Skip to main content

Posts

အသင်းအဖွဲ့များအတွက် အခြေခံ စီမံခန့်ခွဲမှု ပညာဒါန ရက်တိုသင်တန်း" ဖွင့်လှစ်ခြင်း

  "အသင်းအဖွဲ့များအတွက် အခြေခံ စီမံခန့်ခွဲမှု ပညာဒါန  ရက်တိုသင်တန်း" ဖွင့်လှစ်ခြင်း" ပညာရေး၊လေ့ကျင့်ရေးနှင့်လူမှုဖွံဖြိုးတိုးတက်ရေးစင်တာ(TEC myanmar)မှ လူငယ်များ စွမ်းရည်​မြှင့် မားလာစေရေး(Capacity building)ကိုရည်ရွယ်၍  " အသင်းအဖွဲ့များအတွက် အခြေခံ စီမံခန့်ခွဲမှု ပညာဒါန  ရက်တိုသင်တန်း" ကို ဖွင့်လှစ်မည်ဖြစ်ပါသည်။ - အဆိုပါရက်တိုသင်တန်းကို ဝါရင့် အငြိမ်းစား ဆရာကြီး ဆရာမကြီးတို့က ပို့ချမည် ဖြစ်ပါတယ်။ သင်ကြားပို့ချမည့် ဆရာကြီး ဆရာမကြီးများ """""""""""""""""""""""""""""""""""""" ♥ ဒေါ်ဓာတုကလျာ         [B.Com(AA), DMA] ကထိက(ငြိမ်း)          သန်လျင်သမဝါယမ တက္ကသိုလ် ♥ ဒေါ်စီစီချို         [B.Com(AA), DMA, RL ] Chief accountant         Crane International School Myanmar   ♥ ဒေါ်လင်းလင်းချစ်        [B.Com(AA), CPA, RL ]        Lynn Lynn Chit & Associates    ♥ ဦးဟန်စိ

ဆေးဝါးကျွမ်းကျင်အကူ ပညာဒါန သင်တန်းဆင်းပွဲနှင့် သင်တန်းအောင်လက်မှတ်များချီးမြင့်ခြင်း အခမ်းအနား ကျင်းပခြင်

"ဆေးဝါးကျွမ်းကျင်အကူ ပညာဒါန သင်တန်းဆင်းပွဲနှင့် သင်တန်းအောင်လက်မှတ်များချီးမြင့်ခြင်း အခမ်းအနား ကျင်းပခြင်း"  ပညာရေး၊ လေ့ကျင့်ရေးနှင့်လူမှုဖွံဖြိုးတိုးတက်ရေးစင်တာ(TEC myanmar)မှ ကြီးမှူး၍ ေဆးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်း(အမှတ်စဉ် ၁) ၏ သင်တန်းဆင်းပွဲနှင့် သင်တန်းအောင်လက်မှတ် ချီးမြင့်ပွဲ အခမ်းအနားကို ယမန်နေ့ (13-2-2022)ရက်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က TECရံုးခန်းမတွင် ကျင်းပရာ စင်တာ၏ အဖွဲ့ဝင် ဆရာ ဆရာမများ၊ သင်တန်းဆရာ ဆရာမများ၊ ဖိတ်ကြားထားသော ဧည်သည်တော်များနှင့် သင်တန်းသား/သူ များ တက်ရောက်ခဲ့ကြပါသည်။     အဆိုပါ အခမ်းအနားတွင် စင်တာ၏ ဥက္ကဌ ဆရာဂျက်ဖရီတင်အုန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ စင်တာ၏ဦးစီးနာယကဟာဂျီဦးမြင့်နိုင်နှင့် နာယက ပါမောက္ခ ဒေါက်တာစိုးနိုင် တို့မှ အသီးသီး အမှာစကားပြောကြားကြပါသည်။       ဆက်လက်၍ သင်တန်း ဆရာ ဆရာမများက သင်တန်းသား/သူများအား ဆုံးမ သြဝါဒ စကားများမြွက်ကြားခဲ့ပြီး ဆရာ ဆရာမများအား ဂုဏ်ပြုလက်မှတ်များချီးမြင့်ခြင်းနှင့် သင်တန်းသား/ သူများအား သင်တန်းအောင်လက်မှတ်များ ပေးအပ်ကြပါသည်။       ထို့နောက် သင်တန်းသား/သူ များက သင်တန်းဆရာ ဆရာမများအား ကတော့လက်ဆောင်များ

ဆေးဝါးကျွမ်းကျင်အကူ ပညာဒါနသင်တန်း ( အမှတ်စဉ်-၂) ဖွင့်လှစ်မည်

ပညာရေး၊လေ့ကျင့်ရေးနှင့်လူမူ့ဖွံဖြိုးတိုးတက်ရေး စင်တာ(TEC Myanmar)မှ ကြီးမှူး၍ - လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရေး အတွက်ကို ရည်ရွယ်၍ ............... "ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်း" အပတ်စဥ် (၂) ကို ဖွင့်လှစ်မည်ဖြစ်ရာ "သင်တန်းသားဦးရေကို ကန့်သတ်ထားပါ၍" မည်သူမဆို အောက်ပါ google form ကိုဖြည့်စွက်၍ တက်ရောက်သင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည်။ Google form>>>>>>> https://docs.google.com/.../1FAIpQLSc2rYv1SwN.../viewform... သင်ကြားမည့် ဆရာ/ဆရာမများ """""""""""""""""""""""""""""""""""""""""""""""" Dr Maung Maung Kyaw [M.B.B.S (YGN), MPH (Mahidol)] Dr Kyaw Min Htut( ရှင်ပါကူ ဆေးရုံ) - ​ ဆေးဝါး နှင့် ဆေးရုံသုံး ပစ္စ

Turkey Scholarship Opportunity ( Present by TEC )

  တူရကီ ပညာတော်သင် အခွင့်အလမ်းများ နှင့်လျှောက်ထားရမည့် နည်းလမ်းများ" ဟောပြောပွဲ

YOUTHS AND THEIR FUTURES

 "လူငယ် နှင့် အနာဂတ်  ( Youths and their futures)    """""""""""""""""""""""""""""""""""""""" မြန်မာစကားမှာ ယ​နေ့​လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားတစ်ခုရှိပါတယ်။ ယ​နေ့​ခေတ်လူငယ်​တွေဟာ အနာဂတ်မှာ လူကြီးဖြစ်လာမယ့်သူတွေဖြစ်တယ်။ တိုင်းပြည်ရဲ့ တာဝန်အရပ်ရပ်ကို ပုခုံး​ပြောင်းတာဝန်ထမ်း​ဆောင်ရမယ့်သူတွေဖြစ်တယ်။ တစ်နည်းအားဖြင့် လူငယ်​တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်လည်းဖြစ်ပါတယ်။ ဆိုလိုတာက လူငယ်​တွေ​ကောင်းမှ တိုင်းပြည်ရဲ့ အနာဂတ်​ကောင်းမှာဖြစ်တယ်။ လူငယ်​တွေညံ့ရင် တိုင်းပြည်ရဲ့ အနာဂတ်ဟာညံ့မယ်။ လူငယ်​တွေပျက်စီးရင် တိုင်းပြည်ရဲ့ အနာဂတ်ဟာ ပျက်စီးမယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ကျ​​နော်တို့ အားလုံးရဲ့ အနာဂတ်လည်းဖြစ်ပါတယ်။  တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်ဟာ ကြီးပွားတိုးတက်လာမလား ဆုတ်ယုတ်နိမ့်ကျသွားမလားဆိုတာ သိချင်ရင် ပစ္စုပ္ပန်မှာ ဒီတိုင်းပြည်ရဲ့ လူငယ်​တွေ ဘာ​တွေကို စိတ်ဝင်စားနေလဲ၊ ဘယ်လိုကိစ္စ​တွေမှာ အချိန်ပေး​နေလဲ ဆို

How to write a better personal statement for scholarship?

ပညာသင်ဆုအတွက် ပိုမိုကောင်းမွန်သော မိမိအကြောင်း(personal statement)ကို မည်သို့ရေးနိုင်မည်နည်း။ ပညာသင်ဆုဆိုတာ မည်သည့်ပညာရေးအဆင့်တွင်မဆို ပညာသင်ကြားနေသော ကျောင်းသားတိုင်းအတွက် ရတနာတပါးပင်​ဖြစ်သည်။  ဤဆောင်းပါးတွင် နိုင်ငံတော်အစိုးရ၏ ပညာတော်သင်ပဲ ဖြစ်ဖြစ် နိုင်ငံတကာ ပညာသင်ဆုအတွက်ပဲဖြစ်ဖြစ် မိမိလျှောက်ထားမည့် မည်သည့်ပညာရေးတက္ကသိုလ်အတွက်မဆို မိမိအကြောင်းကို ရေးသားရန် လွယ်ကူသော အကြံပြုချက်အချို့ကို ဆွေးနွေးပါမည်။ .(က)ကျောင်းသားတိုင်း ဘာကြောင့် ပညာသင်ဆုရချင်တာလဲ?  - ကျောင်းသားတိုင်းသည် မိမိနှစ်သက်သော ပညာရေးတက္ကသိုလ်တွင် ပညာဆည်းပူးလိုသောကြောင့် ပညာသင်ဆုရလိုကြသည်။သို့သော်လည်း မိမိရွေးချယ်မည့် တက္ကသိုလ်သည် မိမိအားအထောက်အပံ့ပေးသော မိဘအုပ်ထိမ်းသူများးအတွက် ကုန်ကျစရိတ် အလွန်ကြီးမားနေပြီး ဒါမှမဟုတ် မိမိဝင်ငွေဖြင့် ကိုယ်တိုင်ကုန်ကျခံ ပညာဆည်းပူးလိုသော တစ်ချို့သော ကျောင်းသားများအတွက်လည်း လက်လှမ်းမမီသော ကုန်ကျစရိတ် ဖြစ်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့်   ကျောင်းသားတစ်ဦးသည် ပညာသင်ဆုရပါမှ မိဘအုပ်ထိန်းသူ နှင့် ကျောင်းသားနှစ်ဦးစလုံးအတွက် အကျိုးရှိစေမည့် ငွေကြေးအကူအညီဖြင့် ပံ့ပိုးပေးနိုင်မည်​​ဖြစ်သည်။   (ခ)ကျော

ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်းဖွင့်လှစ်ခြင်း

 - ပညာရေး၊ လေ့ကျင့်ရေးနှင့် လူမူ့ဖွံဖြိုးတိုးတက်ရေးစင်တာ(TEC Myanmar)မှ ကြီးမှူးဖွင့်လှစ်သော "ဆေးဝါးကျွမ်းကျင် အကူ ပညာဒါန သင်တန်း" ဖွင့်ပွဲအား ယမန်နေ့ (11-12-2021)ရက် နံနက် ၉နာရီအချိန်ခန့်က ကျင်းပရာ စင်တာ၏ ဦးစီးနာယက၊ နာယကကြီးများ၊အမူ့ဆောင် အဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများနှင့် သင်တန်းဆရာများ၊ သင်တန်းသား/သူ များတက်ရောက်ကြပါသည်။ - အဆိုပါ ဖွင့်ပွဲတွင် စင်တာ၏ ဥက္ကဌ ဆရာဂျက်ဖရီ တင်အုန်းမှ အဖွင့်အမှာ စကားပြောကြားပြီး၊ ဦးစီးနာယက ဟာဂျီဦးမြင့်နိုင်နှင့် နာယကကြီး ပါမောက္ခ ဒေါက်တာစိုးနိုင်(ဌာနမှူး/ မြန်မာစာဌာန၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်) တို့မှ အသီးသီး အမှာစကားပြောကြားကြပါသည်။  - ဆက်လက်၍ သင်တန်းဆရာများကိုယ်စား ဒေါက်တာ ကျော်မင်းထွန်း နှင့် ဆရာဦး​ဇေယျာမိုးဦးတို့မှ မိတ်ဆက်စကား ပြောကြားကြပြီး သင်တန်းဆရာ ဆရာမများက ဆေးဝါး ပညာရပ်များအား ပို့ချပေးခဲ့ကြပါသည်။

@tecmyanmar, All rights reserved.