Skip to main content

"နိုင်ငံတကာ ပညာသင်ဆုများ ရရှိဖို့ မဖြစ်မနေ ရှိရမယ့် အခြေခံ လိုအပ်ချက်များက ဘာတွေလဲ......? " ဟောပြောပွဲ

"နိုင်ငံတကာ ပညာသင်ဆုများ ရရှိဖို့ မဖြစ်မနေ ရှိရမယ့် အခြေခံ လိုအပ်ချက်များက ဘာတွေလဲ......? " ဟောပြောပွဲ  ဖိတ်စာ

English version can read at below . . . 

ပညာရေး၊လေ့ကျင့်ရေးနှင့် လူမူဖွံဖြိုးတိုးတက်ရေး စင်တာ(TEC myanmar)မှ ကျောင်းသားလူငယ်တို့၏ ပညာရေး အနာဂတ် အခွင့်အလမ်းများရရှိရေးကို ရည်ရွယ်၍ ပြည်တွင်းနှင့် နိုင်ငံတကာ ပညာသင်ဆုများရရှိနိုင်ရန် ပံပိုးကူညီသောအားဖြင့် ဆရာဦးကျော်ကျော်(ERP system manager, USA) မှ

"နိုင်ငံတကာ ပညာသင်ဆုများ ရရှိဖို့ မဖြစ်မနေ ရှိရမယ့် အခြေခံ လိုအပ်ချက်များက ဘာတွေလဲ......? "
ခေါင်းစဥ်ဖြင့် နိုင်ငံတကာပညာသင်ဆု လျှောက်ထားလိုသော ကျောင်းသား လူငယ်များအား (28-11-2021)ရက်နေ့ နံနက် ၉နာရီ အချိန်တွင် Zoom Meeting မှ ပညာပေးဟောပြောပို့ချမည်ဖြစ်ရာ အဆိုပါဟောပြောပွဲသို့ မလေးရှား နိုင်ငံ UCSI တက္ကသိုလ်မှ လက်ထောက်ပါမောက္ခနှင့် ဌာနမှူး (ကွန်ပြူတာသိပ္ပံဌာန) မှ ဆရာမ ဒေါ်ချစ်စုမွန် က အဖွင့်မိတ်ဆက်စကား ပြောကြားမည်ဖြစ်ပါသည်။
ဟောပြောပို့ချမည့် အကြောင်းအရာများ ကတော့………………
(၁) နိုင်ငံတကာအဆင့်မြင့်တက္ကသိုလ်တွေမှာ ထူးချွန်ပညာသင်ဆုကို ရရှိလိုရင် အရည်အချင်း၊ စိတ်ဓါတ်၊ အတွေးအခေါ်၊ စာရိတ္တမြင့်မားကောင်းမွန်တဲ့ ကျောင်းသား/သူ (အနာဂတ် ပရိုဖက်ရှင်နယ်တွေ) ဖြစ်လာစေဖို့ ဘယ်လို လေ့ကျင့်ပြင်ဆင်မူတွေကြိုလုပ်ထားရမလဲ!
၂) နိုင်ငံတကာ ပညာသင်ဆုရဖို့ နဲ့ ပြည်ပမထွက်ခင် ပြည်တွင်းမှာ ကြိုတင်ပြုလုပ်ထားရမယ့် အရေးကြီးတဲ့ အခြေခံအချက်အလက်တွေက ဘာတွေလဲ!
၃) နေ့စဉ် မိမိကိုယ်ကိုဘာတွေလေ့ကျင့်ပြင်ဆင်နေရမလဲ!
၄) ပညာသင်ဆုအတွက် အဓိကနဲ့ အခြေခံအကျဆုံး အချက်တွေ မိမိဆီမှာ ရှိနေအောင် ဘယ်လိုကြိုးစားရမလဲ။
၅) ကမ္ဘာ့အနှံ့ မည်သည့်ဒေသတွင်မဆို ပညာအခွင့်အလမ်းများကို သွားရောက်လေ့လာဆည်းပူးနိုင်ပြီး၊ အနာဂတ်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဘယ်လိုရှာဖွေနိုင်ကြမလဲ? ...........
စသည့်အကြောင်းအရာများကို ဟောပြောပို့ချမည်ဖြစ်ပါတယ်။
မှတ်ချက်။ ။ ဟောပြောပွဲကို လူဦးရေ ကန့်သတ်ထားပါသဖြင့် တက်ရောက်လိုပါက အောက်ပါ link တွင် စာရင်းသွင်းနိုင်ပါသည်။

( English Version )


To get the international scholarship opportunity to all of our students who live in Myanmar. We arranged a very insightful seminar as

" What are basic and necessary requirements to get the international scholarships"

by Sayar U Kyaw Kyaw ( ERP system manager, USA ) as main speaker.

The seminar will be held by Zoom Meeting and

Daw Chit Suu Mon ( Assistant Professor, Computer Science, UCSI Malaysia ) will be visite as a Keynote speaker.

In the seminar, we will focus to discuss on following -

  • How shall we prepare our academic records and mentality to be professional through international academic background?
  • What are the basic requirements to prepare to get an international scholarship?
  • How shall we try to meet the requirements?
  • The opportunities you may get by international academic background

Note: we have limited seats so attendees may need to register at the below link.

Popular posts from this blog

ဆေးဝါးကျွမ်းကျင်အကူ ပညာဒါနသင်တန်း ဖွင့်လှစ်ခြင်း

 ပညာရေး၊လေ့ကျင့်ရေးနှင့်လူမူ့ဖွံဖြိုးတိုးတက်ရေး စင်တာ(TEC Myanmar)မှ ကြီးမှူး၍   - လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရေး အတွက်ကို ရည်ရွယ်၍  ...............   "ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်း"    အပတ်စဥ်  (၄) ကို ဖွင့်လှစ်မည်ဖြစ်ရာ "သင်တန်းသားဦးရေကို ကန့်သတ်ထားပါ၍" မည်သူမဆို ကြိုတင် စာရင်းပေး တက်ရောက်သင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည် သင်ကြားမည့် ဆရာ/ဆရာမများ  """"""""""""""""""""""""""""""""""""""""""""""""      ♥ Dr Maung Maung Kyaw            [M.B.B.S (YGN), MPH (Mahidol)]      ♥Dr Kyaw Min Htut( ရှင်ပါကူ ဆေးရုံ)           - ​ ဆေးဝါး နှင့် ဆေးရုံသုံး ပစ္စည်းများ အကြောင်း               ♥   U Zayyar Myo Oo (Pharmacist)          - နောက်ဆုံးပေါ် ဆေးဝါးများ အသုံးပြုနည်းနှ...

ကမ္ဘာဂြိုဟ်မြေအကြောင်းသိကောင်းစရာ

ကမ္ဘာဂြိုလ်သည် နေအဖွဲ့အစည်းတွင် နေနှင့်အနီးဆုံး တတိယမြောက်ဂြိုဟ်ဖြစ်သည်။ ကမ္ဘာဂြိုဟ် (Earth) သည် လူသားများ၊ တိရစ္ဆာန်များနှင့် အပင်တို့ ရှင်သန်နေထိုင်ရာ ဂြိုဟ်တစ်ခုဖြစ်သည်။ နေမှရေတွက်ပါက တတိယမြောက်ဂြိုဟ်တစ်စင်း ဖြစ်သည်။ ကမ္ဘာတွင် ဂြိုဟ်ရံလတစ်စင်းသာရှိသည်။                 ကမ္ဘာသည် နေကို ၃၆၅.၂၅၆၄ ရက်တွင် တစ်ကြိမ် လှည့်ပတ်နေပြီး တစ်နှစ်ဟုသတ်မှတ်ကြသည်။ ရေဒီယို မက်ထရစ်ရက်စွဲအရ ကမ္ဘာသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၄.၅၄ ဘီလီယံ အကြာက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ နေသည် ကမ္ဘာကို ထွန်းလင်ရန် အလင်းရောင်နှင့် အပူချိန်ကိုပေးသည်။ ၎င်းအပူစွမ်းအင်ကြောင့် ကမ္ဘာကြီး၏ အောက်ဆုံးလေထုလွှာတွင် ရာသီဥတု (နေပူ၊ လေတိုက်၊ မိုးရွာ၊ နှင်းကျ၊ မုန်တိုင်းတိုက်)အခြေအနေများကို ဖြစ်ပေါ်လာစေသည်။      ကမ္ဘာသည် ရေပါဝင်မှု ၇၁% နှင့် ကုန်းမြေ ၂၉% ခန့်ရှိသည်။ နေအဖွဲ့အစည်းအတွင်း သက်ရှိနေထိုင်နိုင်သော တစ်ခုတည်းသော ဂြိုဟ်ဖြစ်သည်။ သက်ရှိမျိုးစိတ်ပေါင်း ၁၀-၁၄ မီလီယံခန့် နေထိုင်ကြပြီး လူသားမျိုးနွယ်တို့မှာ အရေအတွက်အားဖြင့် ၇.၆ ဘီလီယံခန့်ဖြစ်သည်။ အနီးရှိ ကြာသပတေးဂြိုဟ်၏ ပြင်းထ...

“စနစ်သစ် ပညာရေး အကြောင်း ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်”

 “စနစ်သစ် ပညာရေး အကြောင်း ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်” Grade 10,11,12 စသည် အတန်း သုံးတန်းစလုံးမှာ  အဆင့်သတ်မှတ်ချက် “Grade A” ရရှိလျှင် ကိုယ်ကြိုက်နှစ်သက်ရာတက္ကသိုလ်ကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်။အဆင့်သတ်မှတ်ချက် “Grade B နှင့် C”ရရှိတဲ့သူက သတ်မှတ်ထားတဲ့ တက္ကသိုလ်သာ ရွေးချယ်ရမှာဖြစ်ပါတယ်။ # Grade 10 (ဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ # Grade 11 (ဧကဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ # Grade 12 (ဒွာဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ  -နိုင်ငံတော်အစိုးရစစ်စာမေးပွဲ စာမေးပွဲ “နှစ်ခု” ရှိပါသည်။ Grade 12  (ဒွာဒသမတန်း)တွင် ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက”အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်” (High School completion certificate) ရရှိမည်ဖြစ်သည်။  ထိုလက်မှတ်ဖြင့်  -ကောလိပ်များ -Instituteများ -ပညာရေးကောလိပ် -GTI အစရှိသည့်တို့တွင်   ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။ သို့သော် နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲကိုဖြေဆိုအောင်မြင်မှသာလျင် “တက္ကသိုလ်” များတွင် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ Grade 12  (ဒွာဒသမတန်း) နိုင်ငံတေ...

@tecmyanmar, All rights reserved.