Skip to main content

ပညာရှာရာမှာ ပျားကို ပမာပြုစေချင်

ပျားတစ်ကောင်ဟာ ပန်းတွေဆီကနေ သူစုပ်ယူလာခဲ့တဲ့ ဝတ်ရည်ရဲ့ သုးံပုံတစ်ပုံကိုသာ ပျားရည်အဖြစ်ရလာတာ။ ပျားရည်တစ်ပေါင်ရဖို့အတွက် ပန်းပွင့်ပေါင်း ၂သန်းကနေ ဝတ်ရည်ကို စုပ်ယူရတယ်။ ပန်းများရှိရာကို အကြိမ်ပေါင်း သုံးသန်းကျော်ပျံသန်းရသကွဲ့။ ပျံရတဲ့ ခရီးတာကို တွက်ကြည့်ရင် မိုင်ပေါင်း ငါးသောင်းကျော်တောင် ရှိသတဲ့။

ကဲ အခု ပျားရည်စလုပ်တော့မယ်။ စုပ်လာတဲ့ ပန်းဝတ်ရည်က ရေလိုပဲတဲ့။ ရှိသမျှရေတွေ ခမ်းသွားဖို့အတွက် သူတို့ရဲ့ အတောင်ပံတွေကိုယပ်ခပ်သလိုမျိုး အခါခါ အကြိမ်များစွာ ခပ်ပေးရတာနော်။ ဝတ်ရည်ထဲမှာရေလုံးဝ မရှိတော့မှပဲ ပျားရဲ့ပါးစပ်ထဲမှာ ရှိတဲ့အထူးသီးသန့် ဂလင်းထဲက စစ်ထုတ်ရည်ကို ဆက်ဖြန်းပေးရသတဲ့။ ဒီတော့မှ အရသာချိုမြတဲ့ ပျားရည် ဖြစ်လာရတာကွဲ့။

ဒီပျားရည်ကို ဖယောင်းမံထားတဲ့ ပျားအုံထဲက အခန်းလေးတွေထဲထည့်ပြီး စနစ်တကျ သိုလှောင်ပြီး သိမ်းထားပေးသတဲ့။

လူတွေက ပျားအုံကနေ ပျားရည်ကို ဖွပ်ယူရတာလေ။ လူတွေက ပျားရည်ကို.ပုလင်းသန့်သန့်ထဲမှာ ထည့်ပြီး စနစ်တကျ အဖုးံကို လုံလုံပိတ်ပြီးထားရသလိုပေါ့ကွယ်။

ပျားရည်ရဲ့ထူးခြားချက်က ဘယ်တော့မှ ပုတ်သိုးရိုး မရှိဘူးကွဲ့။ နှစ်ရှည်လများ သိမ်းထားတဲ့ ပျားရည်ကို နှစ်ချို့ပျားရည်လို့ ခေါ်တာကို သားတို့ သမီးတို့ သိကြမှာပါ။ နှစ်ချို့ ပျားရည်က ပိုပြီးတော့လည်း အာနိသင်ကောင်းတယ်ကွဲ့။

ပညာကလည်း ဘယ်အခါမဆို အသုံးဝင်နေမြဲ တန်ဖိုး တက်နေဆဲပဲ။ "ဘဝတစ်သက်တာ ပညာရှာကြစို့"လို့ ဒီအတွက် ဆိုကြတာပေါ့ကွယ်။ ပညာရှာရာမှာ သားတို့သမီးတို့က အခါမလပ် အားထုတ်နေကြရမယ် သိလား။ပျားလို လုံ့လထုတ်ကြရမယ်။ အပျင်း မဖက်ကြရဘူး။

ပန်းဝတ်ရည် အနည်းငယ်ရဖို့ အခါခါ ပန်းရှိရာကို မနားတမ် မငြီးမငြူ ပျံသန်းကြရတယ်။မလိုတဲ့ ရေကို ထုတ်ဖို့ တောင်ပံအထပ်ထပ်ခတ်ကာ ရေငွေ့ပျံသွားအောင် လုပ်ရတယ်။ ရေကုန်သွားမှ ဂလင်းရည် ထပ်ထည့်ပြီး ပျားရည်စစ်ရအောင် လုပ်ရရှာတယ်။ မပျက်စီးဖို့ စနစ်တကျ သိမ်းဆည်းရတယ်။

သားတို့သမီးတို့လည်း ပညာရွှေအိုးကြီးကို ထွေးပိုက်နိုင်ဖို့အတွက် ပျားကို ပမာပြု အတုယူပြီး လုံ့လကြီးစွာ အပျင်းမဖက်ဘဲ ကြိုးစားသွားကြနော်။

ဝါးခယ်မ မောင်မင်းနိုင်

Popular posts from this blog

“စနစ်သစ် ပညာရေး အကြောင်း ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်”

 “စနစ်သစ် ပညာရေး အကြောင်း ကျောင်းသား/သူများနှင့် မိဘများဂရုပြုမိစေရန်” Grade 10,11,12 စသည် အတန်း သုံးတန်းစလုံးမှာ  အဆင့်သတ်မှတ်ချက် “Grade A” ရရှိလျှင် ကိုယ်ကြိုက်နှစ်သက်ရာတက္ကသိုလ်ကိုရွေးချယ်လို့ရမှာဖြစ်ပါတယ်။အဆင့်သတ်မှတ်ချက် “Grade B နှင့် C”ရရှိတဲ့သူက သတ်မှတ်ထားတဲ့ တက္ကသိုလ်သာ ရွေးချယ်ရမှာဖြစ်ပါတယ်။ # Grade 10 (ဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ # Grade 11 (ဧကဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ # Grade 12 (ဒွာဒသမတန်း) -ကျောင်းတွင်းစစ်စာမေးပွဲ  -နိုင်ငံတော်အစိုးရစစ်စာမေးပွဲ စာမေးပွဲ “နှစ်ခု” ရှိပါသည်။ Grade 12  (ဒွာဒသမတန်း)တွင် ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက”အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်” (High School completion certificate) ရရှိမည်ဖြစ်သည်။  ထိုလက်မှတ်ဖြင့်  -ကောလိပ်များ -Instituteများ -ပညာရေးကောလိပ် -GTI အစရှိသည့်တို့တွင်   ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။ သို့သော် နိုင်ငံတော်အဆင့်အစိုးရစစ်စာမေးပွဲကိုဖြေဆိုအောင်မြင်မှသာလျင် “တက္ကသိုလ်” များတွင် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ Grade 12  (ဒွာဒသမတန်း) နိုင်ငံတေ...

ဆေးဝါးကျွမ်းကျင် အကူ ပညာဒါနသင်တန်း အပတ်စဥ်(၃) ဖွင်လှစ်ခြင်း

 ပညာရေး၊လေ့ကျင့်ရေးနှင့်လူမူ့ဖွံဖြိုးတိုးတက်ရေး စင်တာ(TEC Myanmar)မှ ကြီးမှူး၍   - လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရေး အတွက်ကို ရည်ရွယ်၍  ...............   "ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်း"    အပတ်စဥ်  (၃) ကို ဖွင့်လှစ်မည်ဖြစ်ရာ "သင်တန်းသားဦးရေကို ကန့်သတ်ထားပါ၍" မည်သူမဆို ကြိုတင် စာရင်းပေး တက်ရောက်သင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည် သင်ကြားမည့် ဆရာ/ဆရာမများ  """"""""""""""""""""""""""""""""""""""""""""""""      ♥ Dr Maung Maung Kyaw            [M.B.B.S (YGN), MPH (Mahidol)]      ♥Dr Kyaw Min Htut( ရှင်ပါကူ ဆေးရုံ)           - ​ ဆေးဝါး နှင့် ဆေးရုံသုံး ပစ္စည်းများ အကြောင်း               ♥   U Zayyar Myo Oo (Pharmacist)          - နောက်ဆုံးပေါ် ဆေးဝါးများ အသုံးပြုနည်းနှ...

"သူနာပြုအကူ ကျွမ်းကျင် ပညာဒါန သင်တန်း" နှင့် " ဆေးဝါးကျွမ်းကျင်အကူ ပညာဒါန သင်တန်း အပတ်စဥ်(7)"

 📃 TEC Myanmarမှ.......       သူနာပြုအကူ ကျွမ်းကျင် သင်တန်းအပတ်စဥ်(၃) နှင့် ဆေးဝါးကျွမ်းကျင်အကူ သင်တန်း အပတ်စဥ်(၇) ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ကြေငြာခြင်း """""""""""""""""""""""""""""""""""""  🎓    ပညာရေး၊လေ့ကျင့်ရေးနှင့်လူမူ့ဖွံဖြိုးတိုးတက်ရေး စင်တာ(TEC Myanmar)မှ ကြီးမှူး၍ - လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး အတွက်ကို ရည်ရွယ်၍  ...............  "သူနာပြုအကူ ကျွမ်းကျင် ပညာဒါန သင်တန်း                                  နှင့်   " ဆေးဝါးကျွမ်းကျင်အကူ ပညာဒါန သင်တန်း"      များကို ဖွင့်လှစ်​မည်ဖြစ်ရာ "သင်တန်းသားဦးရေကို ကန့်သတ်ထားပါ၍" မည်သူမဆို တက်ရောက်သင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည်။ 👩‍🏫 သင်ကြားမည့် ဆရာ/ဆရာမများ  """"""""""""""""""""""""""...

@tecmyanmar, All rights reserved.