အမေရိကန်သံရုံးမှ ကူညီပံပိုးမူ့ဖြင့် ပညာရေး၊ လေကျင့်ရေးနှင့် လူမှုဖွံဖြိုးတိုးတက်ရေးစင်တာ(TEC development centre) နှင့် Sonic Sign အဖွဲ့တို့ ပူးပေါင်း၍ မသန်စွမ်း(နားမကြား) ဆယ်ကျော်သက်(teenagers)များ၏ အလုပ်အကိုင်အခွင့်အလမ်း အသက် မွေးဝမ်းကြောင်းမူ့ပြုနိုင်ရေးကို ရည်ရွယ်ပြီး(25-1-2021)မှ (5-2-2021)ရက်နေ့ထိ (၁၂)ရက်တာ ဖွင့်လှစ်မည့် "ဓာတ်ပုံရိုက် ပညာ" သင်တန်းကို 25-1-2021 နံနက် (၁၀)နာရီ အချိန်တွင် စတင်ဖွင့်လှစ်ရာ စင်တာ၏ ဦးစီးနာယကကြီး ဦးမြင့်နိုင်မှ အဖွင့်အမှာ စကားပြောကြားကာ ဆက်လက်၍ ဥက္ကဌ ဆရာဂျက်ဖရီ တင်အုန်းနှင့် ဒုဥက္ကဌ ဆရာဦးဇော်အောင်တို့မှ အမှာစကား ပြောကြားခဲ့ကြပါသည်။ ဆက်လက်ပြီး Sonic Sign အဖွဲ့၏ တာဝန်ခံ ဆရာဦးထိန်လင်းနှင့် ဆရာဦးနေရဲလင်းတို့မှ ဓာတ်ပုံရိုက် နည်းပညာများကို ဆရာဦးဝဏ္ဏဟိန်း၏ လက်သင်္ကေတ(sign language) အကူအညီဖြင့် ပို့ချခဲ့ပါသည်။ ၄င်းသင်တန်းအတွက် သင်ထောက်ကူပစ္စည်း ကင်မရာနှင့် ဆက်စပ်ပစ္စည်းများကို Fuji Filmမှ ပံ့ပိုးကူညီပေးခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲသို့ စင်တာ၏ တွဲဘက်အတွင်းရေးမှူး(၁) ဆရာဦးအောင်မြင့်၊ တွဲဘက်အတွင်း ရေးမှူး(၂) ဆရာမဒေါ်စန္ဒီအေး၊ ပြန်ကြားရေးမှူး...