Skip to main content

Posts

Showing posts with the label Motivation

How to write a better personal statement for scholarship?

ပညာသင်ဆုအတွက် ပိုမိုကောင်းမွန်သော မိမိအကြောင်း(personal statement)ကို မည်သို့ရေးနိုင်မည်နည်း။ ပညာသင်ဆုဆိုတာ မည်သည့်ပညာရေးအဆင့်တွင်မဆို ပညာသင်ကြားနေသော ကျောင်းသားတိုင်းအတွက် ရတနာတပါးပင်​ဖြစ်သည်။  ဤဆောင်းပါးတွင် နိုင်ငံတော်အစိုးရ၏ ပညာတော်သင်ပဲ ဖြစ်ဖြစ် နိုင်ငံတကာ ပညာသင်ဆုအတွက်ပဲဖြစ်ဖြစ် မိမိလျှောက်ထားမည့် မည်သည့်ပညာရေးတက္ကသိုလ်အတွက်မဆို မိမိအကြောင်းကို ရေးသားရန် လွယ်ကူသော အကြံပြုချက်အချို့ကို ဆွေးနွေးပါမည်။ .(က)ကျောင်းသားတိုင်း ဘာကြောင့် ပညာသင်ဆုရချင်တာလဲ?  - ကျောင်းသားတိုင်းသည် မိမိနှစ်သက်သော ပညာရေးတက္ကသိုလ်တွင် ပညာဆည်းပူးလိုသောကြောင့် ပညာသင်ဆုရလိုကြသည်။သို့သော်လည်း မိမိရွေးချယ်မည့် တက္ကသိုလ်သည် မိမိအားအထောက်အပံ့ပေးသော မိဘအုပ်ထိမ်းသူများးအတွက် ကုန်ကျစရိတ် အလွန်ကြီးမားနေပြီး ဒါမှမဟုတ် မိမိဝင်ငွေဖြင့် ကိုယ်တိုင်ကုန်ကျခံ ပညာဆည်းပူးလိုသော တစ်ချို့သော ကျောင်းသားများအတွက်လည်း လက်လှမ်းမမီသော ကုန်ကျစရိတ် ဖြစ်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့်   ကျောင်းသားတစ်ဦးသည် ပညာသင်ဆုရပါမှ မိဘအုပ်ထိန်းသူ နှင့် ကျောင်းသားနှစ်ဦးစလုံးအတွက် အကျိုးရှိစေမည့် ငွေကြေးအကူအညီဖြင့် ပံ့ပိုးပေးနိုင်မည်​​ဖြစ်သည်။   (ခ)ကျော

ပညာရှာရာမှာ ပျားကို ပမာပြုစေချင်

ပျားတစ်ကောင်ဟာ ပန်းတွေဆီကနေ သူစုပ်ယူလာခဲ့တဲ့ ဝတ်ရည်ရဲ့ သုးံပုံတစ်ပုံကိုသာ ပျားရည်အဖြစ်ရလာတာ။ ပျားရည်တစ်ပေါင်ရဖို့အတွက် ပန်းပွင့်ပေါင်း ၂သန်းကနေ ဝတ်ရည်ကို စုပ်ယူရတယ်။ ပန်းများရှိရာကို အကြိမ်ပေါင်း သုံးသန်းကျော်ပျံသန်းရသကွဲ့။ ပျံရတဲ့ ခရီးတာကို တွက်ကြည့်ရင် မိုင်ပေါင်း ငါးသောင်းကျော်တောင် ရှိသတဲ့။ ကဲ အခု ပျားရည်စလုပ်တော့မယ်။ စုပ်လာတဲ့ ပန်းဝတ်ရည်က ရေလိုပဲတဲ့။ ရှိသမျှရေတွေ ခမ်းသွားဖို့အတွက် သူတို့ရဲ့ အတောင်ပံတွေကိုယပ်ခပ်သလိုမျိုး အခါခါ အကြိမ်များစွာ ခပ်ပေးရတာနော်။ ဝတ်ရည်ထဲမှာရေလုံးဝ မရှိတော့မှပဲ ပျားရဲ့ပါးစပ်ထဲမှာ ရှိတဲ့အထူးသီးသန့် ဂလင်းထဲက စစ်ထုတ်ရည်ကို ဆက်ဖြန်းပေးရသတဲ့။ ဒီတော့မှ အရသာချိုမြတဲ့ ပျားရည် ဖြစ်လာရတာကွဲ့။ ဒီပျားရည်ကို ဖယောင်းမံထားတဲ့ ပျားအုံထဲက အခန်းလေးတွေထဲထည့်ပြီး စနစ်တကျ သိုလှောင်ပြီး သိမ်းထားပေးသတဲ့။ လူတွေက ပျားအုံကနေ ပျားရည်ကို ဖွပ်ယူရတာလေ။ လူတွေက ပျားရည်ကို.ပုလင်းသန့်သန့်ထဲမှာ ထည့်ပြီး စနစ်တကျ အဖုးံကို လုံလုံပိတ်ပြီးထားရသလိုပေါ့ကွယ်။ ပျားရည်ရဲ့ထူးခြားချက်က ဘယ်တော့မှ ပုတ်သိုးရိုး မရှိဘူးကွဲ့။ နှစ်ရှည်လများ သိမ်းထားတဲ့ ပျားရည်ကို နှစ်ချို့ပျားရည်လို့ ခေါ်တာကိ

ပန်းတိုင်တည့်တည့်ကိုသာ အာရုံပြုကြ

ရေကူးမယ် ဖလော်ရင့်(စ်) ချဒ်ဝစ်က မိုးကုပ် စက်ဝန်းကြီးကို မော့ကြည့်လိုက်တော့ မြူတွေထူထပ်စွာ ပိတ်လို့နေတယ်။ သူရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက လုံး၀ထုံနေပြီ။ မနားတမ်းရေကူးလာခဲ့တာ ၁၆နာရီ ကြာသွားပြီ။ သူရဲ့ ပန်းတိုင်က ကာတာလီနာကျွန်းကနေ ကာလီဖိုးနီးယား ပင်လယ်ကမ်းရိုးတန်း အရောက် ကူးရမှာတဲ့။ ဒီမနက်ကျမှ ပင်လယ်ရေကလည်း ရေခဲရေထည့်စိမ် နေသလားမှတ်တယ်။ မြူတွေကလည်း ထူလိုက်တာမှ အသက်ကယ်လှေတွေကိုတောင် မမြင်ရဘူး။ ငါးမန်းတွေက သူ့ဘက်ကို ကူးလာလို့ အော်တိုမက်တစ်ရိုင်ဖယ်နဲ့ လှမ်းပစ်ခဲ့ရသေးတယ်။ အင်မတန်ကို အေးတဲ့ရေထဲမှာ တစ်နာရီပြီး တစ်နာရီ သူ့ခမျာ ကြိုးစားခဲ့ရရှာတယ်။ သန်းချီနေတဲ့ ပရိတ်သတ်ထုကြီးကလည်း နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ရှု့စားနေကြလေရဲ့။ သူကူးနေတဲ့ ရေပြင်ရဲ့ အနီးက အသက်ကယ်လှေ တစ်စင်းပေါ်ကနေ သူ့မိခင်ကြီးရယ်၊ သူ့ကို ရေကူးလေ့ကျင့်ပေးတဲ့ ဆရာတို့က လိုက်ပြီး အားပေး စကားဆိုနေကြတယ်။  “ကမ်းစပ်ကို ရောက်ဖို့ သိပ်မဝေးတော့ဘူး ကြိုးစားထား သမီးတဲ့” ဒါပေမယ့် ဘယ်ဖက်ကိုကြည့်ကြည့် သူမြင်နေရတာက ထူထဲလှတဲ့ မြူတွေအုံ့ဆိုင်းနေတဲ့ မြင်ကွင်းချည်းပဲ။ သူတို့က “သမီးရေ အရှုံးမပေးနဲ့” လို့ အားပေးနေကြဆဲပဲ။ မိုင်ဝက်လောက် အလိုကျမှပဲ သူ့ကို ဆွဲတင

@tecmyanmar, All rights reserved.