Skip to main content

Posts

နိုင်ငံတကာ နှင့် ပုဂ္ဂလိက ပညာရေး(၂)

  နိုင်ငံတကာ နှင့် ပုဂ္ဂလိက ပညာရေး(၂) အမေရိကန် - အမေရိကန်နိုင်ငံတွင် ပုဂ္ဂလိကကျောင်းအမည်ခံလျှင် ပြည်နယ်အစိုးရများ၏ အထောက်အပံ့ကိုမရရှိကြပေ။ နိုင်ငံပိုင် အစိုးရအထောက်အပံ့ခံကျောင်းများလည်းရှိနေသဖြင့် အပြိုင်ဖြစ်နေသောကြောင့်ဖြစ်သည်။ အမေရိကန်နိုင်ငံရှိ ပုဂ္ဂလိကကျောင်း အများစုသည် ဘာသာရေးအဖွဲ့အစည်းတစ်ခုခု၏ထောက်ပံ့မှုနှင့်ဖြစ်စေ၊ အဖွဲ့အစည်း ကုမ္ပဏီကြီးတစ်ခုခု၏အထောက်အပံ့နှင့် ဖြစ်စေ ရပ်တည်နေကြရသည်ကများသည်။ - ပုဂ္ဂလိကကျောင်းများသည် ပညာရေးဆိုင်ရာပုံမှန်သတ်မှတ်ချက်များမှ ကင်းလွတ်ခွင့်ရကြသည်။ သို့သော်သတ်မှတ်ထားသည့် သင်ရိုးနှင့် ပြဋ္ဌာန်းချက်များမှ လွတ်ထွက်မသွားရန် ဂရုစိုက်ကြရ သည်။ များသောအားဖြင့် အမေရိကန်တွင် မူလတန်းနှင့် အလယ် တန်းအဆင့်ကျောင်းသားများသည် အစိုးရကျောင်းများတွင် တက်ကြသည်ကများသည်။ ပုဂ္ဂလိကကျောင်းများမှ လုပ်ပေးနိုင်သမျှ အစိုးရကျောင်းများတွင်လည်း ရရှိနိုင်သောကြောင့်ဖြစ်သည်။ - အမေရိကန်နိုင်ငံရှိ ပုဂ္ဂလိကကျောင်းအများစုသည် ကျောင်း လခမှရရှိသည့် ဝင်ငွေများဖြင့်သာရပ်တည်ကြသည်ကများသည်။ အချို့ကျောင်းများတွင် ရန်ပုံငွေတောင့်တင်းကြပြီး ဘာသာရေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီများ၏အထောက်အပံ့များဖြင့်လည...

နိုင်ငံတကာနှင့် ပုဂ္ဂလိကပညာရေး

ပုဂ္ဂလိကကျောင်းအမျိုးအစား သုံးမျိုးရှိသည်။ အစိုးရကျောင်း အမျိုးအစားနှစ်မျိုးနှင့် ဘာသာရေးဆိုင်ရာကျောင်းများလည်းရှိ သည်။ ဩစတေးလျှ -ဩစတေးလျှတွင် ပုဂ္ဂလိက (Private) ကျောင်းဆိုသည်မှာ တစ်ခါတစ်ရံ ပြည်သူအများပိုင် (Public) အသွင်ဆောင်တတ် သည်။ ဥပမာ (Associated Public Schools of Victoria) ကျောင်းမျိုးဖြစ်သည်။ ပြည်သူပိုင်ကျောင်း (Public School) ဆိုသည်မှာ အစိုးရကျောင်း (Government School) အနေဖြင့် လူသိများသည်။ - ဩစတေးလျှနိုင်ငံတွင် ပုဂ္ဂလိကကျောင်းများကို အလေးထား အားပေးသည်။ အဘယ်ကြောင့်ဆိုသော် အစဉ်အလာကြီးမားပြီး ဂုဏ်သိက္ခာရှိသည့်ကျောင်းများဖြစ်နေသောကြောင့်ဖြစ်သည်။ ကျောင်းအဆောက်အအုံအရည်အသွေးမြင့်မားကောင်းမွန်ခြင်း၊ ကျောင်းတစ်ကျောင်းတွင် ရှိသင့်ရှိထိုက်သည့် အရည်အသွေးများ ပြည့်စုံခြင်း (ဥပမာ အားကစားကွင်း၊ စာကြည့်တိုက်၊ ရေကူးကန် စသည်တို့ရှိခြင်း) ၊ အရည်အသွေးပြည့်ဆရာများကို လစာကောင်း ကောင်းပေးပြီး ငှားထားနိုင်ခြင်းတို့ဖြစ်သည်။ - အချို့သောကျောင်း များသည် ပညာရေးအတွက် သီးခြားသင်ကြားနိုင်စေရန်သဘောဖြင့် အဆောင်နေ ဘော်ဒါကျောင်းများအဖြစ် ထူထောင်ထားကြ သည်။ ထိုကျောင်းများသည် စည်းကမ်းအထူးတင်းကျပ်သည့် ကျောင်းများဖြ...
  ပုဂ္ဂလိက ပညာရေး - "ကျောင်း" ဆိုသည်မှာ "အတတ်ပညာ အသိပညာ သင်ယူရာဌာန" ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ မြန်မာမင်းများလက်ထက်တွင် လောကုတ္တရာဆိုင်ရာပညာရပ်များ၊ စာပေကျမ်းဂန်များကိုသာ သင်ကြားပေးသည့် ဘုန်းတော်ကြီးကျောင်းများကို "အရညဝါသီ" ကျောင်းများဟုခေါ်ဆိုပြီး၊ လောကီအတတ်ပညာများကိုပါ သင်ကြားပေးသည့်ကျောင်းများကို "ဂါမဝါသီ" ကျောင်းများဟု ခေါ်ဆိုကြသည်။ - ဗြိတိသျှကိုလိုနီခေတ်တွင် ကျောင်းအမျိုးအစား လေးမျိုး ကွဲသွားသည်။ (က) အစိုးရက လုံးဝတာဝန်ယူသည့် အစိုးရကျောင်းများ (ခ) ပုဂ္ဂလိကအစီအစဉ်ဖြင့်ဖြစ်စေ၊ သာသနာရေးအဖွဲ့အစည်းက တာဝန်ယူ၍ဖြစ်စေ ဖွင့်လှစ်သော အစိုးရအထောက်အပံ့ခံကျောင်းများ (ဂ) မြူနီစီပယ် သို့မဟုတ် ဒီစတိတ်ကောင်စီအစရှိသည့် ဒေသန္တရအဖွဲ့အစည်းတစ်ခုခုက တိုက်ရိုက်တာဝန်ယူ၍ အစိုးရ၏ အထောက်အပံ့ခံယူပြီး ဖွင့်လှစ်သောကျောင်းများ (ဃ) နိုင်ငံတော် အစိုးရ ထောက်ပံ့ကြေး လုံဝမယူဘဲ ကိုယ့်အား ကိုယ်ကိုးစနစ်ဖြင့် ဖွင့်လှစ်သောကျောင်းများဟူ၍ဖြစ်သည်။ - ပါလီမန်ဒီမိုကရေစီခေတ်တွင် (က) နိုင်ငံတော်ကျောင်းများ (State School) (ခ) အသိအမှတ်ပြုကျောင်းများနှင့် မှတ်ပုံတင် ကိုယ်ပိုင်ကျောင်းများ (Recogn...

ပညာရှာရာမှာ ပျားကို ပမာပြုစေချင်

ပျားတစ်ကောင်ဟာ ပန်းတွေဆီကနေ သူစုပ်ယူလာခဲ့တဲ့ ဝတ်ရည်ရဲ့ သုးံပုံတစ်ပုံကိုသာ ပျားရည်အဖြစ်ရလာတာ။ ပျားရည်တစ်ပေါင်ရဖို့အတွက် ပန်းပွင့်ပေါင်း ၂သန်းကနေ ဝတ်ရည်ကို စုပ်ယူရတယ်။ ပန်းများရှိရာကို အကြိမ်ပေါင်း သုံးသန်းကျော်ပျံသန်းရသကွဲ့။ ပျံရတဲ့ ခရီးတာကို တွက်ကြည့်ရင် မိုင်ပေါင်း ငါးသောင်းကျော်တောင် ရှိသတဲ့။ ကဲ အခု ပျားရည်စလုပ်တော့မယ်။ စုပ်လာတဲ့ ပန်းဝတ်ရည်က ရေလိုပဲတဲ့။ ရှိသမျှရေတွေ ခမ်းသွားဖို့အတွက် သူတို့ရဲ့ အတောင်ပံတွေကိုယပ်ခပ်သလိုမျိုး အခါခါ အကြိမ်များစွာ ခပ်ပေးရတာနော်။ ဝတ်ရည်ထဲမှာရေလုံးဝ မရှိတော့မှပဲ ပျားရဲ့ပါးစပ်ထဲမှာ ရှိတဲ့အထူးသီးသန့် ဂလင်းထဲက စစ်ထုတ်ရည်ကို ဆက်ဖြန်းပေးရသတဲ့။ ဒီတော့မှ အရသာချိုမြတဲ့ ပျားရည် ဖြစ်လာရတာကွဲ့။ ဒီပျားရည်ကို ဖယောင်းမံထားတဲ့ ပျားအုံထဲက အခန်းလေးတွေထဲထည့်ပြီး စနစ်တကျ သိုလှောင်ပြီး သိမ်းထားပေးသတဲ့။ လူတွေက ပျားအုံကနေ ပျားရည်ကို ဖွပ်ယူရတာလေ။ လူတွေက ပျားရည်ကို.ပုလင်းသန့်သန့်ထဲမှာ ထည့်ပြီး စနစ်တကျ အဖုးံကို လုံလုံပိတ်ပြီးထားရသလိုပေါ့ကွယ်။ ပျားရည်ရဲ့ထူးခြားချက်က ဘယ်တော့မှ ပုတ်သိုးရိုး မရှိဘူးကွဲ့။ နှစ်ရှည်လများ သိမ်းထားတဲ့ ပျားရည်ကို နှစ်ချို့ပျားရည်လို့ ခေါ်တာကိ...

ကမ္ဘာဂြိုဟ်မြေအကြောင်းသိကောင်းစရာ

ကမ္ဘာဂြိုလ်သည် နေအဖွဲ့အစည်းတွင် နေနှင့်အနီးဆုံး တတိယမြောက်ဂြိုဟ်ဖြစ်သည်။ ကမ္ဘာဂြိုဟ် (Earth) သည် လူသားများ၊ တိရစ္ဆာန်များနှင့် အပင်တို့ ရှင်သန်နေထိုင်ရာ ဂြိုဟ်တစ်ခုဖြစ်သည်။ နေမှရေတွက်ပါက တတိယမြောက်ဂြိုဟ်တစ်စင်း ဖြစ်သည်။ ကမ္ဘာတွင် ဂြိုဟ်ရံလတစ်စင်းသာရှိသည်။                 ကမ္ဘာသည် နေကို ၃၆၅.၂၅၆၄ ရက်တွင် တစ်ကြိမ် လှည့်ပတ်နေပြီး တစ်နှစ်ဟုသတ်မှတ်ကြသည်။ ရေဒီယို မက်ထရစ်ရက်စွဲအရ ကမ္ဘာသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၄.၅၄ ဘီလီယံ အကြာက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ နေသည် ကမ္ဘာကို ထွန်းလင်ရန် အလင်းရောင်နှင့် အပူချိန်ကိုပေးသည်။ ၎င်းအပူစွမ်းအင်ကြောင့် ကမ္ဘာကြီး၏ အောက်ဆုံးလေထုလွှာတွင် ရာသီဥတု (နေပူ၊ လေတိုက်၊ မိုးရွာ၊ နှင်းကျ၊ မုန်တိုင်းတိုက်)အခြေအနေများကို ဖြစ်ပေါ်လာစေသည်။      ကမ္ဘာသည် ရေပါဝင်မှု ၇၁% နှင့် ကုန်းမြေ ၂၉% ခန့်ရှိသည်။ နေအဖွဲ့အစည်းအတွင်း သက်ရှိနေထိုင်နိုင်သော တစ်ခုတည်းသော ဂြိုဟ်ဖြစ်သည်။ သက်ရှိမျိုးစိတ်ပေါင်း ၁၀-၁၄ မီလီယံခန့် နေထိုင်ကြပြီး လူသားမျိုးနွယ်တို့မှာ အရေအတွက်အားဖြင့် ၇.၆ ဘီလီယံခန့်ဖြစ်သည်။ အနီးရှိ ကြာသပတေးဂြိုဟ်၏ ပြင်းထ...

"နိုင်ငံတကာ ပညာသင်ဆုများ ရရှိဖို့ မဖြစ်မနေ ရှိရမယ့် အခြေခံ လိုအပ်ချက်များက ဘာတွေလဲ......? " ဟောပြောပွဲ

English version can read at below . . .  ပညာရေး၊လေ့ကျင့်ရေးနှင့် လူမူဖွံဖြိုးတိုးတက်ရေး စင်တာ(TEC myanmar)မှ ကျောင်းသားလူငယ်တို့၏ ပညာရေး အနာဂတ် အခွင့်အလမ်းများရရှိရေးကို ရည်ရွယ်၍ ပြည်တွင်းနှင့် နိုင်ငံတကာ ပညာသင်ဆုများရရှိနိုင်ရန် ပံပိုးကူညီသောအားဖြင့် ဆရာဦးကျော်ကျော်(ERP system manager, USA) မှ "နိုင်ငံတကာ ပညာသင်ဆုများ ရရှိဖို့ မဖြစ်မနေ ရှိရမယ့် အခြေခံ လိုအပ်ချက်များက ဘာတွေလဲ......? " ခေါင်းစဥ်ဖြင့် နိုင်ငံတကာပညာသင်ဆု လျှောက်ထားလိုသော ကျောင်းသား လူငယ်များအား (28-11-2021)ရက်နေ့ နံနက် ၉နာရီ အချိန်တွင် Zoom Meeting မှ ပညာပေးဟောပြောပို့ချမည်ဖြစ်ရာ အဆိုပါဟောပြောပွဲသို့ မလေးရှား နိုင်ငံ UCSI တက္ကသိုလ်မှ လက်ထောက်ပါမောက္ခနှင့် ဌာနမှူး (ကွန်ပြူတာသိပ္ပံဌာန) မှ ဆရာမ ဒေါ်ချစ်စုမွန် က အဖွင့်မိတ်ဆက်စကား ပြောကြားမည်ဖြစ်ပါသည်။ ဟောပြောပို့ချမည့် အကြောင်းအရာများ ကတော့……………… (၁) နိုင်ငံတကာအဆင့်မြင့်တက္ကသိုလ်တွေမှာ ထူးချွန်ပညာသင်ဆုကို ရရှိလိုရင် အရည်အချင်း၊ စိတ်ဓါတ်၊ အတွေးအခေါ်၊ စာရိတ္တမြင့်မားကောင်းမွန်တဲ့ ကျောင်းသား/သူ (အနာဂတ် ပရိုဖက်ရှင်နယ်တွေ) ဖြစ်လာစေဖို့ ဘယ်လို လေ့ကျင့်ပြင်ဆင်မူတွေကြိ...

ပန်းတိုင်တည့်တည့်ကိုသာ အာရုံပြုကြ

ရေကူးမယ် ဖလော်ရင့်(စ်) ချဒ်ဝစ်က မိုးကုပ် စက်ဝန်းကြီးကို မော့ကြည့်လိုက်တော့ မြူတွေထူထပ်စွာ ပိတ်လို့နေတယ်။ သူရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက လုံး၀ထုံနေပြီ။ မနားတမ်းရေကူးလာခဲ့တာ ၁၆နာရီ ကြာသွားပြီ။ သူရဲ့ ပန်းတိုင်က ကာတာလီနာကျွန်းကနေ ကာလီဖိုးနီးယား ပင်လယ်ကမ်းရိုးတန်း အရောက် ကူးရမှာတဲ့။ ဒီမနက်ကျမှ ပင်လယ်ရေကလည်း ရေခဲရေထည့်စိမ် နေသလားမှတ်တယ်။ မြူတွေကလည်း ထူလိုက်တာမှ အသက်ကယ်လှေတွေကိုတောင် မမြင်ရဘူး။ ငါးမန်းတွေက သူ့ဘက်ကို ကူးလာလို့ အော်တိုမက်တစ်ရိုင်ဖယ်နဲ့ လှမ်းပစ်ခဲ့ရသေးတယ်။ အင်မတန်ကို အေးတဲ့ရေထဲမှာ တစ်နာရီပြီး တစ်နာရီ သူ့ခမျာ ကြိုးစားခဲ့ရရှာတယ်။ သန်းချီနေတဲ့ ပရိတ်သတ်ထုကြီးကလည်း နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ရှု့စားနေကြလေရဲ့။ သူကူးနေတဲ့ ရေပြင်ရဲ့ အနီးက အသက်ကယ်လှေ တစ်စင်းပေါ်ကနေ သူ့မိခင်ကြီးရယ်၊ သူ့ကို ရေကူးလေ့ကျင့်ပေးတဲ့ ဆရာတို့က လိုက်ပြီး အားပေး စကားဆိုနေကြတယ်။  “ကမ်းစပ်ကို ရောက်ဖို့ သိပ်မဝေးတော့ဘူး ကြိုးစားထား သမီးတဲ့” ဒါပေမယ့် ဘယ်ဖက်ကိုကြည့်ကြည့် သူမြင်နေရတာက ထူထဲလှတဲ့ မြူတွေအုံ့ဆိုင်းနေတဲ့ မြင်ကွင်းချည်းပဲ။ သူတို့က “သမီးရေ အရှုံးမပေးနဲ့” လို့ အားပေးနေကြဆဲပဲ။ မိုင်ဝက်လောက် အလိုကျမှပဲ သူ့ကို ဆ...

@tecmyanmar, All rights reserved.