Skip to main content

နိုင်ငံတကာနှင့် ပုဂ္ဂလိကပညာရေး



နိုင်ငံတကာပညာရေး

ပုဂ္ဂလိကကျောင်းအမျိုးအစား သုံးမျိုးရှိသည်။ အစိုးရကျောင်း အမျိုးအစားနှစ်မျိုးနှင့် ဘာသာရေးဆိုင်ရာကျောင်းများလည်းရှိ သည်။

ဩစတေးလျှ

-ဩစတေးလျှတွင် ပုဂ္ဂလိက (Private) ကျောင်းဆိုသည်မှာ တစ်ခါတစ်ရံ ပြည်သူအများပိုင် (Public) အသွင်ဆောင်တတ် သည်။ ဥပမာ (Associated Public Schools of Victoria) ကျောင်းမျိုးဖြစ်သည်။ ပြည်သူပိုင်ကျောင်း (Public School) ဆိုသည်မှာ အစိုးရကျောင်း (Government School) အနေဖြင့် လူသိများသည်။
- ဩစတေးလျှနိုင်ငံတွင် ပုဂ္ဂလိကကျောင်းများကို အလေးထား အားပေးသည်။ အဘယ်ကြောင့်ဆိုသော် အစဉ်အလာကြီးမားပြီး ဂုဏ်သိက္ခာရှိသည့်ကျောင်းများဖြစ်နေသောကြောင့်ဖြစ်သည်။ ကျောင်းအဆောက်အအုံအရည်အသွေးမြင့်မားကောင်းမွန်ခြင်း၊ ကျောင်းတစ်ကျောင်းတွင် ရှိသင့်ရှိထိုက်သည့် အရည်အသွေးများ ပြည့်စုံခြင်း (ဥပမာ အားကစားကွင်း၊ စာကြည့်တိုက်၊ ရေကူးကန် စသည်တို့ရှိခြင်း) ၊ အရည်အသွေးပြည့်ဆရာများကို လစာကောင်း ကောင်းပေးပြီး ငှားထားနိုင်ခြင်းတို့ဖြစ်သည်။
- အချို့သောကျောင်း များသည် ပညာရေးအတွက် သီးခြားသင်ကြားနိုင်စေရန်သဘောဖြင့် အဆောင်နေ ဘော်ဒါကျောင်းများအဖြစ် ထူထောင်ထားကြ သည်။ ထိုကျောင်းများသည် စည်းကမ်းအထူးတင်းကျပ်သည့် ကျောင်းများဖြစ်ကြသည်။ ဩစတေးလျှပုဂ္ဂလိကကျောင်းများတွင် ထူးခြားချက်မှာ ကျောင်းဝတ်စုံဖြစ်သည်။ ကျောင်းသားတိုင်း ကျောင်းဝတ်စုံဝတ်ရေးကို တင်းကျပ်စွာစည်းကမ်းသတ်မှတ်ထား သည်။ ယောက်ျားလေးများသည် ဘလေဇာကုတ်အင်္ကျီမျိုးဝတ်ကြရသည်။ ပြည်သူပိုင်ကျောင်းများတွင် ဝတ်စုံနှင့်ပတ်သက်ပြီး ကန့်သတ်ထားချက်နည်းသော်လည်း ယူနီဖောင်းဆင်တူဝတ်ဆင်ကြရသည့် ပြည်သူပိုင်ကျောင်းများလည်းရှိသည်။
- ဩစတေးလျှရှိ ပုဂ္ဂလိကကျောင်းများသည် အစိုးရထံမှ အထောက်အပံ့ယူကြသည်။ သို့သော် ထိုကျောင်းများ၏ကျောင်းလခမှာ အစိုးရကျောင်းများထက်ပိုများသည်။ ပုဂ္ဂလိကကျောင်းများသည် အစိုးရကျောင်းများထက် အားကစားကိုပိုပြီး ဦးစားပေးလေ့ရှိ သည်။ ဩစတေးလျှနိုင်ငံတွင် ထင်ရှားသည့် ပုဂ္ဂလိကကျောင်းအမျိုးအစားများမှာ ကက်သလစ်ကျောင်းများ (Catholic Schools) နှင့် ပုဂ္ဂလိကကျောင်း (Independent Schools) အမျိုးအစားများဖြစ်ကြသည်။

ကနေဒါ

- ကနေဒါနိုင်ငံ၏ ကျောင်းသား ၈ ရာခိုင်နှုန်းသည်သာ ပုဂ္ဂလိကကျောင်းများတွင် ပညာသင်ကြားကြသည်။ အများစုမှာ ဘာသာရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသည့်ကျောင်းများတွင် ပညာသင်ကြားနေကြသည်။ လူချမ်းသာများအတွက် သီးခြားဖွင့် လှစ်ထားသည့် အထူးကျောင်းများလည်းရှိသည်။
- ကိုလံဘီယာနိုင်ငံ တကာကောလိပ် (Columbia International School) သည် ကနေဒါနိုင်ငံတွင် အကြီးကျယ်ဆုံးအဆောင်နေ ပုဂ္ဂလိကကျောင်းကြီးတစ်ကျောင်းဖြစ်သည်။ ကနေဒါနိုင်ငံတွင် ပုဂ္ဂလိကကျောင်းများ နှင့်ပတ်သက်ပြီး အငြင်းပွားစရာ ပြဿနာများစွာရှိခဲ့သည်။ ကနေဒါ မီဒီယာများနှင့် အွန်တေရီယိုဒေသဆိုင်ရာပညာရေးဝန် ကြီးဌာနအစီရင်ခံစာတွင် ပုဂ္ဂလိကကျောင်းများနှင့်ပတ်သက်ပြီး မမျှတသည့်ရလဒ်များကို ဖော်ပြအစီရင်ထားမှုများတွေ့ရသည်။

ဂျာမနီ

- ဂျာမနီတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း-၇၊ အပိုဒ် ၄ အရ ပုဂ္ဂလိကပညာရေးကို အထူးဦးစားပေးပြဋ္ဌာန်းထားကြောင်း တွေ့ရသည်။ ပုဂ္ဂလိကပညာရေးနှင့် ပညာသင်ကြားခွင့်ဆိုသည်မှာ ဂျာမနီနိုင်ငံသားများအတွက် အခွင့်အရေးတစ်ခုအဖြစ် အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းပေးထားသည်။
- ဂျာမနီတွင် ပုဂ္ဂလိကကျောင်းအမျိုးအစား နှစ်မျိုးရှိသည်။ Ersatzschulen (substitute schools) နှင့် Erganzungsschulen (auxiliary schools) ဟူ၍ဖြစ်သည်။ ထို့ပြင် Hochschulen (ပုဂ္ဂလိကကောလိပ်နှင့် တက္ကသိုလ်များ) လည်းရှိသေးသည်။ သို့သော် ဗြိတိန်နိုင်ငံမှာကဲ့သို့ တက္ကသိုလ်နှင့် အထက်တန်းကျောင်း အဆင့်တွင် Private ဆိုသည့်အခေါ်အဝေါ်မျိုးကို မသုံးကြပေ။
- Substitute ကျောင်းများကို ပုံမှန်အားဖြင့် မူလတန်းနှင့် အလယ်တန်းအဆင့်ဟူ၍ နှစ်မျိုးခွဲခြားထားသည်။ ပုဂ္ဂလိကပိုင်၊ အဖွဲ့အစည်းတစ်ခုခုပိုင်၊ ဘာသာရေးအုပ်စုပိုင်အနေဖြင့် ရပ်တည်ကြသည်ကများသည်။ ပြည်သူပိုင်ကျောင်းများမှပေးသည့် ကျောင်း ပြီးဆုံးသည့်လက်မှတ် (diploma) များနှင့် ပုဂ္ဂလိကကျောင်းများမှပေးသည့် လက်မှတ်များမှာ အတူတူပင်ဖြစ်သည်။
- ထိုကျောင်းများ သည် အစိုးရက သတ်မှတ်သည့်ပုံစံများနှင့်လုံးဝ ကင်းလွတ်သည့်ကျောင်းများဟု မဆိုနိုင်ပေ။ သင်ကြားသည့်ဆရာများအရည် အချင်းနှင့် ရရှိသည့်လစာလည်း ပြည်သူပိုင်ကျောင်းများမှ ဆရာများနှင့် ကွာခြားမှုသိပ်မရှိပေ။ ထိုသို့ မကွာခြားရန်လည်း အခြေခံ ဥပဒေကပင် ပြဋ္ဌာန်းပေးထားသည်။
- ပုဂ္ဂလိကကျောင်းဟုဆိုနိုင်သော်လည်း အစိုးရက ကန့်သတ်ထားသဖြင့် ကျောင်းလခများက အစ အများအပြားကောက်ခံခြင်းမပြုရသည့်အပြင်၊ ပညာတော်သင်ကြေးများလည်း ထုတ်ပြန်ပေးရသေးသည်။ ကျောင်းလခများ ထင်သလောက်ကောက်ခံခြင်းမပြုနိုင်ရန်အတွက် အစိုးရသည် ပြည်သူ့ဘဏ္ဍာမှ ထိုက်သင့်သလောက်ကျခံပေးထားခြင်းသည် ဂျာမနီ နိုင်ငံ Substitute ကျောင်းများ၏ ထူးခြားချက်ဟုဆိုနိုင်သည်။
- Auxiliary ကျောင်းများသည် အလယ်တန်းအဆင့် သို့မဟုတ် အထက်တန်းအဆင့်ပညာသင်ကျောင်းများဖြစ်သည်။ တက္ကသိုလ် အဆင့်များ ပါဝင်ခြင်းမရှိပေ။ ပုဂ္ဂလိကပိုင် သီးခြားကျောင်းများ ဖြစ်နိုင်သလို နောက်ခံအဖွဲ့အစည်းတစ်ခုခု၏ အထောက်အပံ့ဖြင့် ရပ်တည်နေကြရသည်။ ပြည်သူပိုင်ကျောင်းများတွင် မရနိုင်သည့် ပညာရေးများနှင့် ဘာသာရေးအဆုံးအမတို့ကို သင်ကြားသည့် ကျောင်းများလည်းရှိကြသည်။ အထူးသဖြင့် ထိုကျောင်းအများစုသည် အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများဖြစ်ကြသည်။ သို့သော် ထိုအသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများသည် ဂျာမနီနိုင်ငံတွင်သွားနေသည့် နှစ်လမ်းသွားပညာရေးစနစ် (dual education system) နှင့် သက်ဆိုင်ခြင်းမရှိပေ။ အစိုးရအချုပ်အနှောင်ကင်းသည့် ကျောင်းအမျိုးအစားဖြစ်ပြီး ကျောင်း သားများထံမှရရှိသည့် ကျောင်းလခများဖြင့်သာ ရပ်တည်နေကြသည့် ကျောင်းအမျိုးအစားများဖြစ်သည်။

အိုင်ယာလန်

- အိုင်ယာလန်ပြည်သူ့သမ္မတနိုင်ငံတွင် ပုဂ္ဂလိကကျောင်းများသည် ထူးခြားသည်ဟုဆိုရမည်။ အဘယ်ကြောင့်ဆိုသော် ပုဂ္ဂလိက ကျောင်းများ၏ ဆရာများလစာကို အစိုးရကပေးသောကြောင့်ဖြစ်သည်။ အကယ်၍ သတ်မှတ်ထားသည့် ဆရာအရေအတွက်ထက် ပိုခန့်လိုလျှင် မိမိတို့ကျောင်းသားများထံမှ ကောက်ခံရရှိထားသည့် ကျောင်းလခများထဲမှ ပေးဆောင်ရန်ဖြစ်သည်။
- ပုဂ္ဂလိက ကျောင်းများကို အစိုးရက ကန့်သတ်ထားပေးသည်။ နိုင်ငံတော်မှ အနိမ့်ဆုံးပညာရေးကို လူတိုင်းတတ်မြောက်နိုင်စေရမည်ဟု သတ်မှတ်ချက်ရှိနေသောကြောင့်ဖြစ်သည်။ အိုင်ယာလန် ပုဂ္ဂလိကကျောင်းများသည် Junior Certificate နှင့် Leaving Certificate တို့ကိုပေးနိုင်ရန် ဖွင့်လှစ်ထားသည့်ကျောင်းများဖြစ်ကြသည်။
- အိုင်ယာလန်ရှိ ပုဂ္ဂလိကကျောင်းများသည် အဆောင်နေဘော်ဒါကျောင်းများ၏ ထက်ဝက်ခန့်ရှိသည်။ ပျမ်းမျှ နှစ်စဉ်ကြေး ယူရိုငွေ ၅၀၀၀ ခန့်ဖြစ်သည်။ ဘော်ဒါကျောင်းများ၏ နှစ်စဉ်ကြေး မှာ ယူရို ၂၅၀၀၀ ခန့်ဖြစ်သည်။ ဘာသာရေးအသင်းအဖွဲ့များ အနေဖြင့် ဖွင့်လှစ်ထားသောကျောင်းများတွင်လည်း ကျောင်းလခများပေးဆောင်ကြရသည်။ အိုင်ယာလန်တွင် နိုင်ငံတကာကျောင်း အမည်ခံ ပုဂ္ဂလိကကျောင်းလေးများလည်း အနည်းငယ်ရှိကြသေးသည်။ ပြင်သစ်၊ ဂျပန်နှင့် ဂျာမန်ကျောင်းများဖြစ်သည်။

အိန္ဒိယ

- အိန္ဒိယနိုင်ငံတွင် ကျောင်းအများစုသည် ပြည်သူပိုင်ကျောင်းများအဖြစ်သာ ရပ်တည်ကြရသည်။ ပြည်နယ် သို့မဟုတ် ဒေသ အလိုက်အထောက်အပံ့ဖြင့် ရပ်တည်ကြရသည်။ ကျောင်းလခ မပေးရသည့် အခမဲ့ပညာရေးစနစ်ရှိသကဲ့သို့၊ ငွေကြေးပေးရလျှင် လည်း အလွန်နည်းပါးသည့် ကျောင်းလခများကိုသာ ပေးဆောင်ကြရသည်။
-ပုဂ္ဂလိကသီးခြားထူထောင်ဖွင့်လှစ်ထားသည့်ကျောင်းများလည်းရှိကြသည်။ အများစုမှာ အဖွဲ့အစည်းများ၊ ဘာသာရေးအသင်း အဖွဲ့များနှင့် ခရစ်ယန်မစ်ရှင်ကျောင်းများသည်သာ ပုဂ္ဂလိကပိုင်ကျောင်းများဖြစ်ကြသည်။ အစိုးရငွေကြေးကိုယူသည့် အထောက် အပံ့ခံ (Aided Schools) ကျောင်းများလည်းရှိကြသည်။
- အစိုးရအထောက်အပံ့မခံဘဲ ပုဂ္ဂလိကပါတီများ၏ အထောက်အပံ့ဖြင့် ရပ်တည်ကြသည့်ကျောင်းများလည်းရှိသေးသည်။ မည်သည့်ကျောင်းအမျိုးအစားဖြစ်စေ အဆင့်အတန်းနှင့် အရည်အသွေးမြင့်မား ရေးကို အထူးဦးစားပေးသည့်ကျောင်းများဖြစ်စေရန် ကြိုးပမ်းအားထုတ်ကြသည်။ ကျောင်းများသည် ပုဂ္ဂလိကကျောင်းများဖြစ် သော်လည်း Public အမည်ဖြင့် ရပ်တည်ကြသည့်ကျောင်းများလည်းရှိသေးသည်။ ဥပမာ Delhi Public School နှင့် Birla Public School တို့ဖြစ်သည်။
- အလယ်အလတ်တန်းစားပြည်သူများသည် Public အမည်ခံ ပုဂ္ဂလိကကျောင်းများသို့ မိမိတို့သားသမီးများကို စေလွှတ်လေ့ရှိ ကြသည်။ အချို့အဆောင်နေကျောင်းသားများအဖြစ်ပင် ပညာသင်လွှတ်ကြသည်။ အိန္ဒိယတွင် အင်္ဂလိပ်စာသည် မသင်မနေရ အရေးပါသည့် ကြားခံဆက်သွယ်ရေးဘာသာစကားတစ်ခုအဖြစ် သတ်မှတ်ထားသည်။ ဟင်ဒီနှင့် အခြားရုံးသုံးတိုင်းရင်းဘာသာ စကားများကိုလည်း သင်ကြားပေးသည်။
- မူလတန်းကြိုကျောင်းများကို နေ့ကလေးထိန်းကျောင်းများရှိသည့်ဒေသများတွင် ဖွင့်လှစ်ခွင့် ကန့်သတ်ထားသည်။ အိန္ဒိယနိုင်ငံတွင် နာမည်ကျော် ပုဂ္ဂလိကကျောင်း အများအပြားရှိပြီး ထိုကျောင်းထွက်များသည် ကမ္ဘာ့အဆင့်မီ ကျောင်းသားများအဖြစ် မျက်နှာပန်းလှကြသည်။

Popular posts from this blog

ဆေးဝါးကျွမ်းကျင်အကူ ပညာဒါနသင်တန်း ဖွင့်လှစ်ခြင်း

 ပညာရေး၊လေ့ကျင့်ရေးနှင့်လူမူ့ဖွံဖြိုးတိုးတက်ရေး စင်တာ(TEC Myanmar)မှ ကြီးမှူး၍   - လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရေး အတွက်ကို ရည်ရွယ်၍  ...............   "ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်း"    အပတ်စဥ်  (၄) ကို ဖွင့်လှစ်မည်ဖြစ်ရာ "သင်တန်းသားဦးရေကို ကန့်သတ်ထားပါ၍" မည်သူမဆို ကြိုတင် စာရင်းပေး တက်ရောက်သင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည် သင်ကြားမည့် ဆရာ/ဆရာမများ  """"""""""""""""""""""""""""""""""""""""""""""""      ♥ Dr Maung Maung Kyaw            [M.B.B.S (YGN), MPH (Mahidol)]      ♥Dr Kyaw Min Htut( ရှင်ပါကူ ဆေးရုံ)           - ​ ဆေးဝါး နှင့် ဆေးရုံသုံး ပစ္စည်းများ အကြောင်း               ♥   U Zayyar Myo Oo (Pharmacist)          - နောက်ဆုံးပေါ် ဆေးဝါးများ အသုံးပြုနည်းနှ...

“စနစ်သစ် ပညာရေး အကြောင်း ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်”

 “စနစ်သစ် ပညာရေး အကြောင်း ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်” Grade 10,11,12 စသည် အတန်း သုံးတန်းစလုံးမှာ  အဆင့်သတ်မှတ်ချက် “Grade A” ရရှိလျှင် ကိုယ်ကြိုက်နှစ်သက်ရာတက္ကသိုလ်ကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်။အဆင့်သတ်မှတ်ချက် “Grade B နှင့် C”ရရှိတဲ့သူက သတ်မှတ်ထားတဲ့ တက္ကသိုလ်သာ ရွေးချယ်ရမှာဖြစ်ပါတယ်။ # Grade 10 (ဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ # Grade 11 (ဧကဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ # Grade 12 (ဒွာဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ  -နိုင်ငံတော်အစိုးရစစ်စာမေးပွဲ စာမေးပွဲ “နှစ်ခု” ရှိပါသည်။ Grade 12  (ဒွာဒသမတန်း)တွင် ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက”အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်” (High School completion certificate) ရရှိမည်ဖြစ်သည်။  ထိုလက်မှတ်ဖြင့်  -ကောလိပ်များ -Instituteများ -ပညာရေးကောလိပ် -GTI အစရှိသည့်တို့တွင်   ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။ သို့သော် နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲကိုဖြေဆိုအောင်မြင်မှသာလျင် “တက္ကသိုလ်” များတွင် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ Grade 12  (ဒွာဒသမတန်း) နိုင်ငံတေ...

အာရဗီအခြေခံ စကာပြော ပညာဒါန သင်တန်ဖွင့်လှစ်ခြင်းး

 ပညာရေး၊လေ့ကျင့်ရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးစင်တာ(TEC Myanmar Centre)မှ လူငယ်များ အလုပ် အကိုင် အခွင့်အလမ်းများ ရရှိရန်နှင့် နိုင်ငံတကာပညာသင်ဆုများ ရရှိနိုင်ရန် အထောက်အကူရရှိစေရေးတို့ကို ရည်ရွယ်၍ လူမျိုးဘာသာမရွေးတက်ရောက်နိုင်သည့်" အာရဗီ အခြေခံ ပညာဒါနသင်တန်း"ကို ဖွင့်လှစ်မည်ဖြစ်ပါသည်   " အာရဗီအခြေခံပညာဒါနသင်တန်း"     သင်ကြားပို့ချမည့်ဆရာ........             ဒေါက်တာရဲထွန်း [P.hd ( International law),                                        Al-Azhar university, Egypt) ♥ကထိက(ဥပဒေဌာန)၊ ဖေရန်းတက္ကသိုလ်၊  အီဂျစ်    ♥နည်းပြ (အီဂျစ်နိုင်ငံ ဘာသာစာပေစင်တာ)   သင်တန်း၏ အကျိုးကျေးဇူးများ     - အာရှ အရှေ့အလယ်ပိုင်း နိုင်ငံများတွင် အလုပ်အ       ကိုင် အခွင့်အလမ်းများ ရရှိစေခြင်း။     - လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာမည့် အခက်အခဲများ        ကို သက်ဆိုင်ရာ အစိုးရဌာနများသို့ အကူအညီ ...

@tecmyanmar, All rights reserved.