"လူငယ် နှင့် အနာဂတ် ( Youths and their futures) """""""""""""""""""""""""""""""""""""""" မြန်မာစကားမှာ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားတစ်ခုရှိပါတယ်။ ယနေ့ခေတ်လူငယ်တွေဟာ အနာဂတ်မှာ လူကြီးဖြစ်လာမယ့်သူတွေဖြစ်တယ်။ တိုင်းပြည်ရဲ့ တာဝန်အရပ်ရပ်ကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်ရမယ့်သူတွေဖြစ်တယ်။ တစ်နည်းအားဖြင့် လူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်လည်းဖြစ်ပါတယ်။ ဆိုလိုတာက လူငယ်တွေကောင်းမှ တိုင်းပြည်ရဲ့ အနာဂတ်ကောင်းမှာဖြစ်တယ်။ လူငယ်တွေညံ့ရင် တိုင်းပြည်ရဲ့ အနာဂတ်ဟာညံ့မယ်။ လူငယ်တွေပျက်စီးရင် တိုင်းပြည်ရဲ့ အနာဂတ်ဟာ ပျက်စီးမယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ကျနော်တို့ အားလုံးရဲ့ အနာဂတ်လည်းဖြစ်ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်ဟာ ကြီးပွားတိုးတက်လာမလား ဆုတ်ယုတ်နိမ့်ကျသွားမလားဆိုတာ သိချင်ရင် ပစ္စုပ္ပန်မှာ ဒီတိုင်းပြည်ရဲ့ လူငယ်တွေ ဘာတွေကို စိတ်ဝင်စားနေလဲ၊ ဘယ်လိုကိစ္စတွေမှာ အချိန်ပေးနေလဲ ဆို
Centre For Education ,Training and Community Development