ရေကူးမယ် ဖလော်ရင့်(စ်) ချဒ်ဝစ်က မိုးကုပ် စက်ဝန်းကြီးကို မော့ကြည့်လိုက်တော့ မြူတွေထူထပ်စွာ ပိတ်လို့နေတယ်။ သူရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက လုံး၀ထုံနေပြီ။ မနားတမ်းရေကူးလာခဲ့တာ ၁၆နာရီ ကြာသွားပြီ။ သူရဲ့ ပန်းတိုင်က ကာတာလီနာကျွန်းကနေ ကာလီဖိုးနီးယား ပင်လယ်ကမ်းရိုးတန်း အရောက် ကူးရမှာတဲ့။ ဒီမနက်ကျမှ ပင်လယ်ရေကလည်း ရေခဲရေထည့်စိမ် နေသလားမှတ်တယ်။ မြူတွေကလည်း ထူလိုက်တာမှ အသက်ကယ်လှေတွေကိုတောင် မမြင်ရဘူး။ ငါးမန်းတွေက သူ့ဘက်ကို ကူးလာလို့ အော်တိုမက်တစ်ရိုင်ဖယ်နဲ့ လှမ်းပစ်ခဲ့ရသေးတယ်။ အင်မတန်ကို အေးတဲ့ရေထဲမှာ တစ်နာရီပြီး တစ်နာရီ သူ့ခမျာ ကြိုးစားခဲ့ရရှာတယ်။ သန်းချီနေတဲ့ ပရိတ်သတ်ထုကြီးကလည်း နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ရှု့စားနေကြလေရဲ့။ သူကူးနေတဲ့ ရေပြင်ရဲ့ အနီးက အသက်ကယ်လှေ တစ်စင်းပေါ်ကနေ သူ့မိခင်ကြီးရယ်၊ သူ့ကို ရေကူးလေ့ကျင့်ပေးတဲ့ ဆရာတို့က လိုက်ပြီး အားပေး စကားဆိုနေကြတယ်။ “ကမ်းစပ်ကို ရောက်ဖို့ သိပ်မဝေးတော့ဘူး ကြိုးစားထား သမီးတဲ့” ဒါပေမယ့် ဘယ်ဖက်ကိုကြည့်ကြည့် သူမြင်နေရတာက ထူထဲလှတဲ့ မြူတွေအုံ့ဆိုင်းနေတဲ့ မြင်ကွင်းချည်းပဲ။ သူတို့က “သမီးရေ အရှုံးမပေးနဲ့” လို့ အားပေးနေကြဆဲပဲ။ မိုင်ဝက်လောက် အလိုကျမှပဲ သူ့ကို ဆ...
Centre For Education ,Training and Community Development