္စည်းများကို Fuji Filmမှ ပံ့ပိုးကူညီပေးခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ စင်တာ၏ တွဲဘက်အတွင်းရေးမှူး(၁) ဆရာဦးအောင်မြင့်၊ တွဲဘက်အတွင်း ရေးမှူး(၂) ဆရာမဒေါ်စန္ဒီအေး၊ ပြန်ကြားရေးမှူး

Social media မှဘယ်လိုစာသင်ကြမလဲ ဆွေးနွေးပွဲ

  ပညာရေး လေ့ကျင့်ရေးနှင့်လူမူဖွံဖြိုးတိုးတက်ရေးစင်တာမှ ကြီးမှူး၍ မြန်မာနိုင်ငံတဝှမ်းရှိ ဆရာ/ဆရာမများ၏ သင်ကြားရေး စွမ်းရည်မြင့်မားလာရေးကို ရည်ရွယ်၍ ကျင်းပသော "Social media မှဘယ်လိုစာသင်ကြမလဲ" ခေါင်းစဥ်ဖြင့် ဟောပြောပွဲ အခမ်းအနားအား  (3-1-2021)နေ့ နံနက် ၁၀နါရီ အချိန်တွင် Zoom Meetingsဖြင့် ​​ ကျင်းပရာ ပထမဦးစွာ စင်တာ၏ ဦးစီးနာယကကြီးဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြာပြီး စင်တာ၏နာယက ပါမောက္ခ ဒေါက်တာစိုးနိုင်(ဌာနမှူး/မြန်မာစာဌာန ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်)နှင့် စင်တာ၏ဥက္ကဌ ဆရာဂျက်ဖရီတင်အုန်း တို့မှ အသီးသီး အမှာစကားပြောကြားကြပါသည်။ ဆက်လက်၍ စင်တာ၏ activities လှုပ်ရှားမူ့များကို vedio clip ဖွင့်၍ စင်တာ၏ ဒုဥက္ကဌ ဆရာဦးဇော်အောင်က တင်ပြပြီး ဟောပြောပို့ချမည့် ဆရာဦးထွန်းလင်း(ဓာတုဗေဒ)၏ ကိုယ်ရေးအကျဥ်းကို စင်တာ၏ တွဲဖက်အတွင်းရေးမှူး ဆရာမဒေါ်စန္ဒီအေးမှ ဖတ်ကြားတင်ပြကာ ဆက်လက်၍ ဆရာဦးထွန်းလင်း(ဓာတုဗေဒ)က "Social media မှ ဘယ်လိုစာသင်ကြမလဲ"ခေါင်းစဥ်ဖြင့် ဟောပြောပို့ချခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ ဆရာမ သင်တန်းသား ဦးရေ (၁၀၀)ခန့် တက်ရောက်ခဲ့ကြပြီး (3-1-2021)နေ့တွင် zoom meeting

@tecmyanmar, All rights reserved.